ကမ္ဘောဇဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်အတွင်းရှိ Online Trading အစီအစဉ်တွင် ပါဝင်ဆောင်ရွက်ခြင်း

မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဦးဆောင်၍ AD လိုင်စင်ရဘဏ်များနှင့် Customer များအကြား နိုင်ငံခြားငွေ ဝယ်ယူရောင်းချခြင်းအား Online Trading Platform ဖြင့် ဆောင်ရွက်လျက်ရှိရာတွင် ကမ္ဘောဇဘဏ်မှလည်း ပါဝင်လုပ်ဆောင်ခဲ့ပါသည်။ ၂၀၂၃ ခုနှစ် ဇွန်လ ၂၃ ရက်နေ့အတွက် Online Trading အစီအစဉ်တွင် စုစုပေါင်းဝယ်ယူရောင်းချခြင်း ဖြစ်မြောက်ခဲ့သည့်ပမာဏမှာ အမေရိကန်ဒေါ်လာ ၄.၈၁ သန်း နှင့် ငွေလဲလှယ်နှုန်းမှာ ကျပ် ၂,၉၂၀/ ၂,၉၂၂ ဖြစ်ပါသည်။

အဆိုပါ Online Trading Platform  တွင်ဝယ်ယူရောင်းချလိုသော Customer (Importer, Exporter) များအနေဖြင့်  ကမ္ဘောဇဘဏ်၏ Corporate Banking Relationship Manager များ (သို့မဟုတ်) Treasury Dealer များမှတဆင့် ဆက်သွယ် စာရင်းပေးသွင်းနိုင်ပြီဖြစ်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

အသေးစိတ်သိရှိလိုပါက ကမ္ဘောဇဘဏ်၏ Treasury FX Team: 01 2307187, 01 2307190 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။