“Grand Hantha International Hospital မှာ Medical Check-up လုပ်ပြီး Special Promotion  40% Off နှင့်အတူ  ငွေသားဆု ၂၀၀,၀၀၀ ကျပ်နဲ့ ဗလာမပါဆုမဲပေါင်းများစွာ ရယူလိုက်ပါ” အစီအစဥ်၏ စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ

၁။     “Grand Hantha International Hospital မှာ Medical Check-up လုပ်ပြီး Special Promotion 40% Off နှင့်အတူ ငွေသားဆု ၂၀၀,၀၀၀ ကျပ်နဲ့ ဗလာမပါဆုမဲပေါင်းများစွာ ရယူလိုက်ပါ (“အစီအစဥ်”) အစီအစဥ်ကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ၊ (၅) ရက်နေ့ မှ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ၊ (၇) ရက်နေ့  အထိ Grand Hantha International Hospital ၏ 7th Anniversary Celebration Event တွင် (၃) ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည် (“အစီအစဥ်ကာလ”)။

၂။ ဤအစီအစဥ်ကာလတွင် ပါဝင်ရန် အသုံးပြုနိုင်သော KBZ Bank Debit Cards နှင့် Credit Cards များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။                                                                                            

                         Debit Cards                     Credit Cards
1.  MPU-UnionPay Asia Prestige Diamond     Debit Card1.  Visa Credit Cards (Classic, Platinum)
2.  MPU Debit Card2.  MPU-UnionPay Credit Cards (Classic, Platinum)
3.  MPU Teen Debit Card3.  MPU Credit Cards (Classic, Gold, Platinum)
4.  MPU Business Debit Card

၃။ ဤအစီအစဉ်ကာလအတွင်း အပိုဒ် (၂) တွင် ဖော်ပြထားသော KBZ Bank Debit Card နှင့် Credit Card ကိုင်ဆောင်သူများသည် Grand Hantha International Hospital တွင် Medical Checkup Package များဝယ်ယူပြီး KBZ POS စက်များတွင် ငွေပေးချေမှု အောင်မြင်စွာ ပြုလုပ်ပါက ဗလာမပါ Lucky Draw အစီအစဉ်တွင် ပါဝင်ခွင့်ရရှိပြီး ငွေသားဆုများနှင့် အခြားဆုလက်ဆောင်များ ကံစမ်းနိုင်စေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ပါသည်။  

၃.၁။     ဤအစီအစဉ်ကာလအတွင်း Grand Hantha International Hospital ၏ Anniversary Special Promotion 40% off  Medical Check-up Package များကို အပိုဒ် (၂) တွင် ဖော်ပြထားသော KBZ ကတ်များနှင့် ဝယ်ယူပြီး အနည်းဆုံး ငွေပမာဏ ငါးသိန်း (၅၀၀,၀၀၀) ကျပ်မှ ဆယ်သိန်း (၁,၀၀၀,၀၀၀) ကျပ်အထိ အသုံးပြုသူများအတွက် အောက်ပါ ဗလာမပါ ကံစမ်းမဲဆုလက်ဆောင်များ အား Lucky Draw ကံစမ်းခွင့် (၁) ကြိမ် ရရှိမည်ဖြစ်သည်။ ကတ်တစ်ကတ်လျှင် တစ်နေ့ကို ကံစမ်းခွင့် အများဆုံး (၃) ကြိမ် ရရှိမည် ဖြစ်ပါသည်။

  • Jacket
  • Umbrella
  • Water Bottle   
  • Mini Jute Bag
  • Tote Bag
  • Notebook အစရှိသည်တို့ကို  KBZ Bank အမှတ်တံဆိပ်ပါ အမှတ်တရလက်ဆောင်များအဖြစ် မဲဖောက်ပေးသွားမည်ဖြစ်ပါသည်။

၃.၂။  ဤအစီအစဉ်ကာလအတွင်း Grand Hantha International Hospital ၏ Anniversary Special Promotion 40% off Medical Check-up Package များကို KBZ ကတ်များနှင့် ဝယ်ယူပြီး အနည်းဆုံး ဆယ်သိန်း (၁,၀၀၀,၀၀၀) ကျပ်အထက်အသုံးပြုသူများအတွက် အောက်ပါ ဗလာမပါ ကံစမ်းမဲဆုလက်ဆောင်များအား Lucky Draw ကံစမ်းခွင့် (၁) ကြိမ် ရရှိမည်ဖြစ်သည်။ ကတ်တစ်ကတ်လျှင် တစ်နေ့ကို ကံစမ်းခွင့် အများဆုံး (၃) ကြိမ် ရရှိမည် ဖြစ်ပါသည်။

  • နှစ်သိန်း (၂၀၀,၀၀၀) ကျပ်   ပြန်အမ်းငွေ
  • တစ်သိန်း (၁၀၀,၀၀၀) ကျပ် ပြန်အမ်းငွေ
  • သုံးသောင်း (၃၀,၀၀၀) ကျပ်  ပြန်အမ်းငွေ
  • နှစ်သောင်း (၂၀,၀၀၀) ကျပ် ပြန်အမ်းငွေ
  • ငွေကျပ် ငါးသောင်း (၅၀,၀၀၀) ကျော်တန်ဖိုးရှိ Silver Gift Set လက်ဆောင်နှင့်
  • ငါးသောင်း (၅၀,၀၀၀) ကျပ် တန်ဖိုးရှိ Food Coupons တို့ဖြစ်ပါသည်။

၃.၃။  KBZ Credit Card ကိုင်ဆောင်သူများအတွက် ဤအစီအစဥ်ကာလအတွင်း KBZ Credit Card များနှင့် Medical Check-up Package ဝယ်ယူမှုများကို  Smart Deal (IPP) အဖြစ်ပြောင်းလဲအသုံးပြုမည်ဆိုပါက အထူးအစီအစဥ်အနေနှင့် အတိုးနှုန်း 0% ဖြင့် (၃) လမှ (၆) လ အထိ အရစ်ကျစနစ်ဖြင့်ရရှိမှာဖြစ်ပြီး (၉) လ သို့မဟုတ် (၁၂) လအထိ အရစ်ကျအဖြစ် ရွေးချယ်လျှောက်ထားမည်ဆိုပါက သက်သာသော အတိုးနှုန်း တစ်လလျှင် (၁%) ဖြင့် လျှောက်ထားရရှိနိုင်မည်ဖြစ်ပါသည်။

၄။ ဤအစီအစဥ်တွင် အမှတ်တရလက်ဆောင်ဆု၊ Gift Set လက်ဆောင်နှင့် Food Coupons  ကံထူးရှင်များကို ဆုလက်ဆောင်များအား ချက်ချင်းပေးအပ် သွားမည်ဖြစ်ပြီး ငွေသားဆုကံထူးရှင်များ၏ ငွေသားဆုများကို အစီအစဥ်ကာလ ပြီးဆုံးပြီးနောက် ရုံးဖွင့်ရက် (၇) ရက်အတွင်းတွင် ၄င်းတို့၏ Debit Card နှင့် ချိတ်ဆက်ထားသော သက်ဆိုင်ရာ ဘဏ်အကောင့် ထဲသို့လည်းကောင်း၊ KBZ Bank Credit Card ကိုင်ဆောင်သူကံထူးရှင်များအတွက် အဆိုပါ Credit Card အကောင့်ထဲသို့လည်းကောင်း ငွေသားဆုများကို တိုက်ရိုက် ထည့်သွင်းပေးသွားမည် ဖြစ်ပါသည်။ ငွေသားဆုများအား ထည့်သွင်းပြီးပါက ငွေသားဆုရရှိသူများ ထံသို့ KBZ Bank မှ SMS နှင့် Email မှတဆင့် ပေးပို့ အကြောင်းကြား သွားမည်ဖြစ်ပါသည်။ အစိုးရရုံး ပိတ်ရက်များ (သို့မဟုတ်) KBZ Bank မှထိန်းချုပ်၍ မရနိုင်သော အခြေအနေများတွင် ငွေသားဆုများအား ထည့်သွင်းပေးမည့် အချိန်သည် အပြောင်းအလဲ ရှိနိုင်ပါ သည်။ Food Coupons တွင် ကံထူးရှင်မျာသည် ယင်း Coupons ပေါ် တွင် သတ်မှတ်ဖော်ပြချက်များအတိုင်း အသုံးပြုနိုင်မည်ဖြစ်သည်။

၅။ ဤအစီအစဉ်မှ ရရှိသော ဆုလက်ဆောင်များအား လဲလှယ်ခြင်း၊ လွှဲပြောင်းပေးအပ်ခြင်း၊ လွှဲအပ်ခြင်း သို့မဟုတ် ငွေကြေးအဖြစ် ပြောင်းလဲခြင်းတို့ ပြုလုပ်ခွင့် ရရှိမည် မဟုတ်ပါ။ 

၆။ ဤ အစီအစဉ် မှ Lucky Draw ကံထူးရှင်များသည် ၎င်းတို့၏ KBZ Bank Credit Card များကို ပိတ်သိမ်းရန် လျှောက်လွှာတင်ထားသူများမဖြစ်ရပါ။ Lucky Draw ကံထူးရှင်များ၏ Credit Card သည် System Active ဖြစ်နေပြီး အစီအစဉ် ကာလမတိုင်မီ ရှေ့ (၃) လအတွင်း အကြွေးပြန်လည်ပေးဆပ်ခြင်း ပျက်ကွက်မှုမရှိသော Non-Delinquent Users ဖြစ်မှသာလျှင် Lucky Draw ဆုများအား ရရှိခံစားနိုင် မည်ဖြစ်ပါသည်။ 

၇။ အစိုးရရုံး ပိတ်ရက်များ (သို့မဟုတ်) KBZ Bank မှထိန်းချုပ်၍မရနိုင်သော အခြေအနေများတွင် ကံထူးရှင်များ၏ငွေသားဆုငွေများအား ထည့်သွင်းပေးမည့်အချိန်သည် အပြောင်းအလဲ ရှိနိုင်ပါသည်။

၈။ KBZ Bank ဝန်ထမ်းများသည် အစီအစဥ်တွင် ပါဝင်သူများအား ဆက်သွယ်ပြီး ၎င်းတို့၏ ကိုယ်ရေး အချက်အလက်များ၊OTP (သို့မဟုတ်) PIN  နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကို မျှ တောင်းခံမည်မဟုတ်ပါ။

၉။ ဤအစီအစဥ်ကာလအတွင်းသာလျှင်  KBZ Bank Debit Cards နှင့် KBZ Bank Credit Cards ကိုင်ဆောင်သူများအနေဖြင့် ဤစည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည် ဖြစ်ပြီး ဤအစီအစဥ်ကာလ ကုန်ဆုံးသည်နှင့်တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည် ဖြစ်ပါ သည်။

၁၀။ ဤအစီအစဥ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ် ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZ Bank က ပယ်ဖျက်ခြင်း နှင့် သို့မဟုတ် ပိတ်ပင်ခြင်း ပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၁။  ဤအစီအစဥ်နှင့်ပတ်သက်၍ KBZ Bank  ကတ်ကိုင်ဆောင်သူများ နှင့် KBZ Bank တို့အကြား အငြင်းပွား မှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZ Bank ၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ KBZ Bank ကတ်ကိုင်ဆောင်သူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက် နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

၁၂။   KBZ Bank သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေး အကြောင်းကြား နိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို ပြင်ဆင် ပြောင်းလဲ ခြင်း၊ ရပ်စဲခြင်း နှင့် (သို့မဟုတ်) အစီအစဥ်အားပယ်ဖျက်ခွင့် နှင့် အစီအစဉ်နှင့်ပတ်သက်သော အကျိုး ခံစားခွင့် (သို့မဟုတ်) သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့် (သို့မဟုတ်) ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။

၁၃။   KBZ Bank အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤအစီအစဉ်အားပယ်ဖျက်ခြင်း ၊ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZ Bank ကတ်ကိုင်ဆောင်သူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘော တူပါသည်။

၁၄။   Grand Hantha International Hospital ၏ စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအပြင် KBZ Bank Card နှင့် သက်ဆိုင်သော ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များ လည်း အကျုံးဝင် စေရမည်။

၁၅။   ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ဥပဒေများ က လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီ အဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၆။   KBZ Bank သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ (သို့မဟုတ်) KBZ Bank အနေဖြင့် ထိန်းချုပ် ၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့် ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့် ရှိပါသည်။မမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ်ကာလအတွင်း KBZ Bank မှ ဤစည်းမျဉ်း စည်းကမ်းသတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်း ရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း (သို့မဟုတ်) နှောင့်နှေးခြင်းများအတွက် KBZ Bank အနေဖြင့် KBZ Bank ကတ်ကိုင်ဆောင် သူအပေါ်တွင်ဖြစ်စေ (သို့မဟုတ်) အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦး အပေါ်တွင်ဖြစ်စေ တာဝန်ရှိစေခြင်း (သို့မဟုတ်) ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုး ဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်း မရှိစေ ရပါ။

၁၇။   ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသား ထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာ နှင့် မြန်မာ ဘာသာနှစ်မျိုးဖြင့် ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှုတစ်စုံတစ်ရာရှိလျှင် မြန်မာဘာသာဖြင့်ရေး သားထားသည့်စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင်အတည်ယူမည် ဖြစ်သည်။