KBZ Card တွေနဲ့ဝယ်ယူပြီး (၁) သိန်းကျပ် Instant Cashback နဲ့အတူ ငွေကျပ်သိန်း (၂၀) ကံထူးနိုင်မယ့် အခွင့်အရေးကြီး

KBZ Debit Card နဲ့ KBZ Credit Card တွေကို အသုံးပြုပြီး Dyson by iSure ရဲ့ နည်းပညာမြင့် Lifestyle Product တွေကို ဝယ်ယူမယ်ဆိုပါက ချက်ချင်းရရှိနိုင်မယ့် (၁)သိန်းကျပ် Cashback နဲ့အတူ ကျပ်သိန်း (၂၀) အထိ ကံထူးနိုင်မယ့် Lucky Draw အစီအစဉ်ကြီး ရှိနေပါပြီ။

ဒီပရိုမိုးရှင်း အစီအစဉ်ကိုတော့ KBZ Bank နဲ့ Dyson by iSure တို့ ပူးပေါင်းပြီး ဇူလိုင်လ ၁ ရက်မှ ဩဂုတ်လ ၃၁ ရက် ၂၀၂၆ ခုနှစ်အထိ (၂)လတိုင်တိုင် ကျင်းပပြုလုပ်ပေးသွားမှာပဲ ဖြစ်ပါတယ်။

KBZ Card တွေကို အသုံးပြုပြီး 

  1. Dyson by iSure @ Junction City Yangon
  2. iSure@ Time City Yangon
  3. iSure@ Mandalay

 ဆိုင်တွေမှာ Dyson Devices  တွေကို ဝယ်ယူရုံနဲ့…

🎁 (၁၀၀,၀၀၀) ကျပ် Cashback ကို ချက်ချင်းလက်ငင်းပြန်လည်ရရှိမှာဖြစ်သလို

🎁 (၁၅) သိန်းကျပ်နှင့်အထက် ဝယ်ယူမယ်ဆိုပါက အထူးဆုကြီး ငွေကျပ်သိန်း (၂၀) အပြင် နှစ်သိမ့်ဆု (၁) သိန်းကျပ် (၅)ဆုကို ကံထူးနိုင်မယ့် Lucky Draw အစီအစဉ်မှာ ပါဝင်ကံစမ်းခွင့် ရရှိမှာဖြစ်ပါတယ်။

🎫 KBZ Card များနှင့်အနည်းဆုံးငွေကျပ် (၁၅) သိန်းသုံးတိုင်းမှာ Lucky Draw ကံစမ်းခွင့် (၁) ကြိမ်ရရှိမှာဖြစ်ပြီး (၅) သိန်းကျပ် ပိုမိုဝယ်ယူတိုင်းမှာ Lucky Draw ကံစမ်းခွင့် (၁) ကြိမ်စီ ပိုမိုရရှိမှာပဲဖြစ်ပါတယ်။

(ဥပမာ – ငွေကျပ် (၁၅) သိန်းဖိုး ဝယ်ယူပါက Lucky Draw ကံစမ်းခွင့် (၁) ကြိမ်၊ ငွေကျပ်သိန်း (၂၀) ဖိုး ဝယ်ယူပါက Lucky Draw ကံစမ်းခွင့် (၂) ကြိမ်၊ ငွေကျပ် (၂၅) သိန်းဖိုး ဝယ်ယူပါက Lucky Draw ကံစမ်းခွင့် (၃)ကြိမ် အစရှိသဖြင့် ရရှိနိုင်ပါတယ်)

💳 ဒါ့အပြင် KBZ Credit Card ဖြင့် ဝယ်ယူအားပေးသော Customer များအနေဖြင့် Smart Deal (IPP) အရစ်ကျအစီအစဉ်ကို လျှောက်ထားပါက ပြန်လည်ပေးဆပ်ရမည့်ကာလကို (၃) လ၊ (၆) လ၊ (၉) လ သို့မဟုတ် (၁၂) လအထိ မိမိစိတ်ကြိုက် ရွေးချယ်နိုင်မှာ ဖြစ်ပြီး အထူးအစီအစဉ်အနေနဲ့ (၃) လ သို့မဟုတ် (၆) လကို ရွေးချယ်ပါက အတိုးပေးစရာမလိုဘဲ 0% Interest နဲ့ ခံစားခွင့်ရရှိမှာဖြစ်လို့ ဝယ်ယူရတာ ပိုပြီးစမတ်ကျစေမှာပါ။ 

ဒါကြောင့် လူကြီးမင်းတို့စိတ်ကြိုက် Dyson Device များကို အခုပဲ KBZ Card တွေနဲ့ အမြန်ဆုံး သွားရောက်ဝယ်ယူပြီး အထူးအခွင့်အရေးများကို ရယူလိုက်ပါ။

စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များရှိပါသည်။ 

အသေးစိတ်သိရှိရန် – https://bit.ly/4oUthvY