KBZ Bank Official Announcement
ကမ္ဘောဇဘဏ်အနေဖြင့် ဆိုင်ဘာလုံခြုံရေး စစ်ဆေးမှုများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး သုံးစွဲသူများ၏ လုံခြုံရေးနှင့် ကိုယ်ရေးအချက်အလက်များကို အစဉ်အမြဲ အလေးထား ကာကွယ်စောင့်ရှောက်လျက် ရှိပါသည်။ ဆိုင်ဘာလုံခြုံရေး နောက်ဆုံး စစ်ဆေးမှုများအရ ဘဏ်၏စနစ်များ လုံခြုံရေးကျိုးပေါက်ခြင်း၊ ထိုးဖောက်ဝင်ရောက်ခံရခြင်းမျိုး လုံးဝမရှိကြောင်း တွေ့ရှိရပါသည်။ သုံးစွဲသူများနှင့် အများပြည်သူအနေဖြင့်လည်း မိမိတို့၏ဘဏ်အကောင့်နှင့် ကိုယ်ရေးအချက်အလက်များ လုံခြုံရေးအတွက် အောက်ပါအချက်များကို အထူးသတိပြု လိုက်နာပေးပါရန် အသိပေး နှိုးဆော်အပ်ပါသည် - • မသင်္ကာဖွယ် လင့်ခ်များ ရှောင်ရှားရန် - မသင်္ကာဖွယ်ရာ (သို့မဟုတ်) မမျှော်လင့်ဘဲ ရောက်ရှိလာသော လင့်ခ်များကို နှိပ်ခြင်းမှ ရှောင်ကြဉ်ပါ။ • အကောင့်လုံခြုံရေး မြှင့်တင်ရန် - မိမိအကောင့်များကို 2FA Verification...









