“KBZ MPU-UnionPay Asia Prestige Debit/Credit Card နဲ့ Cash Rebate များ တစ်နှစ်လုံးခံစားခွင့်” အစီအစဉ်အတွက် မေးလေ့မေးထရှိသော မေးခွန်းများ

“KBZ MPU-UnionPay Asia Prestige Debit/Credit Card နဲ့ Cash Rebate များ တစ်နှစ်လုံးခံစားခွင့်” အစီအစဉ်အတွက် မေးလေ့မေးထရှိသော မေးခွန်းများ

“KBZ MPU-UnionPay Credit Card နဲ့ Cash Rebate များ တစ်နှစ်လုံးခံစားခွင့်” အစီအစဉ်တွင် KBZ Bank MPU-UnionPay Asia Prestige Platinum Credit Card နှင့် KBZ Bank MPU-UnionPay Asia Prestige Diamond Debit Card ဖြင့်  ငွေပေးချေသူများအားလုံး ပါဝင်နိုင်မည်ဖြစ်ပါသည်။ 

အစီအစဉ် ကာလမှာ ၈.၄.၂၀၂၃ မှ ၇.၄.၂၀၂၄ အထိဖြစ်သည်။ 

ဤအစီအစဥ်တွင် UnionPay Network နှင့်ချိတ်ဆက်ထားသော POS machine သို့မဟုတ် ecommerce websites (Grab, Foodpanda, Facebook payments, ACCA exam fees, agoda, trip.com, etc.) များတွင် KBZ Bank MPU-UnionPay Asia Prestige Platinum Credit Card နှင့်  KBZ Bank MPU-UnionPay Asia Prestige Diamond Debit Card ဖြင့် အထူးအစီအစဥ် ကာလအတွင်း အနည်းဆုံး USD 15 ရှိသော ငွေပေးချေမှုများ ပြုလုပ်ပါက အလိုအလျောက် ပါဝင်ခွင့်ရရှိမည်ဖြစ်ပါသည်။ 

အစီအစဉ်ကာလအတွင်း ငွေပေးချေမှုပြုလုပ်သူများအနေဖြင့် လစဥ် ရရှိနိုင်သော ပြန်အမ်းငွေပမာဏများ မှာ-

– လစဥ် စုစုပေါင်း USD 15.00 မှ USD 49.99 အထိ ငွေပေးချေမှုရှိပါက ပြန်အမ်း‌ငွေ 1% 

– လစဥ် စုစုပေါင်း USD 50.00 မှ USD 99.99 အထိ  ငွေပေးချေမှုရှိပါက ပြန်အမ်း‌ငွေ 1.5% 

– လစဥ် စုစုပေါင်း USD 100.00 နှင့် အထက် ငွေပေးချေမှုရှိပါက  ပြန်အမ်း‌ငွေ 2%

ကတ်တစ်ကတ်တွင် ရရှိနိုင်သော အများဆုံး ပြန်အမ်း‌ငွေသည် တစ်လအတွက် USD 100 ဖြစ်ပါသည်။ 

အနည်းဆုံး USD 15.00 သို့မဟုတ် USD  15.00 နှင့် ကိုက်ညီသော ကျပ်ငွေပမာဏကိုအသုံးပြုရပါမည်။

ရရှိသောပြန်အမ်းငွေကို ကတ်အသုံးပြုသူ၏ ကတ်ထဲသို့ လစဥ်(ရက် ၃၀) ကုန်ဆုံးပြီးနောက် သတ်မှတ်ရုံးဖွင့်ရက် (၁၀) ရက်အတွင်း တိုက်ရိုက် ထည့်ပေးမည် ဖြစ်ပါသည်။ ထိုပမာဏအား ‌ငွေသားဖြင့် ထုတ်ပေးမည် မဟုတ်ပါ။ အစိုးရရုံးပိတ်ရက်များ  သို့မဟုတ် KBZ Bank မှ ထိန်းချုပ်၍မရနိုင်သော အခြေအနေမျိုးတွင် ပြန်အမ်းငွေ ထည့်သွင်းပေးမည့်အချိန်သည် အပြောင်းအလဲရှိနိုင် ပါသည်။ 

အစီအစဥ် ကာလပတ်လုံး ပြန်အမ်းငွေကို ခံစားခွင့် ရှိပါသည်။

ရရှိနိုင်သောပြန်အမ်း‌ငွေ ပမာဏမှာ ကတ်တစ်ကတ်အတွက် တစ်လလျှင် အများဆုံး USD 100 သတ်မှတ်ထားပါသည်။ အထူးအစီအစဥ် ကာလအတွင်း  ပြန်အမ်း‌ငွေပမာဏသည် ဦးရာယူစနစ်အဖြစ် ခံစားခွင့်ရှိပါသည်။ တစ်လတွင် USD 100 အထိ ရရှိပြီးလျှင် နောက်လတွင်လည်း ထပ်မံ ခံစားခွင့်ရှိပါသည်။