Announcements

Prepaid Card Top Up Limit

Prepaid Card Top Up Limit

လေးစားအပ်ပါသော KBZ Prepaid Card အသုံးပြုသူ customer များ  Prepaid card များ၏ top up ပြုလုပ်နိုင်သော နေ့စဉ်ပမဏအား USD 500.00 အထိ ပြောင်းလဲသတ်မှတ်လိုက်ပြီဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။  Customer များအနေဖြင့် Visa နှင့် Master prepaid card များကို KBZ m/iBanking မှဖြစ်စေ (သို့မဟုတ်) ကမ္ဘောဇဘဏ်ခွဲကောင်တာများတွင် ဖြစ်စေ သွားရောက်ပြီး top up ပြုလုပ်နိုင်ပါသည်။  KBZ m/iBanking မှ prepaid card top up ပြုလုပ်ပုံအဆင့်ဆင့်  လူကြီးမင်း၏ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။ 
ဇူလိုင် 1, 2021ဇူလိုင် 1, 2021 In Announcements
Western Union (Inbound ငွေလွှဲပေးပို့ခြင်း) ဝန်ဆောင်မှုကို ကမ္ဘောဇဘဏ်ခွဲများတွင် ပြန်လည်လုပ်ဆောင်နိုင်ပါပြီ

Western Union (Inbound ငွေလွှဲပေးပို့ခြင်း) ဝန်ဆောင်မှုကို ကမ္ဘောဇဘဏ်ခွဲများတွင် ပြန်လည်လုပ်ဆောင်နိုင်ပါပြီ

လေးစားအပ်ပါသော ကမ္ဘောဇဘဏ် အသုံးပြုသူ customer များ  မြန်မာနိုင်ငံရှိ ကမ္ဘောဇဘဏ်ခွဲများတွင် Western Union (Inbound ငွေလွှဲပေးပို့ခြင်း) ဝန်ဆောင်မှုကို ပြန်လည်လုပ်ဆောင်နိုင်ပြီဖြစ်ကြောင်း လေးစားစွာ အသိပေးအကြောင်းကြားအပ်ပါသည်။ ငွေထုတ်ယူမည့်  customer များအနေဖြင့် ဘဏ်ခွဲများသို့ သွားရောက်သည့်အခါတွင် ငွေလက်ခံသူကိုယ်တိုင် ထုတ်ယူရမည်ဖြစ်ပြီး ငွေလွှဲသူအမည် နှင့် ငွေလွှဲလိုက်သည့်နိုင်ငံအပါအဝင် အောက်ပါတို့ကို တပါတည်း ယူဆောင်သွားရမည်ဖြစ်ပါသည်။ - မှတ်ပုံတင်- MTCN နံပါတ် (ငွေလွှဲသူမှ ငွေလွှဲလက်ခံမည့်သူထံသို့ ပေးပို့ထားသော ဂဏန်း၁၀လုံး ကုတ်နံပါတ်)- ထုတ်ယူမည့်ငွေပမာဏ  ငွေသားထုတ်ယူရာတွင် မြန်မာကျပ်ငွေဖြင့်သာ ထုတ်ယူနိုင်မည်ဖြစ်ပြီး တစ်ပတ်လျှင် ၅၀၀,၀၀၀ကျပ် ထုတ်ယူနိုင်မည်ဖြစ်ပါသည်။ ငွေသားထုတ်ယူမည့်သူဘက်မှ ဝန်ဆောင်ခပေးဆောင်ရန်မလိုအပ်ပါ။ ဝန်ဆောင်မှုရရှိနိုင်သော ဘဏ်ခွဲများစာရင်းကို အောက်ဖော်ပြပါဇယားတွင် ကြည့်ရှုနိုင်ပါသည်။ အသေးစိတ်သိရှိလို့ပါက...
ကမ္ဘောဇဘဏ် Customer များ အနေဖြင့် ငွေသားထုတ်ယူခြင်း ဝန်ဆောင်မှုအား ကြိုတင် Appointment ရယူပြီးမှသာ လုပ်ဆောင်နိုင်မည်

ကမ္ဘောဇဘဏ် Customer များ အနေဖြင့် ငွေသားထုတ်ယူခြင်း ဝန်ဆောင်မှုအား ကြိုတင် Appointment ရယူပြီးမှသာ လုပ်ဆောင်နိုင်မည်

လေးစားအပ်ပါသော ကမ္ဘောဇဘဏ်သုံးစွဲသူ ပြည်သူများ ငွေသားထုတ်ယူခြင်း ဝန်ဆောင်မှုအား Appointment ရယူရန်မလိုအပ်ဘဲ ကင်းလွတ်ခွင့်များ ရှိနေသည်ဟူသော ကောလဟာလများ ပျံ့နှံ့လျက်ရှိနေသည်ကို ကမ္ဘောဇဘဏ်အနေဖြင့် ကြားသိထားပါသည်။ သို့ဖြစ်ပါ၍ လူကြီးမင်းတို့  စိတ်အနှောက်အယှက်ကင်းဝေးစေရန် ငွေသားထုတ်ယူခြင်း ဝန်ဆောင်မှုအား ကြိုတင် Appointment ရယူပြီးမှသာ လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း ထပ်မံအသိပေးအပ်ပါသည်။   ငွေသားထုတ်ယူလိုသော customer များအနေဖြင့် ကျွန်ုပ်တို့၏ KBZPay အက်ပလီကေးရှင်းမှ တဆင့် ကြိုတင် Appointment ရယူရန် လိုအပ်ပါသည်။ အသေးစိတ်အား အောက်ဖော်ပြပါ လင့်ခ်တွင် ကြည့်ရှုနိုင်ပါသည်။  https://bit.ly/3wYWfPy ရန်ကုန်မြို့ရှိ သက်ကြီးရွယ်အို customer များအနေဖြင့် အသေးစိတ်အချက်အလက်အား 09 9510 18555 သို့မဟုတ် 8555သို့...
တစ်နှစ်လျှင် အတိုးနှုန်း ၇.၇၅% နှင့် ၈% ရရှိနိုင်သော ကမ္ဘောဇဘဏ်၏ ရက် ၉၀ စာရင်းသေအပ်ငွေစာရင်း အသစ်နှစ်ခု

တစ်နှစ်လျှင် အတိုးနှုန်း ၇.၇၅% နှင့် ၈% ရရှိနိုင်သော ကမ္ဘောဇဘဏ်၏ ရက် ၉၀ စာရင်းသေအပ်ငွေစာရင်း အသစ်နှစ်ခု

2021) ခုနှစ်၊ ဇွန်လ ၁၇ ရက်မှစ၍ ကမ္ဘောဇဘဏ်၏ ရက် ၉၀ စာရင်းသေအပ်ငွေစာရင်းအသစ် နှစ်ခုဖြစ်သော ငွေသားစာရင်းသေမဲ့အပ်နှံခြင်း အတိုးနှုန်း ၇.၇၅% နှင့် အထူးငွေသား စာရင်းသေအပ်နှံခြင်း အတိုးနှုန်း ၈% အားမိတ်ဆက်လိုက်ပြီဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။
ဇွန် 22, 2021ဇူလိုင် 8, 2021 In Announcements
ရန်ကုန်မြို့ရှိ သက်ကြီးရွယ်အို Customer များအတွက် Senior Citizens – KBZPay စင်တာအား ဖွင့်လှစ်

ရန်ကုန်မြို့ရှိ သက်ကြီးရွယ်အို Customer များအတွက် Senior Citizens – KBZPay စင်တာအား ဖွင့်လှစ်

ကမ္ဘောဇဘဏ် အနေဖြင့် ရန်ကုန်မြို့ရှိ အသက် (၆၀) နှင့်အထက် customer များအား ဝန်ဆောင်မှုများ ပေးအပ်ရာတွင် ပိုမိုအဆင်ပြေနိုင်စေရန်အတွက် Senior Citizens - KBZPay စင်တာအား ရန်ကုန်မြို့တွင် ဖွင့်လှစ်ပေးထားပါသည်။ အဆိုပါ စင်တာတွင် အောက်ပါဝန်ဆောင်မှုများအား တနင်္လာနေ့မှ သောကြာနေ့ မနက် ၉နာရီ ၃၀မိနစ်မှ ညနေ ၃နာရီ အတွင်း ရယူနိုင်မည် ဖြစ်ပါသည်။ ■ KBZPay အကောင့်ဖွင့်လှစ်ခြင်း■ ကိုယ်ပိုင်ဘဏ်အကောင့်အား KBZPay အကောင့်နှင့် ချိတ်ဆက်ခြင်း■ ကမ္ဘောဇဘဏ်နှင့် KBZPay အကောင့်များ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များ ပြင်ဆင်ခြင်း■ KBZPay အေးဂျင့် မှ ငွေထုတ်ခြင်း (ဝန်ဆောင်ခပေးဆောင်ရမည်ဖြစ်သည်) အထက်ဖော်ပြပါ ဝန်ဆောင်မှုများ...
ဇွန်လ ၁ ရက်နေ့ ၂၀၂၁ ခုနှစ်မှစ၍ Cheque နှင့် Payment Order (PO) ပုံစံအသစ်များကို စတင် ပြောင်းလဲအသုံးပြုပါရန်

ဇွန်လ ၁ ရက်နေ့ ၂၀၂၁ ခုနှစ်မှစ၍ Cheque နှင့် Payment Order (PO) ပုံစံအသစ်များကို စတင် ပြောင်းလဲအသုံးပြုပါရန်

မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ညွှန်ကြားချက်အရ ကမ္ဘောဇဘဏ်အသုံးပြုသော customer များအနေဖြင့် ၁.၆.၂၀၂၁ ခုနှစ်မှစတင်ပြီး ကမ္ဘောဇဘဏ် နှင့် အခြားမိတ်ဖက်ဘဏ်များ၏ MICR ချက်လက်မှတ်နှင့် PO များအသုံးပြုရာတွင် ပုံစံအသစ်များကို စတင်အသုံးပြုရန် လိုအပ်ကြောင်း အသိပေးအပ်ပါသည်။ ချက်လက်မှတ်ပုံစံအဟောင်းနှင့် PO အဟောင်းများကို ဆက်လက်အသုံးမပြုပါရန်လည်း လေးစားစွာဖြင့် အသိပေးအပ်ပါသည်။ Customer များအနေဖြင့် cheque နှင့် PO ပုံစံအဟောင်းများ လက်ဝယ်တွင်ရှိပါက ၄.၆.၂၀၂၁ အထိ မိမိတို့ ဘဏ်စာရင်းဖွင့်ခဲ့သော ဘဏ်ခွဲတွင် အခမဲ့လဲလှယ်နိုင်ပါသည်။  ၁.၆.၂၀၂၁ မှ ၄.၆.၂၀၂၁ အတွင်း ချက်လက်မှတ် နှင့် PO ပုံစံအဟောင်းများ အသုံးပြုမှုအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ပုံစံဟောင်း တစ်စောင်လျှင်...
ကဆုန်လပြည့်နေ့ ဘဏ်ပိတ်ရက်ကြေညာခြင်း

ကဆုန်လပြည့်နေ့ ဘဏ်ပိတ်ရက်ကြေညာခြင်း

လေးစားအပ်ပါသော ကမ္ဘောဇဘဏ်သုံးစွဲသူ ပြည်သူများ (၂၀၂၁) ခုနှစ် မေလ (၂၅) ရက်နေ့သည် ကဆုန်လပြည့်နေ့ ဘဏ်ပိတ်ရက်ဖြစ်ပါသောကြောင့် ကမ္ဘောဇဘဏ်ခွဲများအားလုံးကို ပိတ်ထားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။ ဘဏ်ပိတ်ရက်အတွင်း ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စရပ်များကိုKBZPay နှင့် KBZ iBanking/mBanking များမှတဆင့် ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း လေးစားစွာ အကြောင်းကြားအပ်ပါသည်။ လူကြီးမင်း၏ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။
မြန်မာတစ်နိုင်ငံလုံးရှိကမ္ဘောဇဘဏ်ခွဲများ၌ QuickPay ဝန်ဆောင်မှုအား ဆောင်ရွက်ပေးနေပါပြီ

မြန်မာတစ်နိုင်ငံလုံးရှိကမ္ဘောဇဘဏ်ခွဲများ၌ QuickPay ဝန်ဆောင်မှုအား ဆောင်ရွက်ပေးနေပါပြီ

လေးစားအပ်ပါသော ကမ္ဘောဇဘဏ်၏ QuickPay သုံးစွဲသူများ ကမ္ဘောဇဘဏ်၏ QuickPay ဝန်ဆောင်မှုအား အစဥ်သုံးစွဲပေးကြသော ကုန်သည်ကြီးများနှင့် Customer များ အတွက် တနင်္လာမှ သောကြာ မနက် ၁၀နာရီမှ နေ့လည် ၁ နာရီအတွင်း ကမ္ဘောဇဘဏ်ခွဲများ၌ QuickPay ဝန်ဆောင်မှုအား appointment ယူရန်မလိုဘဲ ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း လေးစားစွာ အကြောင်းကြားအပ်ပါသည်။ Customer များအနေနှင့် “ငွေသား (သို့) ချက်လက်မှတ်ကိုအသုံးပြု၍ ငွေပေးသွင်းခြင်းဖြင့်” မိမိတို့ ကုမ္ပဏီ၏ ငွေအရင်းအမြစ်များကို လွယ်ကူထိရောက်စွာ စီမံနိုင်မည်ဖြစ်သည်။  ကမ္ဘောဇဘဏ်၏ QuickPay ဝန်ဆောင်မှုကို အသုံးပြုခြင်းအတွက် ကျေးဇူးတင်ရှိပါသည်။
ရန်ကုန်မြို့ရှိ customer များအတွက်ချက်လက်မှတ်စာအုပ် အမြန်တောင်းခံ ထုတ်ယူနိုင်မည့် စင်တာ

ရန်ကုန်မြို့ရှိ customer များအတွက်ချက်လက်မှတ်စာအုပ် အမြန်တောင်းခံ ထုတ်ယူနိုင်မည့် စင်တာ

လေးစားအပ်ပါသော ကမ္ဘောဇဘဏ်သုံးစွဲသူ customer များ မေလ (၁၇) ရက် မှစ၍ ရန်ကုန်မြို့ရှိ customer များအနေဖြင့် ချက်လက်မှတ်စာအုပ် အမြန်တောင်းခံထုတ်ယူနိုင်မည့်ဝန်ဆောင်မှုအသစ်ဖြင့် ချက်စာအုပ်များရယူနိုင်ပြီဖြစ်ပါသည်။ ချက်လက်မှတ်စာအုပ် အမြန်တောင်းခံထုတ်ယူနိုင်မည့် ဝန်ဆောင်မှုအသစ်အတွက် KBZPay ရှိ "ချက်လက်မှတ်စာအုပ် အမြန်တောင်းခံထုတ်ယူခြင်း" မှတစ်ဆင့် appointment ရယူကာ တောင်းခံနိုင်ပြီး ချက်စာအုပ်အသစ်အား customer များအား ချက်ချင်းထုတ်ပေးသွားမည်ဖြစ်ပါသည်။ ချက်လက်မှတ်စာအုပ် အမြန်တောင်းခံထုတ်ယူခြင်း တည်နေရာနှင့် အချိန် KBZPay စင်တာ : ၅လွှာ ဘဏ်ဖွင့်ချိန် : နံနက် ၉ နာရီ - နေ့လည် ၃:၃၀ နာရီ တိုက် အေ (၁)၊ ၅ လွှာ၊ မင်းရဲကျော်စွာ...
မေလအတွက်  ငွေစုဘဏ်အပ်ငွေစာရင်း၏ အပ်ငွေကာလအား တိုးမြှင့်ပေးခြင်း

မေလအတွက် ငွေစုဘဏ်အပ်ငွေစာရင်း၏ အပ်ငွေကာလအား တိုးမြှင့်ပေးခြင်း

လေးစားအပ်ပါသော ကမ္ဘောဇဘဏ်သုံးစွဲသူ ပြည်သူများ  ၂၀၂၁ခုနှစ်၊ ဧပြီလ ၂၇ရက် နေ့ပါ ဗဟိုဘဏ်၏ ညွှန်ကြားချက်အရ  အများပြည်သူရုံးပိတ်ရက်များဖြစ်သည့် ဧပြီလ ၃၀ရက်နေ့ မှ မေလ ၂ရက်နေ့အထိအား အစားထိုးပေးသည့်အနေဖြင့် ကမ္ဘောဇဘဏ် ငွေစုဘဏ်အပ်ငွေစာရင်း၏ အပ်ငွေများကို  မေလ ၇ ရက်အထိ အပ်နှံနိုင်ပြီဖြစ်ပါသည်။ မေလ ၇ ရက်နေ့အထိ ငွေစုဘဏ်အပ်ငွေစာရင်းသို့အပ်ငွေများသည် မေလအတွက် အတိုးနှုန်းတွက်ချက်ရာတွင် အကျုံးဝင်မည်ဖြစ်ပါသည်။ ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို KBZ iBanking/mBanking၊ KBZPay၊ မြန်မာနိုင်ငံ၏ ကွန်ရက်အကျယ်ပြန့်ဆုံးဖြစ်သည့် ဘဏ်ခွဲများနှင့် ATM များမှတဆင့် ဘဏ္ဍာရေး စီမံခန့်ခွဲမှုများ ပြုလုပ်နိုင်ကြောင်းလည်း အကြောင်းကြားအပ်ပါသည်။  လူကြီးမင်း၏ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။