ကမ္ဘောဇဘဏ် Customer များ အနေဖြင့် ငွေသားထုတ်ယူခြင်း ဝန်ဆောင်မှုအား ကြိုတင် Appointment ရယူပြီးမှသာ လုပ်ဆောင်နိုင်မည်

လေးစားအပ်ပါသော ကမ္ဘောဇဘဏ်သုံးစွဲသူ ပြည်သူများ

ငွေသားထုတ်ယူခြင်း ဝန်ဆောင်မှုအား Appointment ရယူရန်မလိုအပ်ဘဲ ကင်းလွတ်ခွင့်များ ရှိနေသည်ဟူသော ကောလဟာလများ ပျံ့နှံ့လျက်ရှိနေသည်ကို ကမ္ဘောဇဘဏ်အနေဖြင့် ကြားသိထားပါသည်။ သို့ဖြစ်ပါ၍ လူကြီးမင်းတို့  စိတ်အနှောက်အယှက်ကင်းဝေးစေရန် ငွေသားထုတ်ယူခြင်း ဝန်ဆောင်မှုအား ကြိုတင် Appointment ရယူပြီးမှသာ လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း ထပ်မံအသိပေးအပ်ပါသည်။  

ငွေသားထုတ်ယူလိုသော customer များအနေဖြင့် ကျွန်ုပ်တို့၏ KBZPay အက်ပလီကေးရှင်းမှ တဆင့် ကြိုတင် Appointment ရယူရန် လိုအပ်ပါသည်။ အသေးစိတ်အား အောက်ဖော်ပြပါ လင့်ခ်တွင် ကြည့်ရှုနိုင်ပါသည်။ 

https://bit.ly/3wYWfPy

ရန်ကုန်မြို့ရှိ သက်ကြီးရွယ်အို customer များအနေဖြင့် အသေးစိတ်အချက်အလက်အား 09 9510 18555 သို့မဟုတ် 8555သို့ ခေါ်ဆိုမေးမြန်းနိုင်ပါသည်။