ကမ္ဘောဇဘဏ်သည် customer များအဆင်ပြေစေရန်အတွက် ရက်ချိန်းယူစရာမလိုပဲ ငွေစာရင်းအကောင့်သစ်မှ အဆင်ပြေလွယ်ကူစွာ ငွေသားထုတ်ယူနိုင်ရန် ဘဏ်ခွဲပေါင်း ၂၀၁ ကျော်ကို တိုးချဲ့သတ်မှတ်ထားရှိပြီးဖြစ်ပါသည်။
Daily Updates
ထပ်မံတိုးမြှင့်လိုက်သော စာရင်းသေအပ်ငွေစာရင်း၏ အတိုးနှုန်းအသစ်များ
ကမ္ဘောဇဘဏ်မှ အောက်တိုဘာလ ၂၅ရက်နေ့မှစ၍ တိုးမြှင့်လိုက်သော စားရင်းသေအပ်ငွေစာရင်း၏ အတိုးနှုန်းအသစ်များကို customer များ ခံစားရယူနိုင်ပြီဖြစ်ပါသည်။
လွယ်ကူစွာ ငွေသားထုတ်ယူနိုင်သည့် ငွေစာရင်းအကောင့်သစ်_ငွေစုဘဏ်အပ်ငွေစာရင်း
Customer များအနေဖြင့် သတ်မှတ်ချက်များမရှိပဲ ငွေအပ်နှံခြင်း၊ ငွေထုတ်ယူခြင်းများ ပြုလုပ်နိုင်သော ငွေစာရင်းအကောင့်သစ်များဖြစ်သည့် ခေါ်ယူအပ်ငွေစာရင်း နှင့် စာရင်းရှင်အပ်ငွေစာရင်းတို့အပြင် ငွေစုဘဏ်အပ်ငွေစာရင်းကိုပါ ကမ္ဘောဇဘဏ်မှ ထပ်မံမိတ်ဆက်လိုက်ပါသည်။
ကမ္ဘောဇဘဏ် Customer များ အနေဖြင့် ငွေသားထုတ်ယူခြင်း ဝန်ဆောင်မှုအား ကြိုတင် Appointment ရယူပြီးမှသာ လုပ်ဆောင်နိုင်မည်
လေးစားအပ်ပါသော ကမ္ဘောဇဘဏ်သုံးစွဲသူ ပြည်သူများ ငွေသားထုတ်ယူခြင်း ဝန်ဆောင်မှုအား Appointment ရယူရန်မလိုအပ်ဘဲ ကင်းလွတ်ခွင့်များ ရှိနေသည်ဟူသော ကောလဟာလများ ပျံ့နှံ့လျက်ရှိနေသည်ကို ကမ္ဘောဇဘဏ်အနေဖြင့် ကြားသိထားပါသည်။ သို့ဖြစ်ပါ၍ လူကြီးမင်းတို့ စိတ်အနှောက်အယှက်ကင်းဝေးစေရန် ငွေသားထုတ်ယူခြင်း ဝန်ဆောင်မှုအား ကြိုတင် Appointment ရယူပြီးမှသာ လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း ထပ်မံအသိပေးအပ်ပါသည်။ ငွေသားထုတ်ယူလိုသော customer များအနေဖြင့် ကျွန်ုပ်တို့၏ KBZPay အက်ပလီကေးရှင်းမှ တဆင့် ကြိုတင် Appointment ရယူရန် လိုအပ်ပါသည်။ အသေးစိတ်အား အောက်ဖော်ပြပါ လင့်ခ်တွင် ကြည့်ရှုနိုင်ပါသည်။ https://bit.ly/3wYWfPy ရန်ကုန်မြို့ရှိ သက်ကြီးရွယ်အို customer များအနေဖြင့် အသေးစိတ်အချက်အလက်အား 09 9510 18555 သို့မဟုတ် 8555သို့ ခေါ်ဆိုမေးမြန်းနိုင်ပါသည်။
မြန်မာတစ်နိုင်ငံလုံးရှိ ဖွင့်လှစ်ထားမည့် ကမ္ဘောဇဘဏ်ခွဲများနှင့် ရရှိနိုင်သော ဝန်ဆောင်မှုများ
လေးစားအပ်ပါသော ကမ္ဘောဇဘဏ်သုံးစွဲသူ ပြည်သူများ ကမ္ဘောဇဘဏ်သည် ဝန်ထမ်းများ နှင့် customer များ၏ ကျန်းမားရေး နှင့် ဘေးကင်းလုံခြုံရေးကို ထိပ်တန်းဦးစားပေးဆောင်ရွက်လျက်ရှိသည့်အလျောက် ယခုလိုခက်ခဲသောအချိန်ကာလအတွင်း customer များကို အခြေခံဘဏ်ဝန်ဆောင်မှုများ ဆက်လက်ပေးအပ်နိုင်ရန်လည်း ကြိုးပမ်းလုပ်ဆောင်နေပါသည်။ ကမ္ဘောဇဘဏ်ခွဲများ ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်သော်လည်း ဝန်ထမ်းလုံလောက်မှု အခက်အခဲများ ကြုံတွေ့နိုင်ပါသောကြောင့် လူကြီးမင်းတို့အနေဖြင့် စိတ်ရှည်သီးခံနားလည်ပေးကြပါရန် အထူးမေတ္တာရပ်ခံလိုပါသည်။ အချိန်တိုအတွင်း ဘဏ်ခွဲများ ဖွင့်ခြင်း၊ ပိတ်ခြင်းတို့ရှိနိုင်ပါသဖြင့် အဆင်မပြေမှုများအတွက် တောင်းပန်အပ်ပါသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ ဘဏ်လုပ်ငန်းချိန်ကို နံနက် ၉ နာရီခွဲမှ နေ့လည် ၃ နာရီအထိ ပြောင်းလဲသတ်မှတ်ထားပါသည်။ Customerများအနေဖြင့် ငွေကြေးစီမံခန့်ခွဲမှုများ ပြုလုပ်နိုင်ရန် ကမ္ဘောဇဘဏ်၏ ဒီဂျစ်တယ်ဝန်ဆောင်မှုများကို ရယူထားကြပါရန် တိုက်တွန်းလိုပါသည်။ mBanking နှင့် iBanking ၏ ဝန်ဆောင်မှုများအကြောင်းကို...
လေးစားအပ်ပါသော ကမ္ဘောဇဘဏ်သုံးစွဲသူ ပြည်သူမျာ
လေးစားအပ်ပါသော ကမ္ဘောဇဘဏ်သုံးစွဲသူ ပြည်သူများ မတ်လ ၁၅ ရက်နေ့မှစတင်ပြီး ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲများကို အောက်တွင်ဖော်ပြထားသော ပြည်သူများ အတွက်မရှိမဖြစ်လိုအပ်သည့် ဘဏ်ဝန်ဆောင်မှုများ ပေးနိုင်ရန် ပြန်လည်ဖွင့်လှစ်ခဲ့ပါသည်။ ယခုလိုမရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုများပေးရန် ဘဏ်ခွဲများပြန်လည်ဖွင့်လှစ်ရာတွင် အဆင်မပြေမှုများရှိနိုင်ပါသဖြင့် လူကြီးမင်းတို့ နားလည်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်။ ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားသော ကမ္ဘောဇဘဏ်ခွဲများစာရင်းကို အောက်တွင် ဆက်လက်ကြည့်ရှူနိုင်ပါသည်။ အပတ်စဉ်အလိုက် ဘဏ်ဝန်ဆောင်မှုများကို ပိုမိုဆောင်ရွက်ပေးသွားနိုင်ရန် ရည်ရွယ်ထားပြီး နောက်ဆုံးသတင်းအချက်အလက်များကို www.kbzbank.com တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ ကမ္ဘောဇဘဏ်အနေဖြင့် ATM များကို အစဉ်အမြဲ online ဖြစ်နေရန် ကြိုးစားဆောင်ရွက်နေပြီး စက်အတွင်းသို့ ငွေများ ဆက်လက်ဖြည့်သွင်းပေးသွားမည်ဖြစ်ပါသည်။ Corporate ငွေထုတ်ယူခြင်းနှင့် ဝန်ဆောင်မှုများ/အင်တာနေရှင်နယ် ဘဏ်ဝန်ဆောင်မှုများ/နိုင်ငံခြားငွေ နှင့် လစာဝန်ဆောင်မှုများအတွက် ကမ္ဘောဇဘဏ် call center 09-951018555 (သို့) ...