အောက်တိုဘာလအတွင်း ကမ္ဘောဇဘဏ်အကောင့်အချင်းချင်း KBZ i/mBanking တို့မှတဆင့် အခမဲ့ငွေလွှဲနိုင်ခြင်း

လေးစားအပ်ပါသော ကမ္ဘောဇဘဏ် Online Banking အသုံးပြုသူ customer များ 

ကမ္ဘောဇဘဏ် Online Banking အသုံးပြုသူ customer များအနေဖြင့် အောက်တိုဘာလအတွင်း KBZ mBanking နှင့် iBanking တို့မှတဆင့် ကမ္ဘောဇဘဏ်အကောင့်အချင်းချင်းအတွက် မြန်မာကျပ်ငွေကို မည်သည့် ငွေလွှဲပမာဏမဆို ငွေလွှဲခ “ အခမဲ့” ဖြင့် လွှဲပြောင်းနိုင်မည်ဖြစ်ကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။ 

mBanking နှင့် iBanking တို့မှတဆင့် အသုံးပြုနိုင်သော ငွေလွှဲဝန်ဆောင်မှုများမှာ  Fast Transfer၊ Transfer Other (KBZ-KBZ) နှင့် Multiple Internal Account Transfer  တို့ဖြစ်ပါသည်။ ထို့အပြင် ဘေလ်​ပေး​ဆောင်ခြင်း နှင့် အ​ကောင့်​လက်ကျန်ငွေစစ်​ဆေးခြင်းတို့ကို ဘဏ်ခွဲများသို့ သွား​​ရောက်စရာမလိုဘဲ လွယ်ကူစွာ လုပ်​ဆောင်နိုင်ပါသည်။

ကမ္ဘောဇဘဏ်၏ ဒစ်ဂျစ်တယ်ဘဏ်ဝန်ဆောင်မှုများကို အသုံးပြုခြင်းအတွက် ကျေးဇူးတင်ရှိပါသည်။