KBZ MPU-UnionPay Platinum Credit Card နဲ့ Cash Rebate များ တစ်နှစ်လုံးခံစားခွင့်

KBZ MPU-UnionPay Platinum Credit Card သုံးစွဲသူများအတွက် အထူးပရိုမိုးရှင်းတစ်ခုရှိလို့နေပါတယ်။ ဒီအထူးအစီအစဉ်မှာတော့ KBZ MPU-UnionPay Platinum Credit Card ကိုနိုင်ငံပေါင်း 180 ကျော်ရှိ UnionPay Network နှင့် ချိတ်ဆက်ထားသော POS စက် သို့မဟုတ် E-commerce ဝက်ဘ်ဆိုဒ်များမှာပါ သုံးစွဲနိုင်မှာဖြစ်ပြီး တစ်လလျှင်အနည်းဆုံး USD 15 မှ စတင်သုံးစွဲပေးရုံနဲ့ အများဆုံး 2% အထိ ပြန်အမ်းငွေများကိုရရှိမှာပဲဖြစ်ပါတယ်။ 

ပြန်အမ်းငွေရရှိနိုင်မည့် ခံစားခွင့်များမှာ-

  • ၁လအတွင်း USD 15 နှင့်အထက် အသုံးပြုသူများအတွက် ၁%
  • ၁လအတွင်း USD 50 နှင့်အထက် အသုံးပြုသူများအတွက် ၁.၅%
  • ၁လအတွင်း USD 100 နှင့်အထက် အသုံးပြုသူများအတွက် ၂%

ပြန်လည်ရရှိမယ့် ပြန်အမ်းငွေအားလုံးကိုတော့  ကတ်သုံးစွဲသူရဲ့ ကတ်ထဲသို့ တိုက်ရိုက် ထည့်သွင်းပေးသွားမှာဖြစ်ပြီး ဒီအစီအစဉ်ကို ၇.၄.၂၀၂၄ ရက်နေ့အထိပြုလုပ်သွားမှာဖြစ်ပါတယ်။

ဒါကြောင့် Cash Rebate များ တစ်နှစ်လုံးခံစားခွင့်ရဖို့ KBZ MPU-UnionPay Platinum Credit Card ကို များများအသုံးပြုဖို့ မမေ့လိုက်နဲ့နော်။

စည်းမျဥ်းစည်းကမ်းသတ်မှတ်ချက်များပါရှိပါသည်။