“Dyson by iSure မှာ KBZ Card တွေနဲ့ဝယ်ယူတိုင်း (၁) သိန်းကျပ် Instant Cashback နဲ့အတူ ငွေကျပ်သိန်း (၂၀) ကံထူးနိုင်မယ့် အခွင့်အရေးကြီး ”  Campaign ၏ စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ

၁။ “Dyson by iSure မှာ KBZ Card တွေနဲ့ဝယ်ယူတိုင်း (၁) သိန်းကျပ် Instant Cashback နဲ့အတူ ငွေကျပ်သိန်း (၂၀) ကံထူးနိုင်မယ့် အခွင့်အရေးကြီး Campaign ကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့ မှ ၂၀၂၆ ခုနှစ်၊ သြဂုတ်လ (၃၁) ရက်နေ့  အထိ (၂)လ တိုင်တိုင် ကျင်းပသွားမည် ဖြစ်ပါသည်(“Campaign ကာလ”)။

၂။ ဤ Campaign ကာလအတွင်း KBZ Debit Card နှင့် Credit Card များဖြင့် Dyson by iSure_Junction City, iSure_Times City, iSure_Mandalay ဆိုင်များတွင် Dyson Device များ ဝယ်ယူကာ KBZ POS များဖြင့် အောင်မြင်စွာ ငွေပေးချေမှုများ ပြုလုပ်ကာ Instant Cashback နှင့် Lucky Draw ဆုများကို ကံထူးခွင့်ရရှိမည့်အပြင် Smart Deal အတိုးမဲ့အရစ်ကျ အစီအစဉ်ဖြင့်လည်း အဆင်ပြေစွာ ဝယ်ယူနိုင်စေရန် ရည်ရွယ်၍ ဤ Campaign ကို ပြုလုပ်ခြင်းဖြစ်ပါသည်။ 

၃။ ဤ Campaign ကာလအတွင်း အသုံးပြုနိုင်သော KBZ Bank Debit Card နှင့် Credit Card များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ 

1.  MPU-UnionPay Asia Prestige Diamond
     Debit Card
1. Visa Credit Cards (Classic, Platinum)
2.  MPU Debit Card2. MPU-UnionPay Credit Cards (Classic, Platinum)
3.  MPU Teen Debit Card3. MPU Credit Cards (Classic, Gold, Platinum)
4.  MPU Business Debit Card

၄။ KBZ Bank Debit Card နှင့် Credit Card ကိုင်ဆောင်သူများအတွက် Instant Cashback နှင့် Lucky Draw  အစီအစဉ်

ဤ Campaign ကာလအတွင်း KBZ Bank Debit Card နှင့် Credit Card ကိုင်ဆောင်သူများသည် အပိုဒ် (၇) တွင် ဖော်ပြထားသော Dyson by iSure_Junction City, iSure_Times City, iSure_Mandalay ဆိုင်များ၌ Dyson Device များ ဝယ်ယူ၍ KBZ POS စက်များတွင် အောင်မြင်စွာ ငွေပေးချေမှုပြုလုပ်ပါက Cashback တစ်သိန်း (၁၀၀,၀၀၀) ကျပ်ကို ချက်ချင်းရရှိမည်ဖြစ်ပါသည်။ ထို့ပြင် ငွေပမာဏ တစ်ဆယ့်ငါးသိန်း (၁,၅၀၀,၀၀၀) နှင့်အထက် အောင်မြင်စွာ ငွေပေးချေမှုပြုလုပ်သော ကတ်ကိုင်ဆောင်သူများ အနေဖြင့် အဆိုပါ Cashback ကို ချက်ချင်းရရှိမည့်အပြင် Lucky Draw ကံစမ်းခွင့် (၁) ကြိမ်ကိုပါ အလိုအလျောက် ရရှိမည်ဖြစ်ပြီး၊ တစ်ဆယ့်ငါးသိန်း (၁,၅၀၀,၀၀၀) ပြည့်ပြီးနောက် ငါးသိန်း (၅၀၀,၀၀၀) ကျပ် ပိုမိုသုံးစွဲမှုတိုင်းအတွက် Lucky Draw ကံစမ်းခွင့် (၁) ကြိမ်စီ ထပ်မံရရှိမည် ဖြစ်ပါသည်။ 

(ဥပမာ – ငွေကျပ် (၁၅) သိန်း သုံးစွဲပါက Lucky Draw ကံစမ်းခွင့်(၁) ကြိမ်၊ ငွေကျပ်သိန်း (၂၀) သုံးစွဲပါက Lucky Draw ကံစမ်းခွင့် (၂) ကြိမ်၊ ငွေကျပ် (၂၅) သိန်း သုံးစွဲပါက Lucky Draw ကံစမ်းခွင့် (၃)ကြိမ် ရရှိမည် ဖြစ်ပါသည်။)  KBZ Bank Debit Card နှင့် Credit Card များဖြင့် အသုံးပြုမှု ပမာဏ များ လေလေ အမြင့်ဆုံးငွေသားဆု သိန်းနှစ်ဆယ် (၂,၀၀၀,၀၀၀) ကျပ် ကံထူးနိုင်မည့် အခွင့်အရေး ပိုမိုများပြားလေ ဖြစ်ပါသည်။

Lucky Draw အစီအစဉ်တွင် ပါဝင်သော ငွေသားဆုများမှာ-

  • Grand Prize – ကျပ် သိန်းနှစ်ဆယ် (၂,၀၀၀,၀၀၀)ဆု – (၁) ဆု
  • Consolation Prizes – တစ်သိန်း (၁၀၀,၀၀၀) ကျပ်ဆု – (၅) ဆု တို့ဖြစ်ပါသည်။

၅။   KBZ Bank Credit Card ကိုင်ဆောင်သူများအတွက် အတိုးမဲ့အရစ်ကျ ဝယ်ယူနိုင်မည့် အခွင့်အရေး 

ဤ Campaign ကာလအတွင်း Dyson by iSure_Junction City, iSure_Times City, iSure_Mandalay ဆိုင်များ၌ Dyson Device များ ဝယ်ယူ၍ KBZ POS တွင် အောင်မြင်စွာ ငွေပေးချေထားသော KBZ Bank Credit Card Transaction များကို Smart Deal (IPP)  အရစ်ကျအစီအစဥ်သို့  0% အတိုးနှုန်းဖြင့်  ပြောင်းလဲလျှောက်ထား နိုင်မှာ ဖြစ်ပြီး ကတ်ကိုင်ဆောင်သူများ အနေဖြင့် အရစ်ကျပြန်လည်ပေးဆပ်မည့် ကာလကို (၃) လ သို့မဟုတ် (၆) လ အထိရွေးချယ်နိုင်ပါသည်။ 

၆။ ဤ Campaign တွင် KBZ ကတ်ကိုင်ဆောင်သူများသည် Dyson Device များဝယ်ယူပြီး ငွေပေး‌ချေရာတွင် KBZ Debit (သို့) Credit ကတ်တစ်ကတ်တည်းဖြင့်ဖြစ်စေ အပိုဒ် (၃) တွင် ဖော်ပြထားသော ကတ်များကို စုပေါင်းအသုံးပြု၍ဖြစ်စေ ငွေပေးချေနိုင်ပါသည်။ 

၇။ ဤ Campaign တွင်ပါဝင်ရန်  Dyson Device များ ဝယ်ယူရရှိနိုင်သော ဆိုင်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

NoParticipating Store NameAddresses
1Dyson by iSure_Junction City01-C002, Ground Floor, Junction City, Corner of Bogyoke Aung San Road and Shwedagon Pagoda Road, Pabedan Township, Yangon.
2iSure_Times CityRoom No. A209 (level 2), Times Mall, Times City Complex.
3iSure_MandalayG(3/4), 78th Street, Between 30th & 31st Street, Mandalay.

၈။ ဤ Campaign ကာလပြီးဆုံးပြီးနောက် ရုံးဖွင့်ရက် (၅) ရက်အတွင်း Lucky Draw ကံထူးရှင်များကို Dyson by iSure Facebook Page တွင် တိုက်ရိုက်ထုတ်လွှင့်မှု (Live) ဖြင့် ရွေးချယ်ပေးသွားမည်ဖြစ်ပါသည်။ ကံထူးရှင်များအား ရွေးချယ်ပြီးနောက် ရုံးဖွင့်ရက် (၇) ရက်အတွင်း KBZ Bank Debit Card ကိုင်ဆောင်သူကံထူးရှင်များအတွက် အဆိုပါ Debit Card နှင့် ချိတ်ဆက်ထားသော သက်ဆိုင်ရာ ဘဏ်အကောင့် ထဲသို့လည်းကောင်း၊ KBZ Bank Credit Card ကိုင်ဆောင်သူကံထူးရှင်များအတွက် အဆိုပါ Credit Card အကောင့်ထဲသို့လည်းကောင်း ငွေသားဆုများကို ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။ ငွေသားဆုများအား ထည့်သွင်းပြီးပါက ငွေသားဆုရရှိသူများထံသို့ KBZ Bank မှ SMS နှင့် Email မှတဆင့် ပေးပို့အကြောင်းကြား သွားမည် ဖြစ်ပါသည်။ အစိုးရရုံး ပိတ်ရက်များ (သို့မဟုတ်) KBZ Bank မှထိန်းချုပ်၍မရနိုင်သော အခြေအနေများတွင် ငွေသားဆုများအား ထည့်သွင်းပေးမည့် အချိန်သည် အပြောင်းအလဲ ရှိနိုင်ပါသည်။

၉။ ဤ Campaign မှ Lucky Draw ကံထူးရှင်များသည် ၎င်းတို့၏ KBZ Bank Credit Card များကို ပိတ်သိမ်းရန် လျှောက်လွှာတင်ထားသူများမဖြစ်ရပါ။ Lucky Draw ကံထူးရှင်များ၏ Credit Card သည် System Active ဖြစ်နေပြီး Campaign ကာလမတိုင်မီ ရှေ့ (၃) လအတွင်း အကြွေးပြန်လည်ပေးဆပ်ခြင်း ပျက်ကွက်မှုမရှိသော Non-Delinquent Users ဖြစ်မှသာလျှင်  Lucky Draw ဆု များအား ရရှိခံစားနိုင် မည်ဖြစ်ပါသည်။  

၁၀။ ဤ Campaign ၏ Lucky Draw ကံထူးရှင်များကို KBZ Bank Official Facebook Page  (အပြာရောင်အမှန်ခြစ်ပါသော) နှင့် KBZ Bank Official Website များတွင် ကံထူးရှင်များရွေးချယ်ပြီးနောက် ရုံးဖွင့်ရက် (၇)ရက်အတွင်း ကြေညာပေးမည် ဖြစ်ပါသည်။ KBZ Bank Facebook Page နှင့် Official Website များတွင် ကြေညာရန်အလို့ငှာ Lucky Draw ကံထူးရှင်များ၏ အမည်နှင့် ဖုန်းနံပါတ် (ဖုန်းနံပါတ်အပြည့်အစုံမဟုတ်ပါ) တို့အား KBZ Bank မှ အသုံးပြုနိုင်သည်ကို သိရှိပြီး သဘောတူပါသည်။

၁၁။ အစိုးရရုံး ပိတ်ရက်များ (သို့မဟုတ်) KBZ Bank မှထိန်းချုပ်၍မရနိုင်သော အခြေအနေများတွင်  Lucky Draw ကံထူးရှင်များအား ရွေးချယ်ပေးမည့် အချိန် နှင့် KBZ Bank Official Facebook Page (အပြာရောင်အမှန်ခြစ်ပါသော)နှင့် Official Website များတွင် ကြေညာမည့်အချိန်သည် အပြောင်းအလဲ ရှိနိုင်ပါသည်။

၁၂။ KBZ Bank ဝန်ထမ်းများသည် အစီအစဥ်တွင် ပါဝင်သူများအား ဆက်သွယ်ပြီး ၎င်းတို့၏ ကိုယ်ရေး အချက်အလက်များ၊OTP (သို့မဟုတ်) PIN  နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကို မျှ တောင်းခံမည်မဟုတ်ပါ။ 

၁၃။ ဤအစီအစဥ်ကာလအတွင်းသာလျှင် KBZ Debit Card နှင့်  Credit Card ကိုင်ဆောင်သူများ အနေဖြင့် ဤစည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကိုရရှိနိုင် မည်ဖြစ်ပြီး ဤ Campaign ကာလ ကုန်ဆုံးသည်နှင့်တပြိုင်နက် အဆိုပါအခွင့်အရေးများ လည်း ကုန်ဆုံး သွားမည်ဖြစ်ပါသည်။

၁၄။ ဤ Campaign အတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ် ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZ Bank က ပယ်ဖျက်ခြင်း နှင့် သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၅။ ဤ Campaign နှင့်ပတ်သက်၍ KBZ Debit Card နှင့် Credit Card ကိုင်ဆောင်သူများ နှင့် KBZ Bank တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZ Bank ၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ KBZ Bank Debit Card နှင့် Credit Card ကိုင်ဆောင်သူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက် နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်း ဆောင်ရွက် ပေးသွားမည်ဖြစ်သည်။

၁၆။ KBZ Bank သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့် (သို့မဟုတ်) Campaign အားပယ်ဖျက်ခွင့် နှင့် အစီအစဉ်နှင့်ပတ်သက်သော အကျိုး ခံစားခွင့် (သို့မဟုတ်) သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့် (သို့မဟုတ်) ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်တို့ အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။

၁၇။  KBZ Bank အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤအစီအစဉ်အားပယ်ဖျက်ခြင်း ၊ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZ Bank Debit Card နှင့် Credit Card ကိုင်ဆောင်သူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့် မရှိသည်ကို သိရှိသဘောတူပါသည်။

၁၈။  KBZ Bank Debit Card နှင့် Credit Card နှင့် သက်ဆိုင်သော ပုံမှန်စည်းမျဉ်းနှင့် စည်းကမ်း သတ်မှတ်ချက် များ နှင့် Dyson by isure ဆိုင်များ၏ စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များလည်း အကျုံးဝင် စေရမည်။

၁၉။     ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေများ ကလွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီ အဓိပ္ပါယ်ဖွင့်ဆိုရမည်။

၂၀။ KBZ Bank သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ (သို့မဟုတ်) KBZ Bank အနေဖြင့် ထိန်းချုပ် ၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့် ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့် ရှိပါသည်။မမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ်ကာလအတွင်း KBZ Bank မှ ဤစည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်း ရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း (သို့မဟုတ်) နှောင့်နှေးခြင်းများအတွက် KBZ Bank အနေဖြင့် KBZ Bank ကတ်ကိုင်ဆောင်သူအပေါ်တွင်ဖြစ်စေ (သို့မဟုတ်) အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦး အပေါ်တွင်ဖြစ်စေ တာဝန်ရှိစေခြင်း (သို့မဟုတ်) ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုး ဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်း မရှိစေရပါ။

၂၁။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေး သားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာ နှင့် မြန်မာဘာသာ နှစ်မျိုးဖြင့် ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှုတစ်စုံတစ်ရာရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့်စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင်အမှန်ယူမည်ဖြစ်သည်။