သတ်မှတ်ထားသော KBZ ATM များတွင် နိုင်ငံခြားဘဏ်များမှထုတ်ဝေထားသောကတ်များဖြင့် ငွေသားထုတ်ယူနိုင်ပါပြီ   – မေးလေ့မေးထရှိသော မေးခွန်းများ

အောက်ပါ နိုင်ငံခြားဘဏ်များနှင့် ချိတ်ဆက်ထားသော ကတ်များမှ KBZ ATM တွင်ငွေသားထုတ်ယူနိုင်ပါသည်။

  • Visa Card (Prepaid Cards and Credit Cards) 
  • MasterCard (Prepaid Cards and Credit Cards) 
  • UPI (Prepaid Cards and Credit Cards) 
  • JCB (Prepaid Cards and Credit Cards) 

International card အမျိုးအစားဖြစ်သော Visa, Master, UPI နှင့် JCB ကတ်ကိုင်ဆောင်ထားသူ မည်သူမဆို Issuer ဘဏ်မှသတ်မှတ်ထားသည့် ပမာဏအတိုင်းထုတ်ယူနိုင်ပါသည်။

MPU ကတ်မရှိသော (သို့မဟုတ်) ကတ်ယူဆောင်ရန်မေ့လာသော Customer များသည် KBZ mBanking ၏ Cardless Withdrawal ဖြင့် တစ်ပတ်လျှင် အများဆုံး (၃) သိန်းကျပ် ငွေထုတ်ယူနိုင်သည့်အပြင် အခြားသောဝန်ဆောင်မှုများဖြစ်သည့် KBZ MPU Debit Card Transfer (KBZ MPU ကတ်အချင်းချင်း ငွေလွှဲခြင်း)၊ လက်ကျန်ငွေစစ်ဆေးခြင်း (Balance Enquiry)၊ ဘဏ်အကောင့်စာရင်းထုတ်ယူခြင်း (Mini-statement) ၊ PIN နံပါတ်ပြောင်းလဲသတ်မှတ်ခြင်း (PIN Change)  နှင့် KBZ mBanking အကောင့် activate ပြုလုပ်ခြင်းများ ပြုလုပ်နိုင်ပါသည်။

ယခုလက်ရှိတွင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် နှင့် တောင်ကြီးမြို့များရှိ သတ်မှတ်ထားသော ATM များတွင် ငွေသား ထုတ်ယူနိုင်ပါသည်။ အခြားမြို့များတွင်လည်း ငွေသားထုတ်ယူနိုင်သော ATM အရေအတွက်များကို တိုးချဲ့နိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ပြီး ATM များစာရင်းကို အချိန်နှင့်တပြေးညီ ကြေညာပေးသွားမည်ဖြစ်ပါသည်။

ကမ္ဘောဇဘဏ်၏ သတ်မှတ်ထားသော ATM များတွင် Customer များငွေထုတ်ယူနိုင်ရန် အတတ်နိုင်ဆုံးကြိုးစား၍ ငွေဖြည့်ပေးသွားမည်ဖြစ်ပါသည်။ Customer များအနေဖြင့် ငွေထုတ်ရာတွင် အဆင်မပြေခြင်းများရှိခဲ့ပါက KBZ Bank Call Center 09951018555 သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။

လက်ရှိတွင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် နှင့် တောင်ကြီးမြို့ကြီးများရှိ KBZ ATM (၈၈) လုံးတွင် ငွေသားထုတ်ယူနိုင်ပြီး ATM စာရင်းအားအောက်ပါလင့်ခ်တွင် ကြည့်ရှုနိုင်ပါသည်။
Cash Withdrawal List