ကမ္ဘောဇဘဏ်မှာ စာရင်းသေအပ်ငွေစာရင်းဖွင့်လှစ်ပြီး အပ်ငွေပိုမိုတိုးပွားနိုင်ပါပြီ

ကမ္ဘောဇဘဏ်ရဲ့  customer များအတွက် သတ်မှတ်ကာလတစ်ခုအထိငွေစုရင်း မိမိရဲ့အပ်ငွေကို ပုံမှန်ထက်ပိုမိုတိုးပွားစေမယ့် စာရင်းသေအပ်ငွေစာရင်း အစီအစဉ်တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ ကမ္ဘောဇဘဏ်ရဲ့ စာရင်းသေအပ်ငွေစာရင်းအကောင့်များဖြစ်တဲ့ ပုံမှန်စာရင်းသေအပ်ငွေစာရင်း (ရက် ၉၀)၊ ပုံမှန်စာရင်းသေအပ်ငွေစာရင်း (ရက် ၁၈၀) နှင့် ငွေစာရင်းအကောင့် စာရင်းသေအပ်ငွေစာရင်း (ရက် ၉၀) အကောင့်တွေမှာ အပ်ငွေထည့်သွင်းပြီး ယခင်ထက်မြင့်မားတဲ့အတိုးနှုန်းကို ရယူခံစားနိုင်မှာဖြစ်ပါတယ်။ အထူးအတိုးနှုန်းများအနေနဲ့-

-ရက် (၉၀) ပုံမှန်စာရင်းသေအပ်ငွေစာရင်း- တစ်နှစ်လျှင်အတိုးနှုန်း ၉.၀၀%
-ရက် (၁၈၀) ပုံမှန်စာရင်းသေအပ်ငွေစာရင်း- တစ်နှစ်လျှင်အတိုးနှုန်း ၉.၂၅%
-ရက် (၉၀) ငွေစာရင်းအကောင့် – စာရင်းသေအပ်ငွေစာရင်း- တစ်နှစ်လျှင်အတိုးနှုန်း ၉.၀၀% ကို ခံစားနိုင်မှာဖြစ်ပါတယ်။

အထူးအတိုးနှုန်းခံစားခွင့်ကာလကတော့  စက်တင်ဘာလ ၂၆ ရက် ကနေ အောက်တိုဘာလ ၂၈ ရက် ၂၀၂၂ ခုနှစ်အထိဖြစ်ပြီး နီးစပ်ရာဘဏ်ခွဲများတွင်သာမက KBZ mBanking ကနေပါ စာရင်းသေအပ်ငွေစာရင်းအကောင့်များကို အလွယ်တကူ ဖွင့်လှစ်နိုင်မှာဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုသမျှကို  သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

စည်းကမ်းသတ်မှတ်ချက်များပါရှိပါသည်။