“ငွေကျပ် ၁၀ သိန်းအထိ အထူးဆုများ ရယူနိုင်ဖို့ VISA FIFA World Cup Campaign ကိုပါဝင်ဆင်နွဲကြပါစို့” အစီအစဉ်၏ စည်းကမ်းသတ်မှတ်ချက်များ

၁။ “ငွေကျပ် ၁၀ သိန်းအထိ အထူးဆုများ ရယူနိုင်ဖို့ VISA FIFA World Cup Campaign ကိုပါဝင်ဆင်နွဲကြပါစို့” အစီအစဥ်ကာလသည် ၁၄.၁၁.၂၀၂၂ မှ ၁၈.၁၂.၂၀၂၂ အထိဖြစ်သည်။

၂။ “ငွေကျပ် ၁၀ သိန်းအထိ အထူးဆုများ ရယူနိုင်ဖို့ VISA FIFA World Cup Campaign ကိုပါဝင်ဆင်နွဲကြပါစို့” အစီအစဥ်အား KBZ Bank VISA Credit Card ဖြင့် ငွေပေးချေသူများအားလုံး ဤအစီအစဥ်တွင် ပါဝင်နိုင်မည်ဖြစ်ပါသည်။

၃။ ဤအစီအစဥ်တွင် ငွေပေးချေသူသည် ကန့်သတ်ထားသည့် ပမာဏမရှိပဲ KBZ Bank VISA Credit Card ဖြင့် အထူးအစီအစဥ် ကာလအတွင်း ငွေပေးချေမှုများ ပြုလုပ်ပါက ဤကံစမ်းမဲ အစီအစဥ်တွင် အလိုအလျောက် ပါဝင်ခွင့်ရရရှိမည်ဖြစ်ပါသည်။ ‌

၄။ “ငွေကျပ် ၁၀ သိန်းအထိ အထူးဆုများ ရယူနိုင်ဖို့ VISA FIFA World Cup Campaign ကိုပါဝင်ဆင်နွဲကြပါစို့”  အစီအစဥ်တွင် ပါဝင်ရန်အတွက်

–         သတ်မှတ်ထားသော အထူးအစီအစဥ် ကာလအတွင်း POS machine သို့မဟုတ် Ecommerce တွင် KBZ Bank VISA Credit Card ဖြင့် ငွေပေးချေမှုများ ပြုလုပ်ပါက ဤကံစမ်းမဲ အစီအစဥ်တွင် အလိုအလျောက် ပါဝင်ခွင့်ရရှိမည်ဖြစ်ပါသည်။ ‌

–         KBZ Bank VISA Credit Card ဖြင့် ငွေပေးချေမှုများကို များများလုပ်ပါက ကံစမ်းခွင့်များများ ရရှိမည်ဖြစ်ပါသည်။

၅။     “ငွေကျပ် ၁၀ သိန်းအထိ အထူးဆုများ ရယူနိုင်ဖို့ VISA FIFA World Cup Campaign ကိုပါဝင်ဆင်နွဲကြပါစို့” အစီအစဥ်တွင် အောက်ပါ လက်ဆောင်များ ကံစမ်းနိုင်မည်ဖြစ်ပါသည်။ ပါဝင်သော လက်ဆောင်များမှာ –

–            ၁၀ သိန်းတန် ငွေသား ဆုကြီး (၁) ဆု

–          ၁ သိန်းတန် ငွေသား ဆုကြီး (၅) ဆု

– All in one gift set (၁၀) ဆု

– Football + Jersey top  (၁၅) ဆု 

– Football + water bottle (၂၀) ဆု

– Jersey top + water bottle (၂၀) ဆု 

၆။ လက်ဆောင်ကံထူးသူများကို KBZ Bank Facebook Official Page  (အပြာရောင်အမှတ်ခြစ်ပါသော) တွင် ကြေညာပေးပါမည်။ ဆုရရှိသည့် ကံထူးရှင်များကို social media များ နှင့် website များ တွင် ကြေညာရန်အလို့ငှာ  လက်ဆောင်ကံထူးသူများ၏ အမည်ကို KBZ ဘဏ် မှ အသုံးပြုနိုင်သည်ကို ကံစမ်းမဲပေါက်သူမှ သိရှိပြီး သဘောတူပါသည်။ 

၇။​ ထို့နောက် KBZ Bank နာမည်ဖြင့် လက်ဆောင်ကံထူးသူများကို SMS ပို့ပေးပါမည်။ ထို SMS တွင် ကံထူးသူသည် မည်သည့်ဆုလက်ဆောင် ရရှိသည်ဆိုသည်ကို အသိပေးမည့်အပြင် KBZ ဘဏ် မှ Email Address တစ်ခုဖြစ်သည့် [email protected] အား ပူးတွဲထည့်ပေးမည်ဖြစ်သည်။ လက်ဆောင်ကံထူးသူသည် အဆိုပါ KBZ Email Address အား လိပ်မူ၍ မိမိဆုရရှိကြောင်း အတည်ပြုနိင်တဲ့ SMS screenshot နှင့် လက်ရှိနေရပ်လိပ်စာ အား ပေးပို့ရမည်ဖြစ်သည်။

‌ထိုသူ ပေးပို့လာသော လိပ်စာအားကြည့်ပြီး ဆုပစ္စည်းအား နီးစပ်ရာ ဘဏ်ခွဲသို့ဖြစ်စေ၊ Courier service ကိုအသုံးပြု၍ဖြစ်စေ မည်သည့်နည်းလမ်းနှင့် ပေးပို့မည်ဆိုသည်ကို KBZ ဘဏ် မှ ဆုံးဖြတ်မည်ဖြစ်သည်။ ဆုံးဖြတ်ထားသော အဖြေအရ ဘဏ်ခွဲတွင် ဆုလက်ဆောင်ထုတ်ယူရမည့် ကံထူးရှင်သည်  ဆုလက်ဆောင်အား မည်သည့်ဘဏ်ခွဲတွင်ထုတ်ယူရမည်ဆိုသည့် အသေးစိတ်အချက်အလက်အား KBZ ဘဏ် မှ SMS (သို့) Email မှ တစ်ဆင့် အသိပေးမည်ဖြစ်သည်။

ပေါက်မဲဆုလက်ဆောင်များ၏ expiry date မှာ ၂၃.၀၁.၂၀၂၃ ဖြစ်ပါသည်။ ကံစမ်းမဲပေါက်သူသည် expiry date ပြီးနောက် အဆက်အသွယ်မရရှိပါက ဆုလက်ဆောင်ခံစားခွင့် ပျက်ပြယ် မည်ဖြစ်ပါသည်။

၈။ လက်ဆောင်ကံထူးသူများများအနေဖြင့် ဆုလက်ဆောင်များအား လဲလှယ်ခြင်း၊ လွှဲပြောင်းပေးအပ်ခြင်း၊ လွှဲအပ်ခြင်း သို့မဟုတ် ငွေကြေး အဖြစ်ပြောင်းလဲခြင်းတို့ ပြုလုပ်ခွင့်မပြုပါ။ လက်ဆောင်ကံထူးသူများမှ ထုတ်ယူပြီးသော ဆုလက်ဆောင်များနှင့်ပတ်သတ်၍ ချို့ယွင်းချက်တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက KBZ ဘဏ် မှ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါ။

၉။ ဆုလက်ဆောင် ကံထူးသူများနှင့်  ဆက်သွယ်အတည်ပြုပြီး ကံထူးသူသည် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် နှင့် တောင်ကြီးမြို့များက ဖြစ်ပါက သတ်မှတ်ထားသောဘဏ်သို့ သွား‌ရောက်ထုတ်ယူရမည်ဖြစ်ပါသည်။

ဆုလက်ဆောင် ကံထူးသူသည် ဆက်သွယ်အတည်ပြုပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော် နှင့်  တောင်ကြီးမြို့ များမှ မဟုတ်ပါက Courier service ဖြင့် ပို့ဆောင်ပေးမည်ဖြစ်ပါသည်။ Courier service ဖြင့်ပို့‌ဆောင်ရသော မြို့များမှ ဖြစ်ပါက ဘဏ်ဘက်မှ ပို့ဆောင်ခအား တာဝန်ယူ ကျခံပေးပါမည်။

ဆုလက်ဆောင်များကို ဆက်သွယ်ပြီး ၂၃.၀၁.၂၀၂၃ နေ့အထိနေ့အထိ လာရောက်ထုတ်ယူချင်းမရှိပါက ဆုလက်ဆောင်ခံစားခွင့် ပျက်ပြယ် မည်ဖြစ်ပါသည်။

၁၀။ ငွေသားဆု ကံထူးသူများကို အတည်ပြုပြီးပါက ကံထူးသူ၏ နာမည်ဖြင့် ဖွင့်ထားသော KBZ Bank account ထဲသို့သာ သတ်မှတ်ရုံးဖွင့်ရက် (၁၀) ရက်အတွင်း ထည့်ပေးမည် ဖြစ်ပါသည်။  အစိုးရရုံးပိတ်ရက်များ  သို့မဟုတ် KBZ ဘဏ်မှထိန်းချုပ်၍မရနိုင်သော အခြေအနေမျိုးတွင် ငွေသားဆုငွေများအား ထည့်သွင်းပေးမည့်အချိန်သည် အပြောင်းအလဲရှိနိုင်ပါသည်။

၁၁။ ဤအစီအစဉ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZ ဘဏ် က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၂။ ဤအစီအစဉ်ကာလနှင့်ပတ်သက်၍ KBZ ဘဏ် အသုံးပြုသူများ နှင့် KBZ ဘဏ် တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZ ဘဏ် ၏ တာဝန်ရှိသူများမှ ပြဌာန်းဉပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

၁၃။ KBZ ဘဏ် သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဉ်အား ပယ်ဖျက်ခွင့် နှင့် အစီအစဉ်နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။

၁၄။ KBZ ဘဏ် အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်းမရှိဘဲ ဤ အစီအစဉ်အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်းကြောင့် KBZ ဘဏ် အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။

၁၅။ KBZ ဘဏ်ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအား ဆက်သွယ်ပြီး ၎င်းတို့၏ OTP သို့မဟုတ် PIN  နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၆။  KBZ ဘဏ် Card နှင့် သက်ဆိုင်သော ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်း အကျုံးဝင်စေရမည်။

၁၇။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၈။ KBZ ဘဏ် သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZ ဘဏ် အနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ်ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ မမျှော်မှန်းနိုင်သောဖြစ်ရပ်များ ဖြစ်ပျက်နေစဉ်ကာလအတွင်း KBZ ဘဏ် မှ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ ဘဏ် အနေဖြင့် KBZ ဘဏ် အသုံးပြုသူအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင်ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၁၉။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များ ကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။