ကမ္ဘောဇဘဏ်ခွဲများရှိ ငွေပေးကောင်တာများ (OTC) တွင် ပုံမှန်အပ်ငွေစာရင်းများမှ ငွေသားထုတ်ယူနိုင်သည့်ပမာဏတိုးမြှင့်ကြောင်း အသိပေးအကြောင်းကြားခြင်း

ကမ္ဘောဇဘဏ်ခွဲများ၏ ငွေပေးကောင်တာအသီးသီး(OTC)တွင် ပုံမှန်အပ်ငွေ စာရင်းများမှ ငွေသားထုတ်ယူရာတွင် အောက်ဖော်ပြပါပမာဏများအတိုင်း (၂၃-၅-၂၀၂၃) ရက်နေ့မှစတင်၍ ထုတ်ယူနိုင်ပြီဖြစ်ပါသည်။

– လူပုဂ္ဂိုလ်တစ်ဦးချင်း၏ ပုံမှန်အပ်ငွေစာရင်းအသီးသီးမှ တစ်ပတ်လျှင် အများဆုံး ကျပ်သိန်း (၁၀၀) အထိ

– ကုမ္ပဏီများနှင့်အခြားငွေရေးကြေးရေးအဖွဲ့အစည်းစာရင်းများမှ ပုံမှန်အပ်ငွေစာရင်းတစ်ခုမှ တစ်ပတ်လျှင် အများဆုံး ကျပ်သိန်း (၁၀၀၀) အထိ

ငွေသားထုတ်ယူရာတွင် ပုံမှန်စာရင်းရှင်အပ်ငွေစာရင်း၊ ပုံမှန်ခေါ်ယူအပ်ငွေစာရင်း နှင့် ပုံမှန်ငွေစုဘဏ်အပ်ငွေစာရင်းများမှထုတ်ယူနိုင်မှာဖြစ်ပြီး အသေးစိတ်ကို KBZ Bank Call Center 09951018555 သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။