“KBZ Online Banking – KBZ မှ အခြားဘဏ်များသို့ ငွေလွှဲပါ Campaign  (၂၀၂၆ ခုနှစ်၊ ဇူလိုင်လ  (၁) ရက်နေ့မှ ၂၀၂၆ ခုနှစ်၊သြဂုတ်လ (၃၁) အထိ)”  စည်းမျဥ်းစည်းကမ်းနှင့် သတ်မှတ်ချက်များ

၁။ KBZ  Online Banking – KBZ မှ အခြားဘဏ်များသို့ ငွေလွှဲပါ Campaign ကာလသည် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ  (၁) ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ သြဂုတ်လ (၃၁) ရက်နေ့အထိသတ်မှတ်ထားပါသည် (“Campaign ကာလ”)။

၂။ ဤ Campaign ၏ ရည်ရွယ်ချက်မှာ KBZ Online Banking (mBanking/ iBanking) အကောင့်ဖွင့်ထားသော အသုံးပြုသူ အသစ်များ နှင့် လက်ရှိအသုံးပြုသူများမှ  ငွေလွှဲဝန်ဆောင်မှု များဖြစ်သည့်  အခြားပြည်တွင်းဘဏ်သို့ ငွေလွှဲရန် ၂၄/၇  သို့မဟုတ် အခြားပြည်တွင်းဘဏ်သို့ ငွေလွှဲရန် (ဘဏ်လုပ်ငန်းချိန်အတွင်း) တို့အား အသုံးပြုခြင်းကို ကျေးဇူးတုံ့ပြန်သောအားဖြင့် ငွေသားဆုလက်ဆောင်များ  တစ်လ ၁ ကြိမ် ခံစားခွင့်ရရှိစေရန်အတွက် ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်သည်။

၃။ ဤCampaign၌ သတ်မှတ်ထားသော  ကာလအတွင်း KBZ Online Banking မှတစ်ဆင့် အခြားပြည်တွင်းဘဏ်သို့ ငွေလွှဲရန် ၂၄/၇ သို့မဟုတ် အခြားပြည်တွင်းဘဏ်သို့ ငွေလွှဲရန် (ဘဏ်လုပ်ငန်းချိန်အတွင်း) ဝန်ဆောင်မှုအား အသုံးပြုသူအသစ်များ နှင့် လက်ရှိအသုံးပြုနေသူများအားလုံး အကျုံးဝင်ပါသည်။

၄။ ဤ Campaign ကာလအတွင်း KBZ Online Banking – KBZ မှတဆင့်  အခြားပြည်တွင်းဘဏ်သို့ ငွေလွှဲခြင်း  ၂၄/၇ သို့မဟုတ် အခြားပြည်တွင်းဘဏ်သို့ ငွေလွှဲခြင်း  (ဘဏ်လုပ်ငန်းချိန်အတွင်းငွေလွှဲခြင်း)ဝန်ဆောင်မှုအား အသုံးပြုသူများအားလုံးထဲမှ တစ်လလျှင် ၁ ကြိမ်  ငွေကျပ်တစ်သိန်း (၁၀၀,၀၀၀) ဆု (၆) ဆု၊ ငွေကျပ်သုံးသိန်း (၃၀၀,၀၀၀) ဆု (၃)  ဆု နှင့်  ငွေကျပ်ငါးသိန်း (၅၀၀,၀၀၀) ဆု (၁) ဆု အစရှိသည့် ဆုငွေလက်ဆောင်များ အားကံထူးနိုင်မည်ဖြစ်ပြီး Campaign တွင်ပါဝင်ကံထူးရန် ငွေလွှဲဝန်ဆောင်မှု ရယူရမည့် အကြိမ်အရေအတွက်နှင့် ငွေလွှဲရမည့်ပမာဏအား ကန့်သတ်ထားခြင်းမရှိပါ။ 

၅။ ဤ Campaign ကာလအတွင်း ကံထူးသည့် လစဉ်ဆုရရှိသူများအား Campaign ကာလကုန်ဆုံးပြီးနောက် သတ်မှတ်ရုံးဖွင့်ရက် (၁၀) ရက်အတွင်း ကြေညာပေးမည်ဖြစ်ပါသည်။ ဆုရရှိသူများအား KBZ Bank ၏ တရားဝင် Website၊ အပြာရောင်အမှန်ခြစ် (Blue Mark) ပါရှိသော KBZ Bank ၏ တရားဝင် Social Media Channels များနှင့် ဆုရရှိသူများ၏ မှတ်ပုံတင်ထားသော မိုဘိုင်းဖုန်းနံပါတ်များသို့ SMS ပေးပို့ခြင်းဖြင့် ကြေညာပေးသွားမည်ဖြစ်ပါသည်။

၆။ ကံထူးရှင်များ၏ငွေသားဆုများကို KBZ မှ SMS အကြောင်းကြားစာ ပေးပို့ပြီးနောက် အလုပ်ဖွင့်ရက် (၁၀) ရက်အတွင်း သက်ဆိုင်ရာ ဆုရရှိသူများ၏ KBZ Online Banking Account များသို့ ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။ ငွေသားဆု ထည့်သွင်းပြီးပါက ဆုရရှိသူများ၏ မှတ်ပုံတင်ထားသော မိုဘိုင်းဖုန်းနံပါတ်များသို့ အတည်ပြု SMS တစ်စောင် ထပ်မံပေးပို့၍ အကြောင်းကြားသွားမည်ဖြစ်ပါသည်။

၇။ ကမ္ဘောဇဘဏ် ဝန်ထမ်းများသည် ယခု Campaign တွင် ပါဝင်ရန် အကျုံးမဝင်ပါ။

၈။ ဤ Campaign မှ ငွေသားလက်ဆောင်ကံထူးရရှိသည့် ကံထူးရှင်များကို KBZ Bank Official Social Media Channel (အပြာရောင်အမှတ်ခြစ်ပါသော) များ နှင့် KBZ Bank Official Website တို့မှတဆင့် လည်း အသိပေးအကြောင်းကြားသွားမည်ဖြစ်သည်။ ၄င်းကံထူးရှင်များကို Social Media များနှင့် Website များတွင်  ကြေငြာရန်အလို့ငှာ  ငွေသားဆုလက်ဆောင်ရရှိသော ကံထူးရှင်များ၏ အမည် နှင့် အပြည့်အစုံမဟုတ်သော မိုဘိုင်းဖုန်းနံပါတ်ကို ကမ္ဘောဇဘဏ်မှ အသုံးပြုနိုင်သည်ကို ကံထူးရှင်များမှ သိရှိပြီး သဘောတူ ပါသည်။ အစိုးရ ရုံးပိတ်ရက်များ  သို့မဟုတ် ကမ္ဘောဇဘဏ် မှ ထိန်းချုပ်၍မရနိုင်သော အခြေအနေမျိုးတွင် ငွေသားဆုလက်ဆောင်များအား ထည့်သွင်းပေးမည့်အချိန်နှင့် ကံထူးရှင် ကြေငြာမည့်အချိန် သည် အပြောင်းအလဲ ရှိနိုင်ပါသည်။

၉။ ဤ Campaign ကာလအတွင်းသာလျှင် ကမ္ဘောဇဘဏ် အသုံးပြုသူများ အနေဖြင့် ဤစည်းမျဥ်း စည်းကမ်း သတ်မှတ်ချက်ပါအခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤ Campaignကာလ ကုန်ဆုံးသည်နှင့် တစ်ပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။

၁၀။ KBZ Bank ဝန်ထမ်းများသည် အထူးအစီအစဉ်တွင် ပါဝင်သူများအား ဆက်သွယ်ပြီး ၎င်းတို့၏ OTP သို့မဟုတ် PIN နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၁။ ဤအစီအစဉ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထား ပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZ Bank က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၂။ ဤ Campaign နှင့်ပတ်သက်၍ ကမ္ဘောဇဘဏ် အသုံးပြုသူ များ နှင့် ကမ္ဘောဇဘဏ် တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား ကမ္ဘောဇဘဏ် ၏ တာဝန်ရှိသူများမှ ပြဌာန်း ဥပဒေအရ အသုံးပြုသူ ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၃။ ကမ္ဘောဇဘဏ်သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင်ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaignအား ပယ်ဖျက်ခွင့် နှင့် Campaign နှင့် ပတ်သက်သော အကျိုးခံစားခွင့်  သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။

၁၄။ ကမ္ဘောဇဘဏ်အနေဖြင့် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ Campaign အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်းကြောင့် အသုံးပြုသူအနေဖြင့် လျော်ကြေး တစ်စုံတစ်ရာရပိုင်ခွင့် မရှိသည်ကို သိရှိသဘောတူပါသည်။

၁၅။ ယခုCampaignကို ပါဝင်သူများသည် ကမ္ဘောဇဘဏ် ၏ စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များကို လိုက်နာရမည် ဖြစ်ပါသည်။ 

၁၆။ ဤစည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီ အဓိပ္ပါယ် ဖွင့်ဆိုရမည်။

၁၇။ ကမ္ဘောဇဘဏ်သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် ကမ္ဘောဇဘဏ်အနေဖြင့်  ထိန်းချုပ်၍ မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့် ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ် ပေါ်မူတည်၍ ပြောင်းလဲ ခွင့်ရှိပါသည်။ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် KBZ မှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် အသုံးပြုသူများအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၁၈။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် ပြုစုထားပြီး နှစ်မျိုးစလုံးသည်  တူညီသောအဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်၊ မြန်မာ နှစ်မျိုးဖြင့် ရေးသားထားခြင်း ဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။

၁၉။ ဤ Campaignနှင့် ပက်သက်၍ ပိုမိုသိရှိလိုပါက KBZ Call Center ဖုန်းနံပါတ် 09951018555 သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါ။