“သီတင်းကျွတ်အထူးပရိုမိုးရှင်းအနေဖြင့် သတ်မှတ်ကာလအတွင်း Cash Account-Call နှင့် ပုံမှန်ခေါ်ယူအပ်ငွေစာရင်းများအတွက် အတိုးနှုန်းတိုးမြှင့်ပေးခြင်း” အစီအစဉ် စည်းမျဉ်းစည်းကမ်း နှင့် သတ်မှတ်ချက်များ

၁။ ဤအစီအစဉ်ကာလသည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၁ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်နေ့ထိ ဖြစ်ပါသည်။ (အများပြည်သူအလုပ်ပိတ်ရက်များ၊ ဘဏ်ပိတ်ရက်များနှင့် အစိုးရရုံးပိတ်ရက်များ မပါဝင်ပါ။)

၂။ ဤအစီအစဉ်​၏ ရည်ရွယ်ချက်မှာ အစီအစဉ်ကာလအတွင်း Cash Account-Call သို့မဟုတ် ပုံမှန်ခေါ်ယူအပ်ငွေစာရင်းအသစ်ဖွင့်လှစ်၍ ငွေအပ်နှံသော Customer များနှင့် အစီအစဉ်ကာလအတွင်း Cash Account-Call သို့မဟုတ် ပုံမှန်ခေါ်ယူအပ်ငွေစာရင်း များထဲသို့ ငွေအပ်နှံသည့် Existing Customer များအား အထူးအတိုးနှုန်းကို ရရှိခံစားနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်ပါသည်။ 

၃။ ဤအစီအစဉ်ကာလအတွင်း Cash Account-Call သို့မဟုတ် ပုံမှန်ခေါ်ယူအပ်ငွေစာရင်းအသစ်ဖွင့်သော Customerများနှင့် Cash Account-Call သို့မဟုတ် ပုံမှန်ခေါ်ယူအပ်ငွေစာရင်းအားဖွင့်လှစ်ပြီးသော Existing Customer များအနေဖြင့် အစီအစဉ်ကာလအတွင်း ၎င်းတို့၏ Cash Account-Call သို့မဟုတ် ပုံမှန်ခေါ်ယူအပ်ငွေစာရင်းများအတွင်းသို့ ငွေထည့်သွင်းအပ်နှံပါက ထိုအပ်နှံငွေပမာဏအပေါ်တွင် ဤအစီအစဉ်အရ ခံစားခွင့်ပြုသည့် အထူးအတိုးနှုန်းအား ခံစားခွင့်ရရှိမည်ဖြစ်သည်။ 

၄။ Cash Account-Call သို့မဟုတ် ပုံမှန်ခေါ်ယူအပ်ငွေစာရင်းများသို့ ဤအစီအစဉ်ကာလအတွင်း ငွေထည့်သွင်းအပ်နှံသည့် ပမာဏအပေါ်တွင် တွက်ချက်မည့် အထူးအတိုးနှုန်းခံစားခွင့်များမှာအောက်ပါအတိုင်းဖြစ်သည်။ 

၄၊၁။ ငွေကျပ်သိန်းငါးထောင် (ငွေကျပ် ၅၀၀,၀၀၀,၀၀၀)အောက် အပ်နှံငွေများအတွက် အတိုးနှုန်း ၆%အား ခံစားခွင့်၊

၄၊၂။ ငွေကျပ်သိန်းငါးထောင် (ငွေကျပ် ၅၀၀,၀၀၀,၀၀၀)မှ  ငွေကျပ်သိန်းတစ်သောင်း (ငွေကျပ် ၁,၀၀၀,၀၀၀,၀၀၀)အထိ အပ်နှံငွေများအတွက် အတိုးနှုန်း ၇%အား ခံစားခွင့်၊

၄၊၃။ ငွေကျပ်သိန်းတစ်သောင်း (ငွေကျပ် ၁,၀၀၀,၀၀၀,၀၀၀)အထက် အပ်နှံငွေများအတွက် အတိုးနှုန်း ၇.၅%အား ခံစားခွင့် တို့ဖြစ်ပါသည်။

 ၅။ Customer သည် Cash Account-Call (Individual/Joint) သို့မဟုတ် ပုံမှန်ခေါ်ယူအပ်ငွေစာရင်း (Individual/Joint) အသစ်တစ်ခုဖွင့်လှစ်ချိန်တွင် လက်ကျန်ငွေ အနည်းပမာဏ ငွေကျပ်တစ်သောင်း (ငွေကျပ်၁၀,၀၀၀) အား ထားရှိရမည်ဖြစ်ပြီး အတိုးနှုန်းအား လက်ကျန်ငွေ အနည်းပမာဏ ငွေကျပ်တစ်သောင်း (ငွေကျပ်၁၀,၀၀၀)မှစတင်၍ တွက်ချက်မည်ဖြစ်သည်။

၆။ Customer သည် Cash Account-Call (Corporate) အသစ်တစ်ခုဖွင့်လှစ်ချိန်တွင် လက်ကျန်ငွေ အနည်းဆုံးပမာဏ ငွေကျပ်တစ်သိန်း (ငွေကျပ်၁၀၀,၀၀၀) နှင့် ပုံမှန်ခေါ်ယူအပ်ငွေစာရင်း (Corporate) အသစ်တစ်ခုဖွင့်လှစ်ချိန်တွင် လက်ကျန်ငွေ အနည်းဆုံးပမာဏ ငွေကျပ်တစ်သောင်း (ငွေကျပ်၁၀,၀၀၀) အား စာရင်းအတွင်းထားရှိရမည်ဖြစ်ပြီး အတိုးနှုန်းအား လက်ကျန်ငွေ အနည်းဆုံးပမာဏများမှ စတင်၍ တွက်ချက်မည်ဖြစ်သည်။

၇။ ဤအစီအစဉ်အရ သတ်မှတ်ထားသည့် အထူးအတိုးနှုန်းခံစားခွင့်သည် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်တွင် ဖော်ပြထားသည့် Cash Account-Call နှင့် ပုံမှန်ခေါ်ယူအပ်ငွေစာရင်းများအတွက်သာလျှင် ရရှိနိုင်မည်ဖြစ်ပြီး အခြားသော အပ်ငွေစာရင်းအမျိုးအစားများသည်  ပုံမှန်အတိုးနှုန်းအတိုင်းကိုသာလျှင် ရရှိနိုင်မည်ဖြစ်သည်။ ကမ္ဘောဇဘဏ်သည် မည်သည့်အချိန်တွင်မဆို ဤအစီအစဉ်အရခံစားခွင့်ပြုထားသော အတိုးနှုန်းသတ်မှတ်ချက်များအား ဗဟိုဘဏ်၏ ညွှန်ကြာားချက်များနှင့်အညီ ပြင်ဆင်ပြောင်းလဲသတ်မှတ်သွားမည်ဖြစ်သည်။

၈။ ဤအစီအစဉ်သည် Cash Account-Call နှင့် ပုံမှန်ခေါ်ယူအပ်ငွေစာရင်းများအတွက် အထူးအတိုးနှုန်း ခံစားခွင့်ပေးအပ်ခြင်းအတွက်သာ ပြုလုပ်ခြင်းဖြစ်ပြီး Customerများသည် Cash Account-Call နှင့် ပုံမှန်ခေါ်ယူအပ်ငွေစာရင်းများအသစ်များ ဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ ကမ္ဘောဇဘဏ်၏ ပုံမှန် Cash Account-Call စည်းကမ်းသတ်မှတ်ချက်များ နှင့် ပုံမှန်ခေါ်ယူအပ်ငွေစာရင်း စည်းကမ်းသတ်မှတ်ချက်များအတိုင်း လိုက်နာဆောင်ရွက်ရမည် ဖြစ်သည်။

၉။ ဤအစီအစဉ်ကာလအတွင်းသာလျှင် Cash Account-Call နှင့် ပုံမှန်ခေါ်ယူအပ်ငွေစာရင်းများအတွင်းသို့ ထည့်သွင်းအပ်နှံသည့် ငွေပမာဏအပေါ်တွင်သာလျှင် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်၏ အပိုဒ် ၄တွင် ဖော်ပြထားသည့် အထူးအတိုးနှုန်းအား ခံစားခွင့်ရရှိနိုင်မည်ဖြစ်ပြီး ဤအစီအစဉ်ကာလကုန်ဆုံးပြီးနောက် အပ်နှံသည့်ငွေပမာဏအပေါ်တွင် ပုံမှန်အတိုးနှုန်းကိုသာလျှင် ရရှိနိုင်မည်ဖြစ်သည်။

၁၀။ ကမ္ဘောဇဘဏ် ​နှင့် ဘဏ်၏ ဝန်ထမ်းများသည် ဤအစီအစဉ်တွင် ပါဝင်သူ Customer များကို မည်သည့် OTP သို့မဟုတ် PIN အချက်အလက်များကို ဆက်သွယ်တောင်းခံမည်မဟုတ်ပါ။

၁၁။ ဤအစီအစဉ်တွင် ကမ္ဘောဇဘဏ် Customers များ​၏ အချက်အလက်များကို လိမ်ညာအသုံးပြုခြင်းမပြုလုပ်ရန် တင်းကျပ်စွာ တားမြစ်ထားပါသည်။ Customer များ​၏ အချက်အလက်များကို လိမ်ညာသည်ဟု သံသယရှိသည့် မည်သူ့ကိုမဆို ကမ္ဘောဇဘဏ်မှ လိုအပ်သလို အရေးယူ‌ဆောင်ရွက်ပိုင်ခွင့်တို့ရှိသည်။

၁၂။ ဤ အစီအစဉ်နှင့်ပတ်သက်၍ ကမ္ဘောဇဘဏ် Customer များနှင့် ကမ္ဘောဇဘဏ်တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား ကမ္ဘောဇဘဏ်၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ Customer ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ ဖြေရှင်းဆောင်ရွက် ပေးသွားမည်ဖြစ်သည်။

၁၃။ ကမ္ဘောဇဘဏ်သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေးအကြောင်းကြား နိုင်ခြင်း မရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်းနှင့် စည်းကမ်းများကို ပြင်ဆင်ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဉ်အား ပယ်ဖျက်ခွင့် နှင့် အစီအစဉ်နှင့် ပတ်သက်သော အတိုးနှုန်းခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။

၁၄။ ကမ္ဘောဇဘဏ်အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ  ဤအစီအစဉ်အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်းကြောင့် Customer အနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။

၁၅။ ကမ္ဘောဇဘဏ်၏ ပုံမှန်Cash Account-Call စည်းကမ်းသတ်မှတ်ချက်များနှင့် နှင့် ပုံမှန်ခေါ်ယူအပ်ငွေစာရင်း စည်းမျဉ်းစဉ်းကမ်း သတ်မှတ်ချက်များအားလုံးသည်လည်း ဤအစီစဉ်တွင် သက်ဆိုင်စေမည်ဖြစ်သည်။ 

၁၆။ ဤစည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီ အဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၇။ ကမ္ဘောဇဘဏ် သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် ကမ္ဘောဇဘဏ်အနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဆက်လက်ဖြစ်ပျက်နေစဉ် ကာလအတွင်း ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ကမ္ဘောဇဘဏ်မှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် ကမ္ဘောဇဘဏ်အနေဖြင့် အသုံးပြုသူအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဉီးဉီးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၁၈။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာ နှစ်မျိုးဖြင့် ရေးသားထားခြင်း ဖြစ်သောကြောင့် ကွဲလွဲမှုတစ်စုံတစ်ရာရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များသာလျှင် အတည်ဖြစ်သည်။