“စုငွေ ၅ သိန်းမှသည် ကံကောင်းခြင်းတို့ဆီ” အစီအစဉ်နဲ့အတူ ငွေပိုစုရင်း ဆုငွေများစွာ ကံစမ်းရယူလိုက်ပါ

ကမ္ဘောဇဘဏ်၏ KBZ Savings Account Customer များအတွက် ငွေပိုစုဆောင်းရင်း ဆုငွေများစွာကို ကံစမ်းရယူနိုင်မယ့် “စုငွေ ၅ သိန်းမှသည် ကံကောင်းခြင်းတို့ဆီ” အထူးအစီအစဉ်ကြီးကို ယူဆောင်လာပါပြီ။

ရှေ့လမှာရှိခဲ့တဲ့ အပ်ငွေပမာဏထက် ၅ သိန်းကျပ် ထပ်တိုးစုဆောင်းလိုက်ရုံနဲ့ ကံစမ်းခွင့်လက်မှတ်များ ရရှိပြီး ဆုငွေများစွာကို ကံစမ်းရယူနိုင်မှာဖြစ်ပါတယ်။

ဒီအစီအစဉ်မှာ ဘာကြောင့် ပါဝင်သင့်တာလဲ ဆိုရင်တော့

✔️ ငွေပိုစုဆောင်းရင်း ကံစမ်းခွင့်လက်မှတ်များ ရရှိနိုင်ခြင်း

✔️ တိုးစုသလောက် ကံစမ်းခွင့်အကြိမ်ရေ ပိုမိုရရှိနိုင်ခြင်း

✔️ ဆုငွေများစွာကို ကံစမ်းရယူနိုင်ခြင်း

ဒီအစီအစဉ်မှာ ပါဝင်ဖို့အတွက်

✦ ကမ္ဘောဇဘဏ်၏ Savings Account (Individual သို့မဟုတ် Joint Account) ရှိရန် လိုအပ်ပါသည်။

✦ Savings Account တွင် မည်သည့်ရက်မှာမဆို ရှေ့လ၏ ပျမ်းမျှအပ်ငွေပမာဏထက် ၅ သိန်းကျပ် (MMK 500,000) ထပ်တိုးစုဆောင်းလိုက်ရုံဖြင့် ကံစမ်းခွင့်လက်မှတ် (၁) စောင် ရရှိမည်ဖြစ်ပါသည်။

✦ တိုးလာသော အပ်ငွေပမာဏအလိုက် ကံစမ်းခွင့်များ ထပ်မံရရှိနိုင်ပြီး Customer တစ်ဦးလျှင် အများဆုံး ကံစမ်းခွင့် အကြိမ် ၁၅,၀၀၀ အထိ ရရှိနိုင်ပါသည်။ ဥပမာ – ၅ သိန်းကျပ် တိုးစုလျှင် (၁) ကြိမ်၊ ၁၀ သိန်းကျပ် တိုးစုလျှင် (၂) ကြိမ်၊ ၁၅ သိန်းကျပ် တိုးစုလျှင် (၃) ကြိမ် ကံစမ်းခွင့် ရရှိမည်ဖြစ်ပါသည်။

ရရှိနိုင်မယ့် ဆုလက်ဆောင်တွေကတော့ 

♥︎ ငွေသားဆု ၃ သိန်းကျပ် (၁) ဆု

♥︎ ငွေသားဆု ၂ သိန်းကျပ် (၁) ဆု

♥︎ ငွေသားဆု ၁ သိန်းကျပ် (၁) ဆု

♥︎ ငွေသားဆု ၅ သောင်းကျပ် (၈) ဆု

အစီအစဉ်အသေးစိတ်

✤ Campaign ကာလ – ဩဂုတ်လ ၁ ရက် ၂၀၂၆ ခုနှစ်မှ စက်တင်ဘာလ ၃၀ ရက် ၂၀၂၆ ခုနှစ်အထိ

✤ လစဉ် ကံထူးရှင်များကို နောက်လ၏ လဆန်းပိုင်းတွင် KBZ Bank Official Social Media Channels များမှ ကြေညာပေးသွားမည်ဖြစ်ပါသည်။

ပိုပြီး တိုးစုလေ၊ ဆုငွေတွေကို ကံစမ်းနိုင်မယ့် အခွင့်အရေးပိုများလေ ဖြစ်တာကြောင့် သတ်မှတ်ကာလအတွင်း အခုပဲ ငွေတိုးစုလိုက်ပြီး “စုငွေ ၅ သိန်းမှသည် ကံကောင်းခြင်းတို့ဆီ” အစီအစဉ်မှာ ပါဝင်ကံစမ်းလိုက်ပါ။