KBZ Prepaid Card တွေသုံးရင်း ငွေကျပ်(၁၅)သိန်းအထိရယူနိုင်မယ့် ထပ်ဆင့်ကံစမ်း နှစ်ထပ်ကွမ်း အစီအစဉ်

နိုင်ငံတကာ Website များတွင် Online Shopping ထွက်တာပဲဖြစ်ဖြစ်၊ ပြည်ပခရီးစဉ်များအတွက် ဟိုတယ်ဘိုကင်တင်တာပဲဖြစ်ဖြစ်၊ နိုင်ငံတကာရှိ ကျောင်းများနှင့် တက္ကသိုလ် များ၏ ကျောင်းလခငွေပေးချေတာပဲဖြစ်ဖြစ်၊  ငွေပေးချေမှုတိုင်းအတွက် KBZ Prepaid Card တွေကို အသုံးပြုလိုက်တိုင်း ဆုငွေတွေ ကံထူးနိုင်မယ့် ထပ်ဆင့်ကံစမ်း နှစ်ထပ်ကွမ်း အစီအစဉ်ကြီး ရောက်ရှိလာပါပြီ။

🗓️ ပရိုမိုးရှင်းကာလ: ဩဂုတ်လ ၁ ရက် မှ အောက်တိုဘာလ ၃၁ ရက် ၂၀၂၆ ခုနှစ်အထိ

ပရိုမိုးရှင်းကာလအတွင်းမှာ မိမိရဲ့ KBZ Visa Prepaid Card (သို့) KBZ Mastercard Prepaid Card တွေကို အသုံးပြုပြီး နိုင်ငံတကာ ငွေပေးချေမှု စုစုပေါင်း USD 100 ဖိုး အသုံးပြုတိုင်း Lucky Draw ကံစမ်းခွင့် (၁) ကြိမ် ရရှိမှာဖြစ်ပါတယ်။

(ဥပမာ – စုစုပေါင်း USD 100 ဖိုးသုံးတိုင်း ကံစမ်းခွင့် (၁) ကြိမ်၊ USD 200 ဖိုးသုံးပါက ကံစမ်းခွင့် (၂) ကြိမ်၊ USD 300 ဖိုးသုံးပါက ကံစမ်းခွင့် (၃) ကြိမ် စသဖြင့် အသုံးပြုမှုများလေ ဆုကြီးတွေနဲ့ ပိုနီးစပ်လေပဲ ဖြစ်ပါတယ်။)

🎁 ကမ်ပိန်းကာလ (၃) လတာအတွင်း လစဉ်လတိုင်းမှာ ငွေကျပ် (၁) သိန်း ကံထူးရှင် (၅) ဦးစီကို မဲဖောက်ရွေးချယ်သွားမှာဖြစ်ပြီး ကံထူးရှင်တွေကို နောက်တစ်လ၏ လဆန်းရက် (၇)ရက်အတွင်းမှာကြေညာပေးသွားမှာပဲဖြစ်ပါတယ်။

🏆 ကမ်ပိန်း ပြီးဆုံးချိန်မှာတော့ (၃) လတာအတွင်း အများဆုံးအသုံးပြုခဲ့တဲ့ Cardholder တွေထဲကမှ ကံထူးရှင် (၁) ဦးကို ရွေးချယ်ပြီး ငွေကျပ် (၁၅) သိန်း ဆုကြီးကို ပေးအပ်ချီးမြှင့်သွားမှာပါ။

ဒါကြောင့် ငွေသားဆုကြီးတွေကို ကံစမ်းနိုင်ဖို့ နိင်ငံတကာ website တွေနဲ့ ပြည်ပငွေပေးချေမှုတိုင်းအတွက် အကောင်းဆုံးနဲ့ အလွယ်ကူဆုံးဖြစ်တဲ့ KBZ Prepaid Card တွေကို အခုပဲ အသုံးပြုလိုက်ကြစို့နော်။ 

စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များရှိပါသည်။