ပြည်ပခရီးစဉ်တွေသွားတဲ့အခါဖြစ်စေ၊ နိုင်ငံတကာ Website တွေမှာ Online Shopping ဝယ်တဲ့အခါဖြစ်စေ KBZ MPU-UnionPay Card နဲ့ ငွေပေးချေပြီး Cash Rebate တွေ ရယူနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။
ဇူလိုင်လ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက် ၂၀၂၆ ခုနှစ်အထိ ပြည်ပနိုင်ငံများရှိ UnionPay Network နှင့် ချိတ်ဆက်ထားသော POS စက်များ (သို့မဟုတ်) Online Merchant များတွင် တစ်ကြိမ်လျှင် အနည်းဆုံး ၃၅၀ ယွမ် နှင့်ညီမျှသော ငွေပမာဏ နှင့်အထက် အသုံးပြုပြီးအောင်မြင်စွာငွေပေးချေပါက…
✅ KBZ MPU-UnionPay Asia Prestige Diamond Debit Card အသုံးပြုသူများအတွက် – ၂%
✅ KBZ MPU-UnionPay Platinum Credit Card အသုံးပြုသူများအတွက် – ၁.၅%
✅ KBZ MPU-UnionPay Classic Credit Card အသုံးပြုသူများအတွက် – ၁% Cash Rebate တို့ကို ပြန်လည်ရရှိနိုင်မှာ ဖြစ်ပါတယ်။
– အစီအစဥ်ကာလအတွင်း ကတ်တစ်ကတ်လျှင် အများဆုံး ပြန်အမ်းငွေ ယွမ် ၁၀၀ နှင့်ညီမျှသောငွေပမာဏကို ရယူနိုင်မည် ဖြစ်ပါသည်။
-ပြန်အမ်းငွေများကို လစဥ်လကုန်ပြီး (၅) ရက်မြောက်နေ့တိုင်းတွင် လူကြီးမင်းတို့၏ သက်ဆိုင်ရာ အကောင့်များထဲသို့ ပြန်လည်ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။
-ပြန်အမ်းငွေများကို အရေအတွက် ကန့်သတ်ထားပါသဖြင့် ဦးရာလူစနစ် (first come, first served) ဖြင့် ပေးအပ်သွားမည် ဖြစ်ပါသည်။
ဒါကြောင့် ပြည်ပမှာ POS စက် မှတစ်ဆင့် ငွေပေးချေတာပဲဖြစ်ဖြစ်၊ နိုင်ငံတကာ Website တွေမှာ စျေးဝယ်တာပဲဖြစ်ဖြစ် Cash Rebate တွေပြန်လည်ရယူနိုင်ဖို့ KBZ MPU-UnionPay Card တွေကို မမေ့မလျော့ အသုံးပြုလိုက်ပါနော်။
စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ ရှိပါသည်။
