Announcements

ကမ္ဘောဇအိမ်ရာချေးငွေနဲ့ စိတ်ကူးထဲကအိမ်လေးကို အိပ်မက်မဟုတ် လက်တွေ့ ပိုင်ဆိုင်နိုင်ပါပြီ

ကမ္ဘောဇအိမ်ရာချေးငွေနဲ့ စိတ်ကူးထဲကအိမ်လေးကို အိပ်မက်မဟုတ် လက်တွေ့ ပိုင်ဆိုင်နိုင်ပါပြီ

နှစ်ရှည်လများစိတ်ကူးယဉ်အိပ်မက်လာခဲ့တဲ့ ကိုယ့်စိတ်ကူးထဲကအိမ်လေးကို လက်တွေ့ပိုင်ဆိုင်နိုင်ဖို့ ကမ္ဘောဇအိမ်ရာချေးငွေရှိနေပါပြီ။ မိမိရဲ့လိုအပ်ချက်အလိုက် ချေးငွေသက်တမ်းအမျိုးမျိုး၊ ကနဦးပေးချေငွေအမျိုးမျိုးကို ရွေးချယ်လျှောက်ထားနိုင်မယ့်အပြင် ရိုးရှင်းမြန်ဆန်တဲ့လျှောက်ထားမှုပုံစံကြောင့် လွယ်ကူအဆင်ပြေစွာနဲ့ ကိုယ်ပိုင်အိမ်လေးကို ပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုသမျှကို Home Loan Center၊ KBZPay Center နှင့် နီးစပ်ရာဘဏ်ခွဲများတွင် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။ Home Loan Center  YangonNo(133) (B), West Shwe Gone Dine Road, West Shwe Gone Dine Ward, Bahan Township, Yangon.09-444000700, 09-444000800, 09-444111102, 09-444111103,01-556437, 01-556452 MandalayBlock(5), Unit(2), Mingalar Mandalay Housing, (73) Street,...
အာဇာနည်နေ့  ဘဏ်ပိတ်ရက်ကြေညာခြင်း

အာဇာနည်နေ့  ဘဏ်ပိတ်ရက်ကြေညာခြင်း

လေးစားအပ်ပါသော ကမ္ဘောဇဘဏ် customer များ ဇူလိုင်လ၊ (၁၉)  ရက်နေ့၊ ၂၀၂၂ ခုနှစ် သည် အာဇာနည်နေ့  ဘဏ်ပိတ်ရက်ဖြစ်ပါသောကြောင့် ကမ္ဘောဇဘဏ်ခွဲများအားလုံးကို ပိတ်ထားမည်ဖြစ်ပြီး ငွေကြေးဆိုင်ရာကိစ္စရပ်များကို  KBZ Online Banking (mBanking၊ iBanking) နှင့် KBZPay တို့မှတစ်ဆင့် ဆက်လက်ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း အသိပေးအပ်ပါသည်။ လူကြီးမင်း၏ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။
KBZ Online Banking နှင့်ငွေလွှဲခြင်းအတွက် ဝန်ဆောင်ခနှုန်းထားများ 

KBZ Online Banking နှင့်ငွေလွှဲခြင်းအတွက် ဝန်ဆောင်ခနှုန်းထားများ 

ဇူလိုင်လ ၅ ရက်နေ့မှစတင်ပြီး ကမ္ဘောဇဘဏ်အကောင့်အချင်းချင်း ငွေလွှဲလုပ်ဆောင်ချက်များအတွက် ဝန်ဆောင်ခနှုန်းထားများ ကောက်ခံသွားမည်ဖြစ်ကြောင်
ဝါဆိုလပြည့်နေ့ ဘဏ်ပိတ်ရက်ကြေညာခြင်း

ဝါဆိုလပြည့်နေ့ ဘဏ်ပိတ်ရက်ကြေညာခြင်း

လေးစားအပ်ပါသော ကမ္ဘောဇဘဏ် customer များ ဇူလိုင်လ၊ (၁၂) ရက်နေ့၊ ၂၀၂၂ ခုနှစ် သည် ဝါဆိုလပြည့်နေ့ (ဓမ္မစကြာ အခါတော်နေ့) ဘဏ်ပိတ်ရက်ဖြစ်ပါသောကြောင့် ကမ္ဘောဇဘဏ်ခွဲများအားလုံးကို ပိတ်ထားမည်ဖြစ်ပြီး ငွေကြေးဆိုင်ရာကိစ္စရပ်များကို KBZ Online Banking (mBanking၊ iBanking) နှင့် KBZPay တို့မှတစ်ဆင့် ဆက်လက်ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း အသိပေးအပ်ပါသည်။ လူကြီးမင်း၏ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။
မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများအတွက် ဘဏ်ဝန်ဆောင်မှုများကို စတင်ရယူနိုင်ပါပြီ

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများအတွက် ဘဏ်ဝန်ဆောင်မှုများကို စတင်ရယူနိုင်ပါပြီ

လေးစားအပ်ပါသော ကမ္ဘောဇဘဏ် အသုံးပြုသူများ မြန်မာ-တရုတ် နယ်စပ်ဒေသကုန်သွယ်ရေး (Border Trade) လုပ်ငန်းများအတွက် ဘဏ်ဝန်ဆောင်မှုများကို ကမ္ဘောဇဘဏ်တွင် ရယူနိုင်ပြီဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။ ကမ္ဘောဇဘဏ်မှ ဆောင်ရွက်ပေးမည့် ဝန်ဆောင်မှုများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ ယွမ်စာရင်းဖွင့်လှစ်ခြင်း ကျပ်ငွေစာရင်း နှင့် ယွမ်စာရင်း တိုက်ရိုက်လွှဲပြောင်းနိုင်ခြင်း တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချသော ကုန်ဖိုးငွေလွှဲ ဝင်ရောက်လာပါက Customer ၏ ဘဏ်စာရင်းသို့ ထည့်သွင်းပေးခြင်း ကုန်ပစ္စည်းတန်ဖိုးပေးချေရန်အတွက် တရုတ်နိုင်ငံရှိကုန်ရောင်းသူထံသို့ ငွေလွှဲပေးပို့ခြင်း Customer များအနေဖြင့် ကမ္ဘောဇဘဏ်တွင် တရုတ်ယွမ်အကောင့် ဖွင့်လှစ်ရန်အတွက် လိုအပ်သော စာရွက်စာတမ်းများမှာ - ၁)ကုမ္ပဏီ ယွမ်စာရင်းဖွင့်ခွင့် လျှောက်လွှာအား ဖြည့်စွက်ရန်၂) သက်တမ်းရှိ ကုမ္ပဏီ မှတ်ပုံတင်လက်မှတ်၃) Company Extract from...
KBZ mBanking အသုံးပြုသူ Android User များအနေဖြင့် KBZ mBanking ရဲ့ ဗားရှင်းအသစ်ကို အခုပဲ download ရယူလိုက်ပါ

KBZ mBanking အသုံးပြုသူ Android User များအနေဖြင့် KBZ mBanking ရဲ့ ဗားရှင်းအသစ်ကို အခုပဲ download ရယူလိုက်ပါ

KBZ mBanking အသုံးပြုသူ Android User များအနေဖြင့် KBZ mBanking ၏ နောက်ဆုံးထွက်ရှိထားသော ဗားရှင်းအသစ် (v3.6.4)ကို upgrade ပြုလုပ်ထားမှသာ ဒစ်ဂျစ်တယ်ဘဏ်ဝန်ဆောင်မှုများကို ပိုမိုအဆင်ပြေချောမွေ့စွာ ဆက်လက်အသုံးပြုနိုင်မည်ဖြစ်သောကြောင့်
စာရင်းသေအပ်ငွေစာရင်းကို KBZ m/iBanking မှတစ်ဆင့် ဖွင့်လှစ်နိုင်ပြီး တစ်နှစ်လျှင် အတိုးနှုန်း ၈.၅ % အထိရယူလိုက်ပါ

စာရင်းသေအပ်ငွေစာရင်းကို KBZ m/iBanking မှတစ်ဆင့် ဖွင့်လှစ်နိုင်ပြီး တစ်နှစ်လျှင် အတိုးနှုန်း ၈.၅ % အထိရယူလိုက်ပါ

စာရင်းသေအပ်ငွေစာရင်းအား အသစ်ဖွင့်လှစ်လိုသည့် Customer များအနေဖြင့် ဘဏ်ခွဲသို့လာရောက်စရာမလိုအပ်ဘဲ  KBZ iBanking (သို့) mBanking ရှိရုံဖြင့် စာရင်းကို လွယ်ကူစွာဖွင့်လှစ်နိုင်ပြီး တစ်နှစ်လျှင်အတိုးနှုန်း ၈.၅% အထိရယူခံစားနိုင်ပါပြီ။
၂၀၂၂ ဇွန်လကုန်အထိ KBZ အကောင့်အချင်းချင်း ငွေလွှဲပေးပို့မှုတိုင်းအတွက် အခမဲ့

၂၀၂၂ ဇွန်လကုန်အထိ KBZ အကောင့်အချင်းချင်း ငွေလွှဲပေးပို့မှုတိုင်းအတွက် အခမဲ့

လေးစားအပ်ပါသော ကမ္ဘောဇဘဏ် အသုံးပြုသူ customer များ ကမ္ဘောဇဘဏ် Online Banking အသုံးပြုသူ customer များအတွက် ငွေလွှဲဝန်ဆောင်မှုများ ပြုလုပ်ရာတွင် အဆင်ပြေချောမွေ့စေရန် ကမ္ဘောဇဘဏ်အနေဖြင့် ၂၀၂၁ ခုနှစ် ဧပြီလမှစတင်ပြီး KBZ mBanking နှင့် iBanking တို့မှတစ်ဆင့် ငွေလွှဲခ “အခမဲ့” အစီအစဉ်ကို အကောင်အထည်ဖော်ခဲ့ပြီးဖြစ်ပါသည်။ ယခုဆက်လက်ပြီး ဤအစီအစဉ်ကို ၂၀၂၂ ခုနှစ် ဇွန်လကုန်အထိ ဆက်လက်တိုးမြှင့်ပေးထားသောကြောင့် ကမ္ဘောဇဘဏ်အကောင့်အချင်းချင်း (မြန်မာကျပ်ငွေ) အတွက် KBZ mBanking နှင့် iBanking မှ ငွေလွှဲမှုများကို ဇွန်လတစ်လလုံး အခမဲ့ဖြင့် ဆက်လက်လုပ်ဆောင်သွားနိုင်မည် ဖြစ်ပါသည်။
နိုင်ငံခြားငွေ မှ မြန်မာကျပ်ငွေသို့ လွှဲပြောင်းခြင်းဝန်ဆောင်မှုပေးသည့် ကမ္ဘောဇဘဏ်ခွဲများ

နိုင်ငံခြားငွေ မှ မြန်မာကျပ်ငွေသို့ လွှဲပြောင်းခြင်းဝန်ဆောင်မှုပေးသည့် ကမ္ဘောဇဘဏ်ခွဲများ

လေးစားအပ်ပါသော ကမ္ဘောဇဘဏ် Customer များ ကမ္ဘောဇဘဏ်အသုံးပြုသူ Customer များအနေဖြင့် မိမိတို့၏ နိုင်ငံခြားငွေ (နိုင်ငံခြားငွေစာရင်းအကောင့်)  မှ မြန်မာကျပ်ငွေသို့  လဲလှယ်ခြင်းဝန်ဆောင်မှုအား အောက်ဖော်ပြပါဘဏ်ခွဲများတွင် ရယူနိုင်မည် ဖြစ်ပါသည်။
“ATM ကတ်ဖြင့် KBZ Mobile Banking လျှောက်ထားပြီး ဆုကြေးငွေများရယူလိုက်ပါ” အစီအစဉ်မှ ဆုကြေးငွေ ဆွတ်ခူးသွားသူများ

“ATM ကတ်ဖြင့် KBZ Mobile Banking လျှောက်ထားပြီး ဆုကြေးငွေများရယူလိုက်ပါ” အစီအစဉ်မှ ဆုကြေးငွေ ဆွတ်ခူးသွားသူများ

Register Your KBZ Mobile Banking account with ATM card and Get Rewards - Winner Announcement ၂၀၂၂ ခုနှစ်၊ မေလ ၁ရက်နေ့မှ ၃၁ရက်နေ့အတွင်း ပြုလုပ်ခဲ့သော "ATM ကတ်ဖြင့် KBZ Mobile Banking လျှောက်ထားပြီး ဆုကြေးငွေများရယူလိုက်ပါ" အစီအစဉ်မှ ဆုကြေးငွေ ဆွတ်ခူးသွားသူများ စာရင်းကို အောက်တွင် ကြည့်ရှုနိုင်ပါတယ်။