တုန့်ပြန်ကျေးဇူး အတိုးနှုန်းအထူး 

အတိုးနှုန်း ၇.၅% အထိ ခံစားခွင့်ရရှိနိုင်မည့် Cash Account – Call နှင့် Ordinary Call 

ကမ္ဘောဇဘဏ်၏ customer များ မြင့်မားသောအတိုးနှုန်းရယူခံစားနိုင်ရန် ငွေစာရင်းအကောင့် – ခေါ်ယူအပ်ငွေစာရင်း၏ အထူးအတိုးနှုန်းအား တစ်နှစ်လျှင် ၇.၅% အထိ တိုးမြှင့် သတ်မှတ်ပေးလိုက်ပါသည်။ အတိုးအား နေ့စဉ်လက်ကျန်ငွေပေါ်တွင် တွက်ချက်သည့် အတွက်လည်း လတစ်လ၏ မည်သည့်အချိန်တွင်မဆို အပ်နှံငွေထည့်သွင်းခြင်းဖြင့် အတိုးရယူခံစားနိုင်မှာဖြစ်ပါသည်။

ရယူခံစားနိုင်သော အထူးအတိုးနှုန်းများမှာ

Cash Account- Call 

  • အပ်နှံငွေ ကျပ် သိန်း ၅,၀၀၀ အောက် –  တစ်နှစ်လျှင်အတိုးနှုန်း ၆%
  • အပ်နှံငွေ ကျပ် သိန်း ၅,၀၀၀ မှ ကျပ် သိန်း ၁၀,၀၀၀ အထိ –  တစ်နှစ်လျှင်အတိုးနှုန်း ၇%
  • အပ်နှံငွေ ကျပ် သိန်း ၁၀,၀၀၀ အထက် –  တစ်နှစ်လျှင်အတိုးနှုန်း ၇.၅% 

Ordinary Call Account 

  •  မည်သည့်အပ်နှံငွေပမာဏမဆို တစ်နှစ်လျှင်အတိုးနှုန်း ၆%

အထူးအတိုးနှုန်း ရရှိနိုင်မည့်အချိန်ကာလသည် အောက်တိုဘာ ၁၁ ရက်နေ့  မှ ဒီဇင်ဘာ ၃၁ ရက်နေ့  ၂၀၂၂ ထိဖြစ်သည့်အတွက် အထူးအတိုးနှုန်းခံစားခွင့်ရရှိနိုင်ရန် မိမိ၏ လက်ရှိ ငွေစာရင်းအကောင့် – ခေါ်ယူအပ်ငွေစာရင်း (သို့) ပုံမှန်ခေါ်ယူအပ်ငွေစာရင်း သို့အပ်နှံငွေထည့်သွင်း၍ဖြစ်စေ၊ စာရင်းအသစ်တစ်ခုခုဖွင့်လှစ်၍ဖြစ်စေ ပါဝင်နိုင်ပါသည်။ 

စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များပါရှိပါသည်။