လစဉ်အရစ်ကျ ချေးငွေ ပြန်လည်ပေးဆောင်ပြီး ပြန်အမ်းငွေ ၅၀,၀၀၀ အထိ ရနိုင်မယ့် အခွင့်အရေး
လစဥ်ပေးဆောင်နေရတဲ့ အရစ်ကျချေးငွေတွေကို KBZ mBanking ကနေ ပေးဆောင်မယ်ဆိုရင် ပြန်အမ်းငွေ ၅၀,၀၀၀ ကျပ်အထိ ရနိုင်မယ့် အခွင့်အရေးရှိလို့နေပါတယ်။ ဒီအစီအစဥ်မှာပါဝင်ဖို့အတွက်ကတော့ အရစ်ကျချေးငွေပုံမှန်ပေးဆောင်ရမယ့်နေ့ရက်ကိုရောက်တဲ့အခါ KBZ mBanking ထဲက QuickPay မှာ မိမိယူထားတဲ့ MFI Company ကိုရွေးချယ် ပေးဆောင်ရမှာဖြစ်ပါတယ်။ အရစ်ကျချေးငွေဘေလ်ကို မတ် ၂၇ ရက်နေ့မှ ဧပြီ ၅ ရက်၂၀၂၄ ခုနှစ်အတွင်း ပေးဆောင်လိုက်တာနဲ့ ပြန်အမ်းငွေ (၅၀,၀၀၀)ကျပ်ကံထူးဖို့ အခွင့်အရေးရရှိမှာဖြစ်ပါတယ်။ သတ်မှတ်ရက်အတွင်း ဘေလ်ပေးဆောင်တဲ့သူတွေထဲကနေ ကံထူးသူများကို ရွေးချယ်ပြီး ပြန်အမ်းငွေလက်ဆောင်များ ပေးသွားမှာဖြစ်ပါတယ်။ ဒါကြောင့် ပြန်အမ်းငွေ (၅၀,၀၀၀)ကျပ်ကံထူးဖို့ အခုပဲ KBZ mBanking ထဲက QuickPay ကနေ...