Announcements

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ နိုင်ငံအတွင်း၌ ဒီဂျစ်တယ်လ်ငွေပေးချေမှုစနစ်ပိုမို ဖွံ့ဖြိုးတိုးတက်လာစေရေး‌အတွက် ဆောင်ရွက်ချက်များ

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ နိုင်ငံအတွင်း၌ ဒီဂျစ်တယ်လ်ငွေပေးချေမှုစနစ်ပိုမို ဖွံ့ဖြိုးတိုးတက်လာစေရေး‌အတွက် ဆောင်ရွက်ချက်များ

 မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံအတွင်းရှိ ဒီဂျစ်တယ်လ်ငွေပေးချေမှုဆိုင်ရာ ဝန်ဆောင်မှုများကို ပံ့ပိုးပေးနေသည့် Payment Service Provider များ၏ လုပ်ငန်းဆောင် ရွက်မှုဆိုင်ရာအခြေခံအုတ်မြစ် (Platform) များ ခိုင်မာတောင့်တင်းမှုရှိစေရန်၊ လုံခြုံစိတ်ချရ သည့် ဒီဂျစ်တယ်လ်ငွေပေးချေမှုစနစ် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အများပြည်သူအကြား ငွေသားကိုင်တွယ်အသုံးပြုမှုများကို လျှော့ချနိုင် ရန်တို့အတွက် ဆောင်ရွက်လျက်ရှိပါသည်။      နိုင်ငံအတွင်း ဒီဂျစ်တယ်လ်ငွေရေးကြေးရေးဆောင်ရွက်ချက်များ များပြားလာစေရန် ဘဏ်များသို့ ဒီဂျစ်တယ်လ်ဘဏ်လုပ်ငန်း၊ အင်တာနက်ဘဏ်လုပ်ငန်း၊ မိုဘိုင်းလ်ဘဏ်လုပ်ငန်း၊ မိုဘိုင်းလ်ပေးနှင့် မိုဘိုင်းလ်ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ခွင့်ပြု ထားပါသည်။ ထို့ပြင် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလတွင် QR Code Payment အတွက် National Standard (MMQR) သတ်မှတ်နိုင်ရန်  Technical Specification Version 1.0 ကို ချမှတ်ခဲ့ပါသည်။ MMQR Specification...