အမေရိကန် ဒေါ်လာ ၅၀၀ အထိ (သို့) ယင်းနှင့်ညီမျှသော နိုင်ငံခြားငွေအား ‌ရောင်းချပေးနေပါပြီ

ကမ္ဘောဇဘဏ်အနေဖြင့် customer များ၏ ဘဏ်လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် အစဉ်ကြိုးပမ်းလျက်ရှိရာ ယခုအခါ ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်မည့်သူများ၊ ပညာတော်သင်သွားရောက်မည့်သူများ နှင့် ဆေးကုသမှုခံယူရန် ထွက်ခွာမည့်သူများအတွက် ၂၀၂၃ ခုနှစ် ဇွန်လ ၁ ရက်နေ့ မှစတင်၍ တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၅၀၀ အထိ (သို့) ယင်းနှင့်ညီမျှသော နိုင်ငံခြားငွေအား ရောင်းချပေးသွားမည်ဖြစ်ပါသည်။ ဝယ်ယူလိုသည့် customer များအနေဖြင့် ကမ္ဘောဇဘဏ်လီမိတက်၏ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် ကောင်တာ၊ မန္တလေးဘဏ်ခွဲ-၃၆ နှင့် တောင်ကြီးဘဏ်ခွဲ-၁ တို့တွင် လိုအပ်သည့် စာရွက်စာတမ်း အထောက်အထားများတင်ပြ၍ ဝယ်ယူနိုင်မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

အသေးစိတ်သိရှိလိုပါက KBZ Call Center: 09-951018555 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။