ပြည်ပတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများ လုပ်ခလစာလွှဲပြောင်းခြင်းအတွက် ကမ္ဘောဇဘဏ်မှ အကောင်းဆုံး ငွေလွှဲနှုန်းအပြင် နိုင်ငံတော်မှ အပိုဆောင်းငွေထည့်သွင်းပေးခြင်း

 ပြည်ပတွင်အလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့၏ သ‌င်္ဘောသားလစာ (သို့) အခြားသောလုပ်ခလစာငွေများကို မြန်မာနိုင်ငံရှိ မိသားစုဝင်များထံသို့ လွှဲပို့ရာတွင် အမေရိကန် ၁ ဒေါ်လာ သို့မဟုတ် ၎င်းနှင့်ညီမျှသော နိုင်ငံခြားငွေအပေါ်  ကမ္ဘောဇဘဏ်မှ အကောင်းဆုံး ငွေလွှဲနှုန်း နှင့် နိုင်ငံတော်မှ အပိုဆောင်းငွေ ၃၀ ကျပ်အား ငွေလွှဲထုတ်ယူသည့်အခါတွင် ယနေ့မှစ၍ ထပ်မံထည့်သွင်းပေးမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။ 

ငွေလွှဲထုတ်ယူရာတွင်လည်း ကမ္ဘောဇဘဏ်ခွဲများတွင် ရက်ချိန်းယူစရာမလိုဘဲ အကန့်အသတ်မရှိ ငွေသားပြန်လည်ထုတ်ယူနိုင်မည်ဖြစ်ပါသည်။

ကမ္ဘောဇဘဏ်၏ နိုင်ငံခြားငွေလွှဲဝန်ဆောင်မှုများ အကြောင်း အသေးစိတ်သိရှိလိုပါက KBZ Bank Call Center: 09-951018555 (သို့) Worker Remittance Team: 09-443211683 သို့ လည်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။