၃၂ နှစ်ပြည့်မှသည် ပိုမိုတိုးတက်ကောင်းမွန်သော အနာဂတ်ဆီ

စီးပွားရေးလုပ်ငန်းငယ်လေးတွေမှစလို့ ကော်ပိုရိတ်လုပ်ငန်းကြီးတွေအထိ မိသားစုတွေရဲ့ အိပ်မက်တွေကို ပံ့ပိုးပေးရင်း၊ ကမ္ဘောဇဘဏ်ဟာ မြန်မာနိုင်ငံသူ နိုင်ငံသားတွေနဲ့အတူ တစ်လှမ်းချင်းစီ ရှေ့ဆက်လျှောက်လှမ်းလာခဲ့တာ အခုဆိုရင် ဂုဏ်ယူစရာ (၃၂) နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီခရီးလမ်းတစ်လျှောက်မှာလည်း ကမ္ဘောဇဘဏ်ဟာ မေတ္တာ၊ သတ္တိနဲ့ ဝီရိယ ဆိုတဲ့ စံတန်ဖိုးတွေကို လက်ကိုင်ထားရင်း ဘဏ်လုပ်ငန်းဝန်ဆောင်မှုများမှတစ်ဆင့် လူမှုဘဝတွေကို မြှင့်တင်ပေးနိုင်ဖို့နဲ့ မြန်မာနိုင်ငံရဲ့ ၁၀၀% Financial Inclusion ကို အကောင်အထည်ဖော်နိုင်ဖို့ အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။

အခုလို ၃၂ နှစ်တိုင် မြန်မာ့ဦးဆောင်ဘဏ်တစ်ခုအဖြစ် ခိုင်မာစွာ ရပ်တည်နိုင်ခဲ့တာဟာ ကမ္ဘောဇဘဏ်တစ်ခုတည်းရဲ့ အောင်မြင်မှုမဟုတ်ဘဲ Customer များ၊ မိတ်ဖက်လုပ်ငန်းရှင်များနဲ့ ခရီးလမ်းတိုင်းမှာ အစဉ်အမြဲ ကြိုးစားအားထုတ်ပေးကြတဲ့ ဝန်ထမ်းများအားလုံးရဲ့ ယုံကြည်မှု၊ ပံ့ပိုးမှုတွေရဲ့ ရလဒ်ပဲ ဖြစ်ပါတယ်။

ဒါကြောင့် ၃၂ နှစ်တာကာလတစ်လျှောက် ကမ္ဘောဇဘဏ်နဲ့အတူ ယုံယုံကြည်ကြည် လက်တွဲလာကြတဲ့ Customer များ၊ မိတ်ဖက်လုပ်ငန်းရှင်များနဲ့ ဝန်ထမ်းများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါတယ်။

ရှေ့ဆက်မယ့် ခရီးလမ်းမှာလည်း ကမ္ဘောဇဘဏ်ဟာ အားလုံးရဲ့ ယုံကြည်မှုကို အလေးထားပြီး ပိုမိုကောင်းမွန်တဲ့ ဘဏ်ဝန်ဆောင်မှုများ၊ ပိုမိုကျယ်ပြန့်တဲ့ ဘဏ္ဍာရေးအခွင့်အလမ်းများနဲ့အတူ မြန်မာနိုင်ငံသူ နိုင်ငံသားများအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို အတူတကွ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။

ကမ္ဘောဇဘဏ်ရဲ့ ၃၂ နှစ်တာ ခရီးလမ်းတစ်လျှောက်မှာ အမြဲအတူရှိပေးကြတဲ့အတွက် အားလုံးကို အထူးကျေးဇူးတင်ရှိရသလို ပိုကောင်းတဲ့ အနာဂတ်အတွက် အတူလက်တွဲလျှောက်လှမ်းကြဖို့လည်း ဖိတ်ခေါ်လိုက်ရပါတယ်။

#KBZBank

#KBZ32Years

#32YearsOfTrust

#GrowingTogether

#MettaThetTiVirya

#FinancialInclusion

#BuildingMyanmarTogether