USD ဘဏ်စာရင်းအချင်းချင်း လစာငွေလွှဲပြောင်းပေးနိုင်သည့် ကမ္ဘောဇဘဏ်၏ USD Payroll ဝန်ဆောင်မှု

သင်္ဘောသားအလုပ်အကိုင် အေဂျင်စီ နှင့် အေးဂျင့်များအနေဖြင့် မိမိတို့နှင့် လက်တွဲလုပ်ကိုင်နေသော  နိုင်ငံခြားရောက် မြန်မာနိုင်ငံသားအလုပ်သမားလစာများကို USD ဖြင့် ပေးအပ်ရာတွင် အဆင်ပြေလွယ်ကူစေရန် ကမ္ဘောဇဘဏ်၏ USD Payroll ဝန်ဆောင်မှုကို ရယူနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

အေဂျင်စီ ကုမ္ပဏီများမှ မိမိတို့နှင့် တွဲဖက်လုပ်ကိုင်နေကြသော နိုင်ငံခြားရောက် မြန်မာနိုင်ငံအလုပ်သမားများ (သင်္ဘောသား) ၏ လစာများကို KBZ Payroll ဝန်ဆောင်မှုကို အသုံးပြု၍ USD အကောင့်အချင်းချင်းသို့ လွယ်ကူလျှင်မြန်စွာ လွှဲပြောင်းပေးနိုင်မည်ဖြစ်ပါသည်။

လစာငွေထုတ်ယူလိုသည့် သင်္ဘောသားများအနေဖြင့်လည်း ကမ္ဘောဇဘဏ်မှ အကောင်းမွန်ဆုံး ငွေလဲနှုန်းထားနှင့်အတူ အမေရိကန် ၁ ဒေါ်လာလဲတိုင်း နိုင်ငံတော်မှပေးအပ်မည့် အပိုဆောင်းငွေ ၃၀ကျပ် ထည့်ပေါင်း၍ လဲလှယ်နိုင်မည်ဖြစ်ပြီး လွှဲပြောင်းလိုက်သော မြန်မာကျပ်ငွေအား နီးစပ်ရာ ဘဏ်ခွဲများတွင် ရက်ချိန်းယူရန်မလိုဘဲ အကန့်အသတ်မရှိ ထုတ်ယူနိုင်မည် ဖြစ်ပါသည်။ 

ကမ္ဘောဇဘဏ်၏ Payroll ဝန်ဆောင်မှုအကြောင်း အသေးစိတ်သိရှိလိုပါက KBZ Bank Call Center: 09-951018555 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပြီး Payroll ဝန်ဆောင်မှုကို ရယူလိုပါက အောက်ပါ လင့်ခ်မှတဆင့် Inquiry Form ဖြည့်စွက်ပြီး ဆက်သွယ်ရယူနိုင်ပါသည်