Announcements

သင်္ကြန်ကာလ ဘဏ်ပိတ်ရက်များ ကြေငြာခြင်း

သင်္ကြန်ကာလ ဘဏ်ပိတ်ရက်များ ကြေငြာခြင်း

လေးစားအပ်ပါသော ကမ္ဘောဇဘဏ်သုံးစွဲသူ ပြည်သူများ မြန်မာနိုင်ငံရှိ ငွေသွင်းစင်တာအပါအဝင် အခြားကမ္ဘောဇဘဏ်ခွဲများအားလုံး ကို ဧပြီလ ၁၃ ရက်နေ့ မှ ၁၉ ရက်နေ့အထိ သင်္ကြန်ပိတ်ရက်များအတွင်း  ပိတ်ထားမည်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။  ဘဏ်ပိတ်ရက်အတွင်း ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို KBZPay၊ KBZ iBanking/mBanking နှင့် ATM များမှတဆင့် ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း လေးစားစွာအကြောင်းကြားအပ်ပါသည်။  လူကြီးမင်း၏ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။
ရန်ကုန်မြို့ရှိ customer များအတွက် သီးသန့် ငွေသွင်းစင်တာ စတင်ဖွင့်လှစ်

ရန်ကုန်မြို့ရှိ customer များအတွက် သီးသန့် ငွေသွင်းစင်တာ စတင်ဖွင့်လှစ်

ရန်ကုန်မြို့ရှိ customer များအနေဖြင့် ငွေသွင်းဝန်ဆောင်မှုများ ရယူလိုပါက သီးသန့်ဖွင့်လှစ်ထားသော ငွေသွင်းစင်တာသို့ သွားရောက်ဝန်ဆောင်မှု ရယူနိုင်ပြီဖြစ်ပါသည်။  ရယူနိုင်သော ငွေသွင်းဝန်ဆောင်မှုများမှာ  ၁။ မြန်မာကျပ်ငွေ နှင့် အမေရိကန်ဒေါ်လာ ငွေသွင်း ၂။ ချက်လက်မှတ် သွင်းခြင်း ၃။ QuickPay ပေးဆောင်ခြင်း နှင့် ၄။ KBZPayသို့ ငွေသွင်းခြင်း စသည့်တို့ ဖြစ်ပါသည်။  ရန်ကုန်မြို့တွင် လာမည့်ရက်များအတွင်း ငွေသွင်းစင်တာများထပ်မံဖွင့်လှစ်သွားမည်ဖြစ်ပါသည်။  ဝန်ဆောင်မှုရယူရန် ကြိုတင်စာရင်းပေးသွင်းလိုပါက အပြာရောင် KBZPay အက်ပလီကေးရှင်း၏ Branch Appointment မှတဆင့်သော်လည်းကောင်း၊ Customer Service team ၏ ဖုန်းနံပါတ် ၀၉-၉၅၁၀၁၈၅၅၅ သို့လည်းကောင်း ဆက်သွယ်နိုင်ပါသည်။  ငွေသွင်းစင်တာများအကြောင်း သိရှိလိုပါက Customer...
ဘဏ်ပိတ်ရက်ကြေငြာခြင်း

ဘဏ်ပိတ်ရက်ကြေငြာခြင်း

လေးစားအပ်ပါသော ကမ္ဘောဇဘဏ်သုံးစွဲသူ ပြည်သူများ ၂၀၂၁ခုနှစ်၊ ဧပြီလ ၁ ရက်နေ့အား ဘဏ္ဍာရေးနှစ်ချုပ်စာရင်းပိတ်လုပ်ငန်း ဆောင်ရွက်ရန်အတွက် ကမ္ဘောဇဘဏ်ခွဲများအား ပိတ်ထားမည်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။  ဘဏ်ပိတ်ရက်အတွင်း ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို KBZPay၊ KBZ iBanking/mBanking နှင့် ATM များမှတဆင့် ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း လေးစားစွာအကြောင်းကြားအပ်ပါသည်။  လူကြီးမင်း၏ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။
ရုံးပိတ်ရက်အတွင်း ဘဏ်ခွဲများပိတ်ထားမည်ဖြစ်ကြောင်း အသိပေးခြင်း

ရုံးပိတ်ရက်အတွင်း ဘဏ်ခွဲများပိတ်ထားမည်ဖြစ်ကြောင်း အသိပေးခြင်း

လေးစားအပ်ပါသော ကမ္ဘောဇဘဏ်သုံးစွဲသူ ပြည်သူများ  မြန်မာတစ်နိုင်ငံလုံးရှိ ကမ္ဘောဇဘဏ်၏ ဘဏ်ခွဲများအားလုံးကို ရုံးပိတ်ရက်များဖြစ်သော မတ်လ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့ (သောကြာနေ့မှ တနင်္လာနေ့) အထိ ပိတ်ထားမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။ Customer များအနေဖြင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများအတွက်  ကမ္ဘောဇဘဏ် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများဖြစ်သော KBZPay၊ KBZ iBanking နှင့် mBanking များအသုံးပြုခြင်းဖြင့် ဘဏ်ခွဲများသို့ လာရောက်ရန် မလိုအပ်ပဲ ဘဏ္ဍာရေး စီမံခန့်ခွဲမှုများ ပြုလုပ်နိုင်မှာ ဖြစ်ပါသည်။  မတ်လ ၃၀ ရက်နေ့ (အင်္ဂါနေ့) တွင် ဖွင့်လှစ်သွားမည့် ဘဏ်ခွဲစာရင်းများကို ကမ္ဘောဇဘဏ် website တွင် ကြည့်ရှုနိုင်ပါသည်။  လူကြီးမင်း၏ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။
List of How to Videos

List of How to Videos

KBZ Bank အသုံးပြုသူများအတွက် KBZ Bank မှ ဝန်ဆောင်မှုများနှင့် လုပ်ဆောင်ချက်များ၏ အသုံးပြုနည်းများကို အောက်ပါလင့်ခ်များမှတဆင့်ကြည့်ရှုနိုင်ပါသည်။ https://www.youtube.com/watch?v=ABgE_MnJQns&list=PLATUDBq-zzIFlnaiSNF-jeBrK7aStY-Uq KBZ mBankingမှ အကောင့် History ကို စစ်ဆေးပုံအဆင့်ဆင့် https://www.youtube.com/watch?v=7Lm1fak7tCg&list=PLATUDBq-zzIFlnaiSNF-jeBrK7aStY-Uq&index=2 ငွေလွှဲနှင့် အခြားဝန်ဆောင်မှုနှုန်းထားများ၏ ကန့်သတ်ချက်များကို KBZ mBankingတွင် ကြည့်ရှုနိုင်ပုံအဆင့်ဆင့် https://www.youtube.com/watch?v=-2n_PYUpl00&list=PLATUDBq-zzIFlnaiSNF-jeBrK7aStY-Uq&index=3 KBZ mBanking မှ Bank Statement ထုတ်ယူပုံ အဆင့်ဆင့် https://www.youtube.com/watch?v=OYdqIRSt5JU&list=PLATUDBq-zzIFlnaiSNF-jeBrK7aStY-Uq&index=4 KBZ mBanking မှ Card Registration ပြုလုပ်ပုံ နှင့် Credit Card အတွက် ငွေပေးသွင်းပုံအဆင့်ဆင့် https://www.youtube.com/watch?v=tESHIjyDKIU&list=PLATUDBq-zzIFlnaiSNF-jeBrK7aStY-Uq&index=5 KBZ mBanking ကို ATM ကတ်အသုံးပြုပြီး...
ဖေ‌ဖော်ဝါရီ 18, 2021ဇွန် 1, 2021 In Announcements
ယနေ့ ကမ္ဘောဇဘဏ်၏ ဘဏ်ခွဲများအားလုံးကို ယာယီပိတ်ထားမည် ဖြစ်ပါသည်။

ယနေ့ ကမ္ဘောဇဘဏ်၏ ဘဏ်ခွဲများအားလုံးကို ယာယီပိတ်ထားမည် ဖြစ်ပါသည်။

ယနေ့ ကမ္ဘောဇဘဏ်၏ ဘဏ်ခွဲများအားလုံးကို ယာယီပိတ်ထားမည် ဖြစ်ပါသည်။ ငွေသားထုတ်ယူမှုများကို လူကြီးမင်းတို့နှင့် နီးစပ်ရာ ATM များတွင် ဆောင်ရွက်နိုင်ပါသည်။ အသေးစိတ် အချက်အလက်များကို ဘဏ်၏ website တွင်လည်းကောင်း၊ မိမိတို့၏ Call Center နံပါတ်များဖြစ်သည့် 8555 နှင့် 09951018555 သို့လည်းကောင်း ဆက်သွယ်နိုင်ပါသည်။ လူကြီးမင်းတို့၏ နားလည်ပေးမှုအပေါ် ကျေးဇူးအထူးတင်ရှိပါသည်။
ဖေ‌ဖော်ဝါရီ 8, 2021ဖေ‌ဖော်ဝါရီ 8, 2021 In Announcements
(၂၀၂၁ ဖေဖော်ဝါရီလ ၅ရက်) နေ့ရှိ ကမ္ဘောဇဘဏ်လီမိတက်၏ Exchange Counter ငွေလဲလှယ်နှုန်းထားများ

(၂၀၂၁ ဖေဖော်ဝါရီလ ၅ရက်) နေ့ရှိ ကမ္ဘောဇဘဏ်လီမိတက်၏ Exchange Counter ငွေလဲလှယ်နှုန်းထားများ

(၂၀၂၁ ဖေဖော်ဝါရီလ ၅ရက်) နေ့ရှိ ကမ္ဘောဇဘဏ်လီမိတက်၏ Exchange Counter ငွေလဲလှယ်နှုန်းထားများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ ငွေလွှဲပေးပို့ခြင်းနှင့် ငွေလွှဲလက်ခံသည့်နှုန်းထားများမှာ ကမ္ဘောဇဘဏ်လီမိတက်၏ Exchange Counter ငွေလဲလှယ်နှုန်းထားများနှင့်မတူညီဘဲ ပြောင်းလဲမှုများရှိနိုင်ပါသည်။ Below are the KBZ Bank Exchange Counter Rates for < 05-02-2021>. The Transfer Rate/Earning Rate may vary from these Exchange Counter Rates. #KBZBank  #KBZExchangeRates
ဖေ‌ဖော်ဝါရီ 5, 2021ဖေ‌ဖော်ဝါရီ 5, 2021 In Announcements
လေးစားအပ်ပါသော ကမ္ဘောဇဘဏ် အသုံးပြုသူ customer များ မင်္ဂလာပါ။

လေးစားအပ်ပါသော ကမ္ဘောဇဘဏ် အသုံးပြုသူ customer များ မင်္ဂလာပါ။

ကမ္ဘောဇဘဏ်၏ ဝန်ဆောင်မှုများဆိုင်ရာ သတင်းအချက်အလက်များကို ကမ္ဘောဇဘဏ် website၊ အီးမေးလ် နှင့် အခြားတရားဝင် channel တို့မှတဆင့် အချိန်နှင့်တပြေးညီ ဆက်လက်တင်ပြသွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ကမ္ဘောဇဘဏ် website www.kbzbank.com/mm/၊ Call Center နံပါတ် 09-951018555 ၊ [email protected] နှင့် နီးစပ်ရာဘဏ်ခွဲများတွင် ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။ မိမိ၏ ဘဏ်အကောင့်အချက်အလက်များ၊ KBZ Online Banking (iBanking၊ mBanking) တို့၏ လျှို့ဝှက် PIN နံပါတ်၊ OTP SMS ကုဒ် များကို မည်သူတစ်ဦးတစ်ယောက်ကိုမှ မမျှဝေမိအောင် သတိရှိစွာပြုမူဆောင်ရွက်ပါရန်နှင့် စုံစမ်းသိရှိလိုသော အချက်များရှိပါက Customer ဝန်ဆောင်မှုဌာနသို့ ဆယ်သွယ်ပါ။ KBZ...
ဖေ‌ဖော်ဝါရီ 4, 2021ဖေ‌ဖော်ဝါရီ 4, 2021 In Announcements