စာရင်းသေအပ်ငွေစာရင်းကို KBZ m/iBanking မှတစ်ဆင့် ဖွင့်လှစ်လိုက်ပါ 

စာရင်းသေအပ်ငွေစာရင်းအား အသစ်ဖွင့်လှစ်လိုသည့် Customer များအနေဖြင့် ဘဏ်ခွဲသို့လာရောက်စရာမလိုအပ်ဘဲ  KBZ iBanking (သို့) mBanking ရှိရုံဖြင့် စာရင်းကို လွယ်ကူစွာဖွင့်လှစ်နိုင်ပြီဖြစ်ပါတယ်။ စာရင်းဖွင့်ရာတွင် Individual(Single) အကောင့် နှင့် Corporate/Business အကောင့် စသည်ဖြင့်ဖွင့်လှစ်နိုင်ပြီး ကနဦးအပ်နှံငွေအား မိမိ၏ ပုံမှန်အပ်ငွေစာရင်းများ (ငွေစုဘဏ်အပ်ငွေ၊ ခေါ်ယူအပ်ငွေ၊ စာရင်းရှင်အပ်ငွေ)  မှသာမက ငွေစာရင်းအကောင့်အပ်ငွေစာရင်း (ငွေစုဘဏ်အပ်ငွေ၊ ခေါ်ယူအပ်ငွေ၊ စာရင်းရှင်အပ်ငွေ) များမှလည်းလွှဲပြောင်းကာ ဖွင့်လှစ်နိုင်ပါတယ်။ သက်တမ်းပြည့်ပြီးချိန်တွင် လည်း မိမိ၏ ပုံမှန်အပ်ငွေစာရင်းများ (ငွေစုဘဏ်အပ်ငွေ၊ ခေါ်ယူအပ်ငွေ၊ စာရင်းရှင်အပ်ငွေ) မှသာမက ငွေစာရင်းအကောင့်အပ်ငွေစာရင်းများ (ငွေစုဘဏ်အပ်ငွေ၊ ခေါ်ယူအပ်ငွေ၊ စာရင်းရှင်အပ်ငွေ) ထဲသို့ လည်းပြန်လည်လွှဲပြောင်း ထည့်သွင်းနိုင်ပါတယ်။

KBZ m/iBanking မှတစ်ဆင့် ဖွင့်လှစ်နိုင်သော စာရင်းသေအပ်ငွေစာရင်း ကာလအပိုင်းအခြားများနှင့် အတိုးနှုန်းများမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

– ရက်(၉၀) စာရင်းသေအပ်ငွေစာရင်း တစ်နှစ်လျှင် ၉%

– ရက်(၁၈၀) စာရင်းသေအပ်ငွေစာရင်း တစ်နှစ်လျှင် ၉.၂၅%

– ရက်(၂၇၀) စာရင်းသေအပ်ငွေစာရင်း တစ်နှစ်လျှင် ၈.၃% 

– ရက်(၃၆၀) စာရင်းသေအပ်ငွေစာရင်း တစ်နှစ်လျှင် ၈.၅% 

– ရက်(၁၀၈၀) စာရင်းသေအပ်ငွေစာရင်း တစ်နှစ်လျှင် ၈% 

အသေးစိတ်အချက်အလက်များကို KBZ Call Center 09951018555 သို့ဆက်သွယ် မေးမြန်းနိုင်ပါတယ်။