Announcements

တုန့်ပြန်ကျေးဇူး အတိုးနှုန်းအထူး

တုန့်ပြန်ကျေးဇူး အတိုးနှုန်းအထူး

ကမ္ဘောဇဘဏ်မှာ Cash Account Saving (Special Account) ဖွင့်လှစ်ထားပြီးဖြစ်တဲ့ customer များသာမက အကောင့်သစ်စတင်ဖွင့်လှစ်မယ့် customer များ အတွက် အတိုးနှုန်း ၈% ရရှိနိုင်မယ့် အထူးအစီအစဉ်အကြောင်း သတင်းကောင်းပါးချင်ပါတယ်။  ငွေစာရင်းအကောင့်-ငွေစုဘဏ်အပ်ငွေစာရင်း၏ ရရှိနိုင်သည့်အကျိုးကျေးဇူးများမှာ - တစ်နှစ်လျှင် အတိုးနှုန်း ၈% - အပ်နှံငွေ ၁၀,၀၀၀ ကျပ်မှစတင်ဖွင့်လှစ်နိုင်ခြင်း - ဒီဂျစ်တယ်နည်းလမ်းမှတစ်ဆင့် ငွေကြေး စီမံနိုင်စေသည့် mBanking အားအသုံးပြုနိုင်ခြင်း တို့ဖြစ်ပါတယ်။ အထူးအတိုးနှုန်းကို ခံစားခွင့်ရရှိနိုင်မယ့်ကာလကတော့ နိုဝင်ဘာလ ၁ရက်နေ့ မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိဖြစ်တဲ့အတွက် နိုဝင်ဘာလနှင့် ဒီဇင်ဘာလရဲ့ အမြင့်ဆုံးအတိုးနှုန်းကိုရယူနိုင်ဖို့ အခုပဲ လက်ရှိ Cash Account-Saving...
ဒီပါဝလီနေ့ ဘဏ်ပိတ်ရက်ကြေငြာခြင်း

ဒီပါဝလီနေ့ ဘဏ်ပိတ်ရက်ကြေငြာခြင်း

လေးစားအပ်ပါသော ကမ္ဘောဇဘဏ် customer များ (၂၀၂၂) ခုနှစ် အောက်တိုဘာလ (၂၄)  ရက်နေ့သည် ဒီပါဝလီနေ့ ဘဏ်ပိတ်ရက်ဖြစ်ပါသောကြောင့် ကမ္ဘောဇဘဏ်ခွဲများအားလုံးကို ပိတ်ထားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။ ဘဏ်ခွဲများပိတ်ထားသော်လည်း ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို   KBZ Online Banking (mBanking ၊ iBanking) နှင့်  KBZPay  တို့မှတစ်ဆင့် အချိန်မရွေး ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း လေးစားစွာ အကြောင်းကြားအပ်ပါသည်။ လူကြီးမင်း၏ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။
တုန့်ပြန်ကျေးဇူး အတိုးနှုန်းအထူး 

တုန့်ပြန်ကျေးဇူး အတိုးနှုန်းအထူး 

အတိုးနှုန်း ၇.၅% အထိ ခံစားခွင့်ရရှိနိုင်မည့် Cash Account - Call နှင့် Ordinary Call  ကမ္ဘောဇဘဏ်၏ customer များ မြင့်မားသောအတိုးနှုန်းရယူခံစားနိုင်ရန် ငွေစာရင်းအကောင့် - ခေါ်ယူအပ်ငွေစာရင်း၏ အထူးအတိုးနှုန်းအား တစ်နှစ်လျှင် ၇.၅% အထိ တိုးမြှင့် သတ်မှတ်ပေးလိုက်ပါသည်။ အတိုးအား နေ့စဉ်လက်ကျန်ငွေပေါ်တွင် တွက်ချက်သည့် အတွက်လည်း လတစ်လ၏ မည်သည့်အချိန်တွင်မဆို အပ်နှံငွေထည့်သွင်းခြင်းဖြင့် အတိုးရယူခံစားနိုင်မှာဖြစ်ပါသည်။ ရယူခံစားနိုင်သော အထူးအတိုးနှုန်းများမှာ Cash Account- Call  အပ်နှံငွေ ကျပ် သိန်း ၅,၀၀၀ အောက် -  တစ်နှစ်လျှင်အတိုးနှုန်း ၆%အပ်နှံငွေ ကျပ် သိန်း ၅,၀၀၀ မှ ကျပ်...
သီတင်းကျွတ် ရုံးပိတ်ရက်အား ဘဏ်ပိတ်ရက်အဖြစ်ကြေညာခြင်း

သီတင်းကျွတ် ရုံးပိတ်ရက်အား ဘဏ်ပိတ်ရက်အဖြစ်ကြေညာခြင်း

လေးစားအပ်ပါသော ကမ္ဘောဇဘဏ် customer များ ၂၀၂၂ ခုနှစ် အောက်တိုဘာလ (၁၀) ရက်နေ့ သည် သီတင်းကျွတ်ရုံးပိတ်ရက် ဘဏ်ပိတ်ရက်ဖြစ်ပါသောကြောင့် ကမ္ဘောဇဘဏ်ခွဲများအားလုံးကို ပိတ်ထားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။ ဘဏ်ခွဲများပိတ်ထားသော်လည်း ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို   KBZ Online Banking (mBanking ၊ iBanking) နှင့်  KBZPay  များမှတစ်ဆင့် အချိန်မရွေး ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း လေးစားစွာ အကြောင်းကြားအပ်ပါသည်။ လူကြီးမင်း၏ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။
ရွှေရောင်းဝယ်သည့်လုပ်ငန်းများအတွက် ငွေပေးချေမှုအဆင်ပြေစေရန် Special Counter များ ဖွင့်လှစ်ခြင်း

ရွှေရောင်းဝယ်သည့်လုပ်ငန်းများအတွက် ငွေပေးချေမှုအဆင်ပြေစေရန် Special Counter များ ဖွင့်လှစ်ခြင်း

လေးစားအပ်ပါသော ကမ္ဘောဇဘဏ်အသုံးပြုသူ customer များ ရွှေရောင်းဝယ်သည့်လုပ်ငန်းများအတွက် ဘဏ်စနစ်အသုံးပြု၍ ငွေပေးချေမှုများအဆင်ပြေစေရန် Special Counter များဖွင့်လှစ်ပြီး ဝန်ဆောင်မှုပေးမည့် အကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။ ကမ္ဘောဇဘဏ်ရှိ Special Counter များတွင် ရယူနိုင်သော ဝန်‌ဆောင်မှုများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ ဘဏ်စာရင်းသစ်ဖွင့်လှစ်ပေးခြင်းပုံမှန်အပ်ငွေစာရင်းအချင်းချင်း စာရင်းပြောင်းပါက ငွေပမာဏအကန့်အသတ်မရှိဘဲ ဆောင်ရွက်ပေးခြင်းပုံမှန်အပ်ငွေစာရင်းမှ ငွေသားထုတ်ယူမည်ဆိုပါက မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လမ်းညွှန်ချက်အတိုင်း ဆောင်ရွက်ပေးခြင်းငွေစာရင်းအကောင့်မှ ပုံမှန်အပ်ငွေစာရင်း သို့ စာရင်းပြောင်းပါက ငွေပမာဏအကန့်အသတ်မရှိဘဲ ဆောင်ရွက်ပေးခြင်းလိုအပ်ပါက ဘဏ်လုပ်ငန်းချိန် တိုးမြှင့်ဆောင်ရွက်ပေးခြင်းလုံခြုံစိတ်ချရသော ငွေသားသယ်ယူပို့ဆောင်မှုစနစ်ကို လိုအပ်ပါက ဆောင်ရွက်ပေးခြင်း  အထက်ပါဝန်ဆောင်မှုများရယူနိုင်သော Special Counter များရှိသည့် ဘဏ်ခွဲများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ YangonMandalayMawlamyaing
ကမ္ဘောဇဘဏ်မှာ စာရင်းသေအပ်ငွေစာရင်းဖွင့်လှစ်ပြီး အပ်ငွေပိုမိုတိုးပွားနိုင်ပါပြီ

ကမ္ဘောဇဘဏ်မှာ စာရင်းသေအပ်ငွေစာရင်းဖွင့်လှစ်ပြီး အပ်ငွေပိုမိုတိုးပွားနိုင်ပါပြီ

ကမ္ဘောဇဘဏ်ရဲ့  customer များအတွက် သတ်မှတ်ကာလတစ်ခုအထိငွေစုရင်း မိမိရဲ့အပ်ငွေကို ပုံမှန်ထက်ပိုမိုတိုးပွားစေမယ့် စာရင်းသေအပ်ငွေစာရင်း အစီအစဉ်တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ ကမ္ဘောဇဘဏ်ရဲ့ စာရင်းသေအပ်ငွေစာရင်းအကောင့်များဖြစ်တဲ့ ပုံမှန်စာရင်းသေအပ်ငွေစာရင်း (ရက် ၉၀)၊ ပုံမှန်စာရင်းသေအပ်ငွေစာရင်း (ရက် ၁၈၀) နှင့် ငွေစာရင်းအကောင့် စာရင်းသေအပ်ငွေစာရင်း (ရက် ၉၀) အကောင့်တွေမှာ အပ်ငွေထည့်သွင်းပြီး ယခင်ထက်မြင့်မားတဲ့အတိုးနှုန်းကို ရယူခံစားနိုင်မှာဖြစ်ပါတယ်။ အထူးအတိုးနှုန်းများအနေနဲ့- -ရက် (၉၀) ပုံမှန်စာရင်းသေအပ်ငွေစာရင်း- တစ်နှစ်လျှင်အတိုးနှုန်း ၉.၀၀%-ရက် (၁၈၀) ပုံမှန်စာရင်းသေအပ်ငွေစာရင်း- တစ်နှစ်လျှင်အတိုးနှုန်း ၉.၂၅%-ရက် (၉၀) ငွေစာရင်းအကောင့် - စာရင်းသေအပ်ငွေစာရင်း- တစ်နှစ်လျှင်အတိုးနှုန်း ၉.၀၀% ကို ခံစားနိုင်မှာဖြစ်ပါတယ်။ အထူးအတိုးနှုန်းခံစားခွင့်ကာလကတော့  စက်တင်ဘာလ ၂၆ ရက် ကနေ အောက်တိုဘာလ...
နေ့စဉ်တိုင်းမှာ ငွေကျပ်တစ်သန်း ကံထူးနိုင်မယ့်အခွင့်အရေး 

နေ့စဉ်တိုင်းမှာ ငွေကျပ်တစ်သန်း ကံထူးနိုင်မယ့်အခွင့်အရေး 

လေးစားအပ်ပါသော ကမ္ဘောဇဘဏ်သုံးစွဲသူ customer များ  ကမ္ဘောဇဘဏ်၏ စာရင်းသေအပ်ငွေစာရင်း၊ ငွေစာရင်းအကောင့် နှင့် ပုံမှန်အပ်ငွေစာရင်း customer အသစ်များ နှင့် အဟောင်းများ အတွက်  နေ့စဉ်ငွေကျပ်တစ်သန်းကံထူးနိုင်မည့် အစီအစဉ်နှင့် မိတ်ဆက်ပေးလိုက်ပြီဖြစ်ပါသည်။ ၂၀၂၂ ခုနှစ်၊ စက်တက်ဘာလ ၅ ရက်နေ့မှ စက်တင်ဘာ ၃၀ ရက်နေ့ အတွင်း(ဘဏ်ဖွင့်ရက်များတွင်) အောက်ဖော်ပြပါ စာရင်းတစ်ခုခုအား စတင်ဖွင့်လှစ်ပြီး အပ်နှံငွေ ၁၀၀,၀၀၀ ကျပ် အပ်နှံခြင်းဖြစ်စေ ၊ လက်ရှိ အသုံးပြု နေသော စာရင်းသို့အပ်နှံငွေ ၁၀၀,၀၀၀ ကျပ်ထည့်သွင်းခြင်း (သို့) ငွေကျပ် ၁၀၀,၀၀၀ လက်ခံရရှိခြင်းဖြစ်စေ အစီအစဉ်တွင်ပါဝင်ကံစမ်းနိုင်မှာဖြစ်ပါသည်။ အပ်နှံငွေ ၁၀၀,၀၀၀ လျှင် အစီအစဉ်ပါဝင်ခွင့် အခွင့်အရေးတစ်ကြိမ်ရရှိပါမည်။...
Krungthai Bank Web Application မှ ကမ္ဘောဇဘဏ်သို့ အခမဲ့ငွေလွှဲပြီး ငွေသားအကန့်အသတ်မရှိထုတ်ယူနိုင်ပါပြီ

Krungthai Bank Web Application မှ ကမ္ဘောဇဘဏ်သို့ အခမဲ့ငွေလွှဲပြီး ငွေသားအကန့်အသတ်မရှိထုတ်ယူနိုင်ပါပြီ

လေးစားအပ်ပါသော ကမ္ဘောဇဘဏ်အသုံးပြုသူ Customer များ ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသားများအတွက်အတွက် Krungthai Bank ၏ web application မှတစ်ဆင့် ကမ္ဘောဇဘဏ်သို့ ငွေလွှဲခအခမဲ့ဖြင့် တိုက်ရိုက်ငွေလွှဲပေးပို့နိုင်ပြီဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။ ငွေလွှဲပေးပို့မည့်သူမှ  Krungthai Bank web application (link : https://smartfx.krungthai.com/apg) သို့ဝင်ရောက်ပြီး ငွေလွှဲလက်ခံမည့်ဘဏ်နေရာတွင်တွင် ကမ္ဘောဇဘဏ်ကို ရွေးချယ်ပေးရမည်ဖြစ်ပါသည်။ ငွေလွှဲထုတ်ယူရာတွင်လည်း ငွေလွှဲလက်ခံမည့်သူမှ ငွေသားဖြင့် အကန့်အသတ်မရှိ ထုတ်ယူနိုင်မည်ဖြစ်ပါသည်။  အစီအစဉ်ကာလမှာ သြဂုတ်လမှ ဒီဇင်ဘာလ ၂၀၂၂ ခုနှစ်အထိဖြစ်ပြီး ကမ္ဘောဇဘဏ်ရှိ Worker Remittance အကြောင်းအသေးစိတ်သိရှိလိုပါက  KBZ Call Center: 09-951018555 (သို့) Worker Remittance Team:...
သတ်မှတ်ထားသော KBZ ATM များတွင် နိုင်ငံခြားဘဏ်များမှထုတ်ဝေထားသောကတ်များဖြင့် ငွေသားထုတ်ယူနိုင်ပါပြီ 

သတ်မှတ်ထားသော KBZ ATM များတွင် နိုင်ငံခြားဘဏ်များမှထုတ်ဝေထားသောကတ်များဖြင့် ငွေသားထုတ်ယူနိုင်ပါပြီ 

လေးစားအပ်ပါသော ကမ္ဘောဇဘဏ်သုံးစွဲသူ Customer များ  နိုင်ငံခြားဘဏ်များမှထုတ်ဝေထားသောကတ်များဖြင့် ငွေသားထုတ်ယူခြင်းကို သတ်မှတ်ထားသော KBZ ATM များတွင်ပြုလုပ်နိုင်ပြီဖြစ်ကြောင်း အကြောင်းကြားအပ်ပါသည်။ ကတ်ကိုင်ဆောင်သူများအနေဖြင့် VISA, MasterCard, JCB နှင့် UPI ကတ်များ၏ ငွေသားထုတ်ယူခြင်း နှင့် လက်ကျန်ငွေစစ်ဆေးခြင်းတို့ကို ရန်ကုန်မြို့၊ မန္တလေးမြို့၊ နေပြည်တော်မြို့ နှင့် တောင်ကြီးမြို့ရှိ  သတ်မှတ်ထားသော KBZ ATM များတွင် ပြုလုပ်နိုင်ပြီဖြစ်ပါသည်။  ငွေသားထုတ်ယူနိုင်သော ATM စာရင်း YangonMandalayNaypyitawShan မေးလေ့မေးထရှိသော မေးခွန်းများ
မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများအတွက်ဘဏ်ဝန်ဆောင်မှုများကို စတင်ရယူနိုင်ပါပြီ

မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများအတွက်ဘဏ်ဝန်ဆောင်မှုများကို စတင်ရယူနိုင်ပါပြီ

လေးစားအပ်ပါသော ကမ္ဘောဇဘဏ် အသုံးပြုသူများ မြန်မာ-ထိုင်း နယ်စပ်ဒေသကုန်သွယ်ရေး (Border Trade) လုပ်ငန်းများအတွက် ဘဏ်ဝန်ဆောင်မှုများကို ကမ္ဘောဇဘဏ်တွင် ရယူနိုင်ပြီဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။ ကမ္ဘောဇဘဏ်မှ ရရှိနိုင်သော ဝန်ဆောင်မှုများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ ဘတ်စာရင်းဖွင့်လှစ်ခြင်းကျပ်ငွေစာရင်း နှင့် ဘတ်စာရင်း တိုက်ရိုက်လွှဲပြောင်းနိုင်ခြင်းထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချသော ကုန်ဖိုးငွေလွှဲ ဝင်ရောက်လာပါက Customer ၏ ဘဏ်စာရင်းသို့ ထည့်သွင်းပေးခြင်းကုန်ပစ္စည်းတန်ဖိုးပေးချေရန်အတွက် ထိုင်းနိုင်ငံရှိကုန်ရောင်းသူထံသို့ ငွေလွှဲပေးပို့ခြင်း Customer များအနေဖြင့် ကမ္ဘောဇဘဏ်တွင် ထိုင်းဘတ်အကောင့် ဖွင့်လှစ်ရန်အတွက် လိုအပ်သော စာရွက်စာတမ်းများမှာ- ၁)ကုမ္ပဏီ ဘတ်စာရင်းဖွင့်ခွင့် လျှောက်လွှာအား ဖြည့်စွက်ရန် ၂) သက်တမ်းရှိ ကုမ္ပဏီ မှတ်ပုံတင်လက်မှတ် ၃) Company Extract from DICA ၄)...