ကမ္ဘောဇဘဏ်အနေဖြင့် ဆိုင်ဘာလုံခြုံရေး စစ်ဆေးမှုများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး သုံးစွဲသူများ၏ လုံခြုံရေးနှင့် ကိုယ်ရေးအချက်အလက်များကို အစဉ်အမြဲ အလေးထား ကာကွယ်စောင့်ရှောက်လျက် ရှိပါသည်။
ဆိုင်ဘာလုံခြုံရေး နောက်ဆုံး စစ်ဆေးမှုများအရ ဘဏ်၏စနစ်များ လုံခြုံရေးကျိုးပေါက်ခြင်း၊ ထိုးဖောက်ဝင်ရောက်ခံရခြင်းမျိုး လုံးဝမရှိကြောင်း တွေ့ရှိရပါသည်။
သုံးစွဲသူများနှင့် အများပြည်သူအနေဖြင့်လည်း မိမိတို့၏ဘဏ်အကောင့်နှင့် ကိုယ်ရေးအချက်အလက်များ လုံခြုံရေးအတွက် အောက်ပါအချက်များကို အထူးသတိပြု လိုက်နာပေးပါရန် အသိပေး နှိုးဆော်အပ်ပါသည် –
• မသင်္ကာဖွယ် လင့်ခ်များ ရှောင်ရှားရန် – မသင်္ကာဖွယ်ရာ (သို့မဟုတ်) မမျှော်လင့်ဘဲ ရောက်ရှိလာသော လင့်ခ်များကို နှိပ်ခြင်းမှ ရှောင်ကြဉ်ပါ။
• အကောင့်လုံခြုံရေး မြှင့်တင်ရန် – မိမိအကောင့်များကို 2FA Verification သို့မဟုတ် Biometric (လက်ဗွေ/မျက်နှာ) စနစ်များဖြင့် လုံခြုံရေး အဆင့်မြှင့်တင်ထားပါ။
• Antivirus အသုံးပြုရန် – မိမိတို့ အသုံးပြုသည့် Laptop နှင့် ကွန်ပျူတာများတွင် Antivirus ဆော့ဖ်ဝဲလ်များ စနစ်တကျ ထည့်သွင်း အသုံးပြုပါ။
• လျှို့ဝှက်အချက်အလက်များ မမျှဝေရန် – အီးမေးလ်၊ SMS သို့မဟုတ် ဆိုရှယ်မီဒီယာများမှ ရောက်ရှိလာသော လင့်ခ်များတွင် ဘဏ်အကောင့်ဝင်သည့် အချက်အလက်များ၊ စကားဝှက်များနှင့် OTP များကို မည်သည့်အခါမျှ ရိုက်ထည့်ခြင်း မပြုလုပ်ပါနှင့်။
သုံးစွဲသူများအနေဖြင့် Phishing လင့်ခ်တစ်ခုကို နှိပ်၍ ဘဏ်အကောင့်ဆိုင်ရာ အချက်အလက်များ ထည့်သွင်းမိသည်ဟု သံသယရှိပါက အကူအညီရယူရန်အတွက် ကမ္ဘောဇဘဏ်၏ Hotline ဖုန်းနံပါတ် 09951018555 သို့ ခေါ်ဆို၍သော်လည်းကောင်း၊ customer_service@kbzbank.com သို့ အီးမေးလ်ပေးပို့၍သော်လည်းကောင်း ဆက်သွယ်နိုင်ပါသည်။
