တုန့်ပြန်ကျေးဇူး အတိုးနှုန်းအထူး

ကမ္ဘောဇဘဏ်မှာ Cash Account Saving (Special Account) ဖွင့်လှစ်ထားပြီးဖြစ်တဲ့ customer များသာမက အကောင့်သစ်စတင်ဖွင့်လှစ်မယ့် customer များ အတွက် အတိုးနှုန်း ၈% ရရှိနိုင်မယ့် အထူးအစီအစဉ်အကြောင်း သတင်းကောင်းပါးချင်ပါတယ်။ 

ငွေစာရင်းအကောင့်-ငွေစုဘဏ်အပ်ငွေစာရင်း၏ ရရှိနိုင်သည့်အကျိုးကျေးဇူးများမှာ

– တစ်နှစ်လျှင် အတိုးနှုန်း ၈%

– အပ်နှံငွေ ၁၀,၀၀၀ ကျပ်မှစတင်ဖွင့်လှစ်နိုင်ခြင်း

– ဒီဂျစ်တယ်နည်းလမ်းမှတစ်ဆင့် ငွေကြေး စီမံနိုင်စေသည့် mBanking အားအသုံးပြုနိုင်ခြင်း တို့ဖြစ်ပါတယ်။

အထူးအတိုးနှုန်းကို ခံစားခွင့်ရရှိနိုင်မယ့်ကာလကတော့ နိုဝင်ဘာလ ၁ရက်နေ့ မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိဖြစ်တဲ့အတွက် နိုဝင်ဘာလနှင့် ဒီဇင်ဘာလရဲ့ အမြင့်ဆုံးအတိုးနှုန်းကိုရယူနိုင်ဖို့ အခုပဲ လက်ရှိ Cash Account-Saving သို့ အပ်နှံငွေထည့်သွင်းနိုင်သကဲသို့  အပ်နှံငွေ ၁၀,၀၀၀ ကျပ်မှစပြီး နီးစပ်ရာဘဏ်ခွဲတွင် စာရင်းအသစ်ဖွင့်လှစ်နိုင်ပါတယ်။

အသေးစိတ်သိရှိလိုပါက KBZ Bank Call Center 09951018555 သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။