MPU Credit Card အသုံးပြုရန်လမ်းညွှန်

လူကြီးမင်း၏ Credit Card သည် Inactive mode တွင်သာရှိနေပါသောကြောင့် ဘဏ်ခွဲတွင် ကတ်အားထုတ်ယူသည့်အချိန်၌ Card Activation ပြုလုပ်ရန် လိုအပ်ပါသည်။ 

Card Activation ပြုလုပ်ရန် 

(၁) လူကြီးမင်းကတ်၏နောက်ကျောဘက်ရှိ လက်မှတ်ထိုးရန်နေရာတွင် လက်မှတ်ရေးထိုးပေးရပါမည်။ 

(၂) Activation form တွင် လက်မှတ်ရေးထိုးပေးရပါမည်။

ATM PIN ပြောင်းလဲပုံအဆင့်ဆင့်

(၁) လူကြီးမင်း၏ Credit Card ကို နီးစပ်ရာ KBZ ATM တွင် ထည့်ပါ။

(၂) Card ထည့်ပြီးပါက OTP (6 digits) ကို လူကြီးမင်း၏ မိုဘိုင်းဖုန်းတွင် ရရှိပါမည်။

(၃) ရရှိသည့် OTP အား ATM တွင်ရိုက်ထည့်ပါ။

(၄) ထို့နောက် လူကြီးမင်းထားရှိလိုသည့် PIN အသစ်အား (၂) ခါရိုက်ထည့်ပြီး ပြောင်းလဲပါ။