Visa/Mastercard Prepaid Card လာရောက်လျှောက်ထားလျှင် Customer တွင် မည်သည့် ဘဏ်အကောင့်မဆို အနည်းဆုံး (၁)ခုရှိထားရမည်ဖြစ်ပါသည်။ 

(၁) Customer ကိုယ်တိုင်လာရောက်၍ NRC (Or) Passport ယူလာရပါမည်။
(၂) Card Registration Fee – 10,000 MMK
(၃) Card Initial Deposit – USD 50 
(၄) Minimum card balance – USD 20

Visa/Mastercard Prepaid Card ကို နေ့ချင်းအပြီး ရရှိနိုင်ပါသည်။

Prepaid Card Lost/ Renewal များ လာရောက်လျှောက်ထားလျှင် နေ့ချင်းအပြီး ရရှိနိုင်ပါသည်။
နီးစပ်ရာဘဏ်တွင် လျှောက်ထားနိုင်ပါသည်။

မည်သည့်ဘဏ်အကောင့်မဆို အနည်းဆုံး (၁)ခုရှိထားပါက USD (or) MMK ဖြင့် လာရောက်လျှောက်ထားနိုင်ပါသည်။

Prepaid Card အသစ်လာရောက်လျှောက်ထားသော Customer သည် ဘဏ်အကောင့်ရှိထားလျှင် Topup amount အား  Account Transfer ဖြင့် လက်ခံနိုင်ပြီး ကတ်ဖိုးငွေ (10,000) MMK အား ငွေသားဖြင့် ပေးချေရပါမည်။

Prepaid Card Customer သည် Password မေ့သွားပါက Customer ကိုယ်တိုင် Call Center သို့ဆက်သွယ်၍ (သို့မဟုတ်) နီးစပ်ရာ ဘဏ်ခွဲသို့သွားရောက်လျှောက်ထား၍ Pin Number အသစ်ပြန်လည်ရယူနိုင်ပါသည်။
ကတ်ထဲမှ Pin Reissue Fees – 1 USD အား  Auto ဖြတ်သွားမည်ဖြစ်ပါသည်။

Prepaid Card Account သို့  တလလျှင် TopUp USD – 1,000 အများဆုံးဖြင့်၊ (၃)လအတွင်း USD – 3,000 ပြည့်သည့်အထိ ထည့်သွင်းနိုင်ပါသည်။

  • Prepaid Card ကို တစ်လအတွင်း USD – 2,500 အထိအသုံးပြုခွင့်ရှိပါသည်။
  • Oversea ATM တွင် (၁) ရက် USD – 50 ငွေသားထုတ်ယူနိုင်ပြီး၊ (၁)ပတ်လျှင် USD – 100 နှုန်းဖြင့် (၄)ပတ် အတွင်း USD – 400 ငွေသားဖြင့်ထုတ်ယူနိုင်ပါသည်။ လက်ကျန် USD – 2,100 သည် Online Payment ဖြင့် အသုံးပြု၍ ရပါသည်။

Prepaid Card အသုံးပြုခွင့် (၁)လအတွင်းသည် ပထမလ(၁၆)ရက်နေ့မှ ရောက်ရှိနေသောလ၏ (၁၅)ရက်နေ့အတွင်းကို Prepaid Card ၏ Monthly Cycle (၁)လ ဟုသတ်မှတ်ပါသည်။

Prepaid Card အတွင်းသို့ Credit balance ၏ monthly cycle လအစတွင် “Zero Balance” ပြနေပါက monthly cycle limit အနေဖြင့် Up to USD – 1,000 သွင်းခွင့်ရှိပါသည်။

Customer မှ Top Up ဖြည့်သွင်းလိုလျှင် MMK (OR) USD Currency Note (50 OR 100)  ကြိုက်နှစ်သက်ရာ Currency ဖြင့် Top Up ဖြည့်သွင်းနိုင်ပါသည်။ 

Customer မှ CardWorks System ၏ Total Monthly TopUp Amount ကို စစ်ဆေးနိုင်သော Credit Balance တွင် USD 1,000 ပြည့်နေပြီးသော်လည်း ထပ်မံကျော်လွန်ပြီး TopUp ပြုလုပ်လိုပါက သက်ဆိုင် ရာဘဏ်ခွဲမှ [email protected] သို့ လိုအပ်သောအထောက်အထားများနှင့်တကွ Email ပို့၍ ခွင့်ပြု ချက်တောင်းရမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရမှသာလျှင် ဆက်လက်၍ဆောင်ရွက်ရပါမည်။

ကတ်ရှိထားသောကြောင့် Top up only လုပ်လိုသည့် Customer (OR) ကိုယ်စားလာရောက် ဖြည့်သွင်း ပေးသူသည် ဘဏ်အကောင့်ရှိရန်မလိုအပ်ပါ။

Prepaid Card Monthly Cycle သည် ယခင်လ(၁၆)ရက်နေ့မှ ရောက်ရှိနေသောလ၏ (၁၅)ရက်နေ့အတွင်းကို (၁)လဟု သတ်မှတ်ပါသည်။

Top Up သွင်းလိုလျှင် Maximum Limit သည် CardWorks ရှိ Credit Balance ၏ monthly cycle အစတွင် “Zero Balance” ပြနေပါက monthly cycle limit အနေဖြင့် USD – 1,000 Limit ပြသည့်အထိ ဖြည့်သွင်းနိုင်ပါသည်။

ဥပမာ – CardWorks ရှိ Credit Balance ၏ monthly cycle အစတွင် “700” ပြနေပါက USD – 300 ဖြင့် ညီမျှသော MMK ကိုသာထပ်မံ၍ ဖြည့်သွင်းလို့ရတော့မည်ဖြစ်ပါသည်။

Customer သည် Top Up လာရောက်ထည့်သွင်းလျှင် ဘဏ်ဝန်ထမ်းမှ CardWorks System ရှိ Credit Balance ကို ဦးစွာစစ်ဆေးပေးပြီးမှသာ လက်ခံဆောင်ရွက်ပေးရမည်ဖြစ်ပါသည်။

Prepaid Card အတွင်းသို့ Credit Balance ကိုစစ်ဆေးပြီး Account Transfer ဖြင့် Top Up ဖြည့်သွင်းခွင့်ပြုပါသည်။