ကမ္ဘောဇ Business Customer အတည်ပြုကတ်  ကိုင်ဆောင်သူများအတွက် အကျိုးခံစားခွင့်နှင့် စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ

■ ကုမ္ပဏီသည် ကတ်တွင်ဖော်ပြထားသည့်အခွင့်အရေးများကိုအသုံးပြုမည်ဆိုပါက ကတ်ကိုင်ဆောင်သူသည် ကမ္ဘောဇ ဘဏ်သို့ဖြစ်စေ၊ ကတ်အသုံးပြုနိုင်သော သတ်မှတ်ထားသည့်ကမ္ဘောဇဘဏ်ခွဲများသို့ဖြစ်စေ လာရောက်ချိန်တွင် ကတ်အားယူဆောင်လာရန်လိုသည်။ ကတ်၏ အထူးအခွင့်အရေးများရရှိစေရန်အတွက် ကတ်ကိုင်ဆောင်သူသည် ကတ်အားတပါးတည်းယူဆောင်လာရမည်။

■ ကုမ္ပဏီသည် ကတ်တွင်ဖော်ပြထားသည့်အခွင့်အရေးများကိုအသုံးပြုမည်ဆိုပါက ကတ်ကိုင်ဆောင်သူသည် ကမ္ဘောဇ ဘဏ်သို့ဖြစ်စေ၊ ကတ်အသုံးပြုနိုင်သော သတ်မှတ်ထားသည့်ကမ္ဘောဇဘဏ်ခွဲများသို့ဖြစ်စေ လာရောက်ချိန်တွင် ကတ်အားယူဆောင်လာရန်လိုသည်။ ကတ်၏ အထူးအခွင့်အရေးများရရှိစေရန်အတွက် ကတ်ကိုင်ဆောင်သူသည် ကတ်အားတပါးတည်းယူဆောင်လာရမည်။

■ ကတ်အား ကုမ္ပဏီကသာလျှင် သီးသန့်အသုံးပြုရမည်ဖြစ်ပြီး ကုမ္ပဏီကခန့်အပ်တာဝန်ပေးထားသည့် ကတ်ကိုင် ဆောင်သူမှအပ အခြားသောမည်သည့်ပုဂ္ဂိုလ်မျှ သုံးစွဲခြင်းမရှိစေရ။

■ လက်ရှိတွင် ဤကတ်အား ကမ္ဘောဇဘဏ်ခွဲများအားလုံးတွင် အသုံးမပြုနိုင်သောကြောင့် ကုမ္ပဏီသည် ဘဏ်ခွဲများသို့ သွားရောက်ခြင်းမပြုမှီ ကတ်အားအသုံးပြုနိုင်မည့်ဘဏ်ခွဲများနှင့်ပတ်သက်၍ ကမ္ဘောဇဘဏ်၏ဝက်ဘ်ဆိုဒ် သို့မဟုတ် ကမ္ဘောဇဘဏ်သို့ဆက်သွယ်၍ ကတ်အားအသုံးပြုနိုင်မည့် ဘဏ်ခွဲများအား စုံစမ်းမေးမြန်းရန်လိုအပ်ပါသည်။

■ ကုမ္ပဏီနှင့်ကတ်ကိုင်ဆောင်သူသည် ဥပဒေနှင့်ကိုက်ညီခြင်းမရှိသောမည်သည့်ဆောင်ရွက်ချက်မျိုးမဆို သို့မဟုတ် ဥပဒေနှင့်ကိုက်ညီခြင်းမရှိသော မည်သည့်ရည်ရွယ်ချက်အတွက်မဆို ကတ်အားအသုံးမပြုရပါ။

■ ကတ်အသုံးပြုနိုင်မည့် သတ်မှတ်ထားသော ကမ္ဘောဇဘဏ်ခွဲများသို့လာရောက်မည့် ကုမ္ပဏီ သို့မဟုတ် ကတ်ကိုင်ဆောင်သူများရရှိမည့် အခွင့်အရေးများနှင့်အကျိုးခံစားခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-

– ဘဏ်ခွဲတစ်ခုထဲတွင် အစအဆုံးဘဏ်ဝန်ဆောင်မှုပေးခြင်း (မည်သည့်သီးခြားဝန်ဆောင်မှုအတွက်မဆို တခြားဘဏ်ခွဲများ သို့သွားရန်မလိုပါ)၊
–  ဦးစားပေးတန်းစီခြင်း (အမြန်ဝန်ဆောင်မှု- စောင့်ဆိုင်းချိန်အနည်းဆုံးဖြစ်စေရန် အမြန်ဝန်ဆောင်မှုပေးခြင်း)
–  ဘဏ်ခွဲများတွင် ဘဏ်ခွဲ၏မန်နေဂျာများနှင့်အချိန်မရွေးတိုက်ရိုက်ဆက်သွယ်ပြောဆိုနိုင်ခြင်း၊
–  Territory Relationship Manager – ဘဏ်ခွဲများတွင်အထူးဂရုစိုက်ရန်ခန့်အပ်ထားသောဝန်ထမ်းများ
–  သီးခြားစောင့်ဆိုင်းရန်နေရာထားရှိပေးခြင်း၊
–  အချို့သော corporate ဝန်ဆောင်မှုများအတွက် တိုးမြှင့်ထားသော SLA များ[DMM1] 
–  ကုမ္ပဏီထံသို့ကတ်အားထုတ်ပေးထားခြင်းအတွက် ကုမ္ပဏီကပေးချေရမည်ဖြစ်သော အခကြေးငွေများအား ကမ္ဘောဇဘဏ်မှ ကင်းလွတ်ခွင့်ပေးနိုင်သည်။
–  ကမ္ဘောဇဘဏ်သည်ကုမ္ပဏီသို့ထုတ်ပေးထားသောကတ်များ၏အမျိုးမျိုးသောအခွင့်အရေးများနှင့်အကျိုးခံစားခွင့်များ ကို အခါအားလျော်စွာ ဆောင်ရွက်နိုင်သည်။ ကမ္ဘောဇဘဏ်သည် မည်သည့်အချိန်တွင်မဆို ဝန်ဆောင်မှု သို့မဟုတ် အခွင့်အရေးများ သို့မဟုတ် အကျိုးခံစားခွင့်များ သို့မဟုတ် အင်္ဂါရပ်များ သို့မဟုတ် အထူးအခွင့်အရေးများကို မည်သည့် အချိန်တွင်မဆို မည်သည့်အကြောင်းကြောင့်ဖြစ်စေ ကမ္ဘောဇဘဏ်၏ တစ်ဉီးတည်းဆုံးဖြတ်ချက်ဖြင့် ကြိုတင်အကြောင်းကြားခြင်းမပြုဘဲ ထည့်သွင်းခြင်း သို့မဟုတ် ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း သို့မဟုတ် ရုတ်သိမ်းခြင်းတို့အား ဆောင်ရွက်နိုင်မည်ဖြစ်သည်။

■ ဤဝန်ဆောင်မှုအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် ကုမ္ပဏီ၏ မည်သည့်ပျက်စီးမှု သို့မဟုတ် ဆုံးရှုံးမှုများအတွက်မဆို  မည်သည့်အချိန်တွင်မှ ကမ္ဘောဇဘဏ်တွင်တာဝန်မရှိစေရ။

■ ကုမ္ပဏီအတွက်အထူးအခွင့်အရေးများရရှိစေရန် ကမ္ဘောဇဘဏ်သည် ဤကတ်များအား ထုတ်ပေးထားခြင်း ဖြစ်သော်လည်း ဤကတ်များအားထုတ်ပေးခြင်းသည် ကုမ္ပဏီထံသို့ မဖြစ်မနေပေးရမည့် ဝန်ဆောင်မှုတစ်ရပ်အဖြစ် ကမ္ဘောဇဘဏ်တွင်တာဝန်မရှိစေရ။ မည်သည့်အကြောင်းကြောင့်မဆို သို့မဟုတ် လျစ်လျူရှုခြင်းကြောင့် သို့မဟုတ် ကမ္ဘောဇဘဏ်ကဖြစ်စေ၊ ၎င်း၏ဝန်ထမ်းများကဖြစ်စေ အလေးပေးမှုမရှိခြင်းကြောင့် လိုက်နာရန်ပျက်ကွက်ခြင်း သို့မဟုတ် ကတ်၏အခွင့်အရေးများအားပေးရန် ပျက်ကွက်ခြင်းများအတွက် ကမ္ဘောဇဘဏ်တွင် မည်သည့်တာဝန်မျှမရှိသည်ကို ကုမ္ပဏီမှသိရှိသဘောတူပါသည်။

■ ကတ်ပျောက်ဆုံးခြင်း သို့မဟုတ် ခိုးယူခံရခြင်း သို့မဟုတ် အခွင့်အာဏာမရှိသူကသုံးစွဲခြင်းများဖြစ်ပါက ကုမ္ပဏီသည် ကမ္ဘောဇဘဏ်သို့ချက်ခြင်းအကြောင်းကြားရမည်။

■ ကုမ္ပဏီထံသို့ထုတ်ပေးထားသည့်ကတ်အားအသုံးပြုခြင်း သို့မဟုတ် အသုံးပြု၍ဆောင်ရွက်ခြင်းများနှင့်စပ်လျဉ်း၍ လည်းကောင်း၊ မည်သည့်အကြောင်းကြောင့်မဆို ပေါ်ပေါက်လာရသော မည်သည့် ဆုံးရှုံးမှု၊ ပျက်စီးမှု၊ အနာတရဖြစ်မှုတို့အား သိ၍ဖြစ်စေ၊ မသိ၍ဖြစ်စေ ကုမ္ပဏီသည် ကမ္ဘောဇဘဏ်နှင့် ၎င်း၏သက်ဆိုင်ရာ အရာရှိများ၊ ဝန်ထမ်းများနှင့် agent များအား ယင်းကိစ္စများ၏တာဝန်ရှိမှုများမှ ကင်းလွတ်ခွင့်ပြုသည်။

■ ကုမ္ပဏီသည် ကမ္ဘောဇဘဏ်သို့၎င်းပေးထားသည့် ၎င်း၏လိပ်စာ၊ ဖုန်းနံပါတ် သို့မဟုတ်အခြားသော အကြောင်းအရာများတွင်အပြောင်းအလဲရှိသည်ဆိုပါက ကမ္ဘောဇဘဏ်သို့ဆောလျင်စွာအကြောင်းကြားရမည်။

■ ကတ်အသုံးပြုပြီး အထူးဝန်ဆောင်မှု ရရှိနိုင်သော ဘဏ်ခွဲများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ (နိုဝင်ဘာ၊ ၂၀၂၂ ခုနှစ် စာရင်းအရ) ။   ။

– လှိုင်သာယာ(၁) ဘဏ်ခွဲ (၀၆၄) 
– လမ်းမတော်(၄) လမ်းဘဏ်ခွဲ (၁၃၉)
– ကန်တော်ကြီးရိပ်မွန်ဘဏ်ခွဲ (၂၇၈) 
– ရန်ကင်းဘဏ်ခွဲ (၁၂၇) 
– ပုဇွန်တောင် ဘဏ်ခွဲ (၀၁၄) 
– မန္တလေး(၃) ဘဏ်ခွဲ (၀၂၆) 
– မန္တလေး(၃၉) ဘဏ်ခွဲ (၃၀၆) 
– နေပြည်တော်(၅) ဘဏ်ခွဲ (၄၀၂) 
– တောင်ကြီး(၁) ဘဏ်ခွဲ (၀၀၁) 

ကမ္ဘောဇ Business Customer အတည်ပြုကတ်ဆိုင်ရာ အသေးစိတ်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များကို ဖတ်ရှုရန် အောက်ပါ link ကို နှိပ်ပါ။