Krungthai Bank Web Application မှ ကမ္ဘောဇဘဏ်သို့ အခမဲ့ငွေလွှဲပြီး ငွေသားအကန့်အသတ်မရှိထုတ်ယူနိုင်ပါပြီ

လေးစားအပ်ပါသော ကမ္ဘောဇဘဏ်အသုံးပြုသူ Customer များ

ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသားများအတွက်အတွက် Krungthai Bank ၏ web application မှတစ်ဆင့် ကမ္ဘောဇဘဏ်သို့ ငွေလွှဲခအခမဲ့ဖြင့် တိုက်ရိုက်ငွေလွှဲပေးပို့နိုင်ပြီဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။ ငွေလွှဲပေးပို့မည့်သူမှ  Krungthai Bank web application (link : https://smartfx.krungthai.com/apg) သို့ဝင်ရောက်ပြီး ငွေလွှဲလက်ခံမည့်ဘဏ်နေရာတွင်တွင် ကမ္ဘောဇဘဏ်ကို ရွေးချယ်ပေးရမည်ဖြစ်ပါသည်။ ငွေလွှဲထုတ်ယူရာတွင်လည်း ငွေလွှဲလက်ခံမည့်သူမှ ငွေသားဖြင့် အကန့်အသတ်မရှိ ထုတ်ယူနိုင်မည်ဖြစ်ပါသည်။ 

အစီအစဉ်ကာလမှာ သြဂုတ်လမှ ဒီဇင်ဘာလ ၂၀၂၂ ခုနှစ်အထိဖြစ်ပြီး ကမ္ဘောဇဘဏ်ရှိ Worker Remittance အကြောင်းအသေးစိတ်သိရှိလိုပါက  KBZ Call Center: 09-951018555 (သို့) Worker Remittance Team: 09-443211683 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။ 

Krungthai Bank မှ ကမ္ဘောဇဘဏ်သို့ ငွေလွှဲခြင်းဝန်ဆောင်မှုများနှင့် ပတ်သတ်၍ သိရှိလိုပါက 09-26670044 သို့လည်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။