Announcements

ATM ကတ်ဖြင့် KBZ Mobile Banking အကောင့် လျှောက်ထားပြီး ဆုကြေးငွေများ ရယူနိုင်မည့် အခွင့်အရေး

ATM ကတ်ဖြင့် KBZ Mobile Banking အကောင့် လျှောက်ထားပြီး ဆုကြေးငွေများ ရယူနိုင်မည့် အခွင့်အရေး

မိမိဘဏ်အကောင့်ရှိ ငွေကြေးများကို ဖုန်းကတဆင့် လွယ်ကူစွာ စီမံခန့်ခွဲနိုင်ဖို့ Mobile Banking အကောင့်ဖွင့်မည်ဆိုလျှင် ဘဏ်သွားစရာမလိုဘဲ ATM ကတ်ရှိရုံနဲ့ မိမိကိုယ်တိုင် လွယ်ကူစွာ self-registration ပြုလုပ်နိုင်ပါတယ်။
ပြည်ပမှငွေလွှဲများကို တိုကင်ယူရန်မလို၊ ပမာဏအကန့်အသတ်မရှိ ငွေသားထုတ်ယူနိုင်ပါပြီ

ပြည်ပမှငွေလွှဲများကို တိုကင်ယူရန်မလို၊ ပမာဏအကန့်အသတ်မရှိ ငွေသားထုတ်ယူနိုင်ပါပြီ

မြန်မာနိုင်ငံရှိ customer များအနေဖြင့် နိုင်ငံရပ်ခြားမှတဆင့် ၎င်းတို့၏ ကမ္ဘောဇဘဏ် ငွေစာရင်းအကောင့်သစ်များထံသို့ လွဲ့ပို့ငွေများကို စောင့်ဆိုင်းစရာမလို ၊ အကန့်အသတ် မရှိ ၊ ရက်ချိန်းယူရန်မလို ထုတ်ယူနိုင်ပြီ ဖြစ်ပါသည်။  ပြည်ပမှ ငွေလွှဲမည့်သူသည် ကမ္ဘောဇဘဏ် ၏ မိတ်ဖက်လုပ်ငန်းများဖြစ်သည့် Ria, Thunes, Tranglo ပြည်ပငွေလွှဲ ဝန်ဆောင်မှုများအသုံးပြုကာ ငွေလက်ခံမည့်သူ၏ ကမ္ဘောဇဘဏ် New Cash Account (Savings၊ Current နှင့် Call အကောင့်များ) သို့ တိုက်ရိုက် ငွေလွှဲပေးရန်လိုအပ်ပါသည်။ Customer များအနေဖြင့် နိုင်ငံခြားမှလွှဲငွေများကို အလွယ်တကူ ထုတ်ယူနိုင်မည့​​​ အဆိုပါဝန်ဆောင်မှုကို ယခုမှစ၍ အသုံးပြုနိုင်ပြီဖြစ်ပါသည်။  ■ New Cash...
Trade Finance နှင့် Foreign Remittance ဝန်ဆောင်မှု ရယူနိုင်သော ဘဏ်ခွဲများ ထပ်မံတိုးချဲ့ခြင်း

Trade Finance နှင့် Foreign Remittance ဝန်ဆောင်မှု ရယူနိုင်သော ဘဏ်ခွဲများ ထပ်မံတိုးချဲ့ခြင်း

လေးစားအပ်ပါသော ကမ္ဘောဇဘဏ် customer များ ကမ္ဘောဇဘဏ်၏ Trade Finance Customer များ ပိုမိုအဆင်ပြေလွယ်ကူစေရန်အတွက် ကုန်သွယ်ရေးဆိုင်ရာ စာရွက်စာတမ်းများကို ဘဏ်သို့ပေးပို့ခြင်း၊ ဘဏ်မှထုတ်ယူခြင်းစသည့် လုပ်ဆောင်မှုများကို Trade Operation Center ရုံးချုပ်သို့ သီးသန့်လာရောက်စရာမလိုဘဲ အောက်ပါဘဏ်ခွဲများတွင် ဝန်ဆောင်မှုများ ရယူနိုင်ပြီဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။ ဝန်ဆောင်မှုရယူနိုင်သော ဘဏ်ခွဲများစာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ ရန်ကုန်ဘဏ်ခွဲစာရင်း ဘုရင့်နောင်-၃ ဘဏ်ခွဲတောင်ဒဂုံ-စက်မှုဇုံဘဏ်ခွဲလှိုင်သာယာ-၁ ဘဏ်ခွဲMICT Park ဘဏ်ခွဲတက္ကသိုလ်ရိပ်သာလမ်းသစ် ဘဏ်ခွဲရွှေပြည်သာ-၁ ဘဏ်ခွဲ မန္တလေးဘဏ်ခွဲစာရင်း မန္တလေး-၃၆ ဘဏ်ခွဲ (နိုင်ငံတကာ ဘဏ်လုပ်ငန်း) မူဆယ်ဘဏ်ခွဲစာရင်း မူဆယ်-၁ ဘဏ်ခွဲမူဆယ်-၂ ဘဏ်ခွဲ
သင်္ကြန်ကာလဘဏ်ပိတ်ရက်များကြေညာခြင်း

သင်္ကြန်ကာလဘဏ်ပိတ်ရက်များကြေညာခြင်း

လေးစားအပ်ပါသော ကမ္ဘောဇဘဏ် customer များ ၂၀၂၂ ခုနှစ်၊ ဧပြီလ (၉) ရက်နေ့မှ (၁၇) ရက်နေ့အထိသည် သင်္ကြန်ကာလ ဘဏ်ပိတ်ရက်များဖြစ်ပါသောကြောင့် ကမ္ဘောဇဘဏ်ခွဲများအားလုံးကို ပိတ်ထားမည်ဖြစ်ပြီး ငွေကြေးဆိုင်ရာကိစ္စရပ်များကို  KBZ Online Banking (mBanking၊ iBanking) နှင့် KBZPay တို့မှတစ်ဆင့် ဆက်လက်ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း အသိပေးအပ်ပါသည်။ လူကြီးမင်း၏ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။
ကမ္ဘောဇဘဏ်၏ အမှုဆောင် အရာရှိချုပ်အဖြစ်  အကြီးတန်းအုပ်ချုပ်မှု ဒါရိုက်တာ ဦးဇော်လင်းအောင်ကို ရွေးချယ်ခန့်အပ်၊

ကမ္ဘောဇဘဏ်၏ အမှုဆောင် အရာရှိချုပ်အဖြစ် အကြီးတန်းအုပ်ချုပ်မှု ဒါရိုက်တာ ဦးဇော်လင်းအောင်ကို ရွေးချယ်ခန့်အပ်၊

Mr. Mike DeNoma အနေဖြင့် (၆၆) နှစ်မြောက်မွေးနေ့တွင် တာဝန်များမှ အနားယူမည် ဧပြီလ ၆၊ ၂၀၂၂၊ ရန်ကုန် - ကမ္ဘောဇဘဏ်တွင် အမှုဆောင် အရာရှိချုပ်အဖြစ် ၅ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သော Mr. Mike DeNoma သည် ဧပြီလ ၂၀၂၂တွင် ကျရောက်မည့် သူ၏ ၆၆ နှစ်မြောက်မွေးနေ့တွင် လုပ်ငန်းတာဝန်များမှ အနားယူမည် ဖြစ်ပါသည်။ Mr. Mike DeNoma သည် ဒစ်ဂျစ်တယ် နည်းပညာများကို ဆန်းသစ်တီထွင်မှု နှင့် လူတိုင်း လက်လှမ်းမီနိုင်သော ဘဏ္ဍာရေးဝန်ဆောင်မှု လုပ်ငန်းများကို တိုးတက် အောင်မြင်စေရန်၊ ပြည်တွင်းမှ အတတ်ပညာရှင်များကို နောင်အနာဂတ်တွင် ဘဏ်လုပ်ငန်းဆိုင်ရာ...
နိုင်ငံခြားသုံးငွေများ လွှဲပြောင်းခြင်း၊ သုံးစွဲခြင်းနှင့် ပတ်သက်၍ ကြေညာခြင်း

နိုင်ငံခြားသုံးငွေများ လွှဲပြောင်းခြင်း၊ သုံးစွဲခြင်းနှင့် ပတ်သက်၍ ကြေညာခြင်း

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ညွှန်ကြားချက်အမှတ် (၆/၂၀၂၂) အရ ပြည်တွင်း၌ နေထိုင်သူများ၏ ပြည်ပမှ နိုင်ငံခြားသုံးငွေဖြင့် ဝင်ရောက်ငွေများနှင့် ပြည်ပသို့ နိုင်ငံခြားသုံးငွေများ လွှဲပြောင်းခြင်း၊ ပြည်တွင်း၌ နေထိုင်သူများ၏ နိုင်ငံခြားငွေစာရင်းများရှိ နိုင်ငံခြားငွေများနှင့် စပ်လျဉ်း၍ ကမ္ဘောဇဘဏ် သုံးစွဲသူ customer များအတွက် အောက်ပါအချက်များကို အသိပေးကြေညာအပ်ပါသည်။   ■ ဧပြီလ ၄ ရက် ၂၀၂၂ ခုနှစ်မှစတင်ပြီး ဝင်ရောက်လာသော နိုင်ငံခြားငွေများကို ဝင်ရောက်လာသည့်နေ့တွင် ဗဟိုဘဏ်မှ သတ်မှတ်ထားသည့် ငွေလဲလှယ်နှုန်းဖြင့် ကျပ်ငွေစာရင်းထဲသို့ ထည့်ရမည်ဖြစ်ပါသည်။ ■ ပြည်တွင်း၌ နေထိုင်သူက ပြည်ပသို့ နိုင်ငံခြားသုံးငွေများ လွှဲပြောင်းရာတွင် နိုင်ငံခြားသုံးငွေကြီးကြပ်မှု ကော်မတီ၏ ခွင့်ပြုချက်လိုအပ်ပါသည်။ အဆိုပါ ခွင့်ပြုချက်ရရှိမှာသာ နိုင်ငံခြားဘဏ်များသို့ လွှဲပြောင်းနိုင်မည်...
မဟာသင်္ကြန်ကာလ အထူးအစီအစဉ်-ပြည်ပမှ ကမ္ဘောဇဘဏ်အကောင့်သို့ Ria, Thunes  နှင့် Tranglo ငွေလွှဲဝန်ဆောင်မှုများဖြင့် အခမဲ့ တိုက်ရိုက်ငွေလွှဲလိုက်ပါ

မဟာသင်္ကြန်ကာလ အထူးအစီအစဉ်-ပြည်ပမှ ကမ္ဘောဇဘဏ်အကောင့်သို့ Ria, Thunes  နှင့် Tranglo ငွေလွှဲဝန်ဆောင်မှုများဖြင့် အခမဲ့ တိုက်ရိုက်ငွေလွှဲလိုက်ပါ

ကမ္ဘာ့နိုင်ငံအနှံ့အပြားတွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသားများအတွက် ကမ္ဘောဇဘဏ်၏ မိတ်ဖက်လုပ်ငန်းများဖြစ်သော Ria, Thunes, Tranglo ပြည်ပငွေလွှဲဝန်ဆောင်မှုများမှတဆင့် မြန်မာနိုင်ငံအတွင်းသို့ ငွေလွှဲခအခမဲ့ဖြင့် လွယ်ကူလျင်မြန်စွာ တိုက်ရိုက်ငွေလွှဲပေးပို့နိုင်မည့် "ငွေလွှဲခအခမဲ့ မဟာသင်္ကြန်" အထူးအစီအစဉ်အား မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါသည်။ "ငွေလွှဲခအခမဲ့" မဟာသင်္ကြန်အထူးအစီအစဉ်အား ၂၀၂၂ ခုနှစ်၊  ဧပြီလ ၄ ရက်နေ့ မှ ဧပြီလ ၁၈ ရက်နေ့ မဟာသင်္ကြန်ကာလအတွင်း ပြုလုပ်သွားမှာဖြစ်ပြီး  Ria, Thunes, Tranglo ပြည်ပငွေလွှဲဝန်ဆောင်မှုတွေကို အသုံးပြုပြီး ချစ်ခင်ရသောမိသားစုဝင်များ၏ ကမ္ဘောဇဘဏ် အကောင့်သို့ ငွေလွှဲခ ပေးစရာမလိုဘဲ အခမဲ့ တိုက်ရိုက် ငွေလွှဲပေးပို့နိုင်မှာဖြစ်ပါသည်။ စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များ ပါရှိပါသည်။  အစီအစဉ်နှင့် ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက...
ဘဏ္ဍာရေးနှစ်ချုပ်စာရင်းပိတ်လုပ်ငန်း ဆောင်ရွက်မည်ဖြစ်သောကြောင့် အွန်လိုင်းဘဏ်ဝန်ဆောင်မှုများ ယာယီပြတ်တောက်မှုအား ကြိုတင်အသိပေးခြင်း

ဘဏ္ဍာရေးနှစ်ချုပ်စာရင်းပိတ်လုပ်ငန်း ဆောင်ရွက်မည်ဖြစ်သောကြောင့် အွန်လိုင်းဘဏ်ဝန်ဆောင်မှုများ ယာယီပြတ်တောက်မှုအား ကြိုတင်အသိပေးခြင်း

လေးစားအပ်ပါသော ကမ္ဘောဇဘဏ်အသုံးပြုသူ customer များ ဘဏ္ဍာရေးနှစ် နှစ်ချုပ်စာရင်းပိတ်လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ပါသောကြောင့် iBanking၊ mBanking အပါအဝင် ATM ဝန်ဆောင်မှုများ၊ MPU E-commerce နှင့်သက်ဆိုင်သော ဝန်ဆောင်မှုများကို မတ်လ (၃၁)ရက်နေ့ ည ၁၁း၀၀ နာရီမှ ဧပြီလ (၁)ရက်နေ့ မနက် ၈း၀၀နာရီအထိ အသုံးပြုနိုင်မည်မဟုတ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။  ***ချွင်းချက်အနေဖြင့် Online Tax Payment နှင့် Online Other Bank Transfer ဝန်ဆောင်မှုများကိုမူ မတ်လ (၃၁) ရက်နေ့ ညနေ ၃း၀၀ နာရီမှ ဧပြီလ (၁) ရက်နေ့ မနက် ၁၀း၀၀ နာရီအထိ အသုံးပြုနိုင်မည်မဟုတ်ကြောင်း...
ဘဏ္ဍာရေး နှစ်ချုပ်စာရင်းပိတ်လုပ်ငန်းဆောင်ရွက်ရန် ဘဏ်ပိတ်ရက်အဖြစ်ကြေညာခြင်း

ဘဏ္ဍာရေး နှစ်ချုပ်စာရင်းပိတ်လုပ်ငန်းဆောင်ရွက်ရန် ဘဏ်ပိတ်ရက်အဖြစ်ကြေညာခြင်း

လေးစားအပ်ပါသော ကမ္ဘောဇဘဏ် customer များ (၂၀၂၂)ခုနှစ် ဧပြီလ (၁)  ရက်နေ့သည် လွှဲပြောင်းနိုင်သော စာချုပ်စာတမ်းများ အက်ဥပဒေအရ ဘဏ္ဍာရေးနှစ်ချုပ်စာရင်းပိတ်လုပ်ငန်းဆောင်ရွက်သည့် ဘဏ်ပိတ်ရက်ဖြစ်ပါသောကြောင့် ကမ္ဘောဇဘဏ်ခွဲများအားလုံးကို ပိတ်ထားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။ ဘဏ်ခွဲများပိတ်ထားသော်လည်း ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို   KBZ Online Banking (mBanking ၊ iBanking) နှင့်  KBZPay  များမှတစ်ဆင့် အချိန်မရွေး ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း လေးစားစွာ အကြောင်းကြားအပ်ပါသည်။ လူကြီးမင်း၏ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။