တစ်နှစ်လျှင် အတိုးနှုန်း ၇.၇၅% နှင့် ၈% ရရှိနိုင်သော ကမ္ဘောဇဘဏ်၏ ရက် ၉၀ စာရင်းသေအပ်ငွေစာရင်း အသစ်နှစ်ခု

လေးစားအပ်ပါသော ကမ္ဘောဇဘဏ်သုံးစွဲသူ ပြည်သူများ 

(2021) ခုနှစ်၊ ဇွန်လ ၁၇ ရက်မှစ၍ ကမ္ဘောဇဘဏ်၏ ရက် ၉၀ စာရင်းသေအပ်ငွေစာရင်းအသစ် နှစ်ခုအားမိတ်ဆက်လိုက်ပြီဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

၁။  ရက် ၉၀ အထူးငွေသား စာရင်းသေအပ်နှံခြင်း 

  • တစ်နှစ်လျှင် အတိုးနှုန်း ၈% 
  • အနည်းဆုံးစတင်အပ်နှံငွေမှာ  မြန်မာကျပ်ငွေ ၁,၀၀၀,၀၀၀ ကျပ် ဖြစ်ပါသည်။ 
  • စာရင်းဖွင့်ရန် လိုအပ်သည့် စတင်အပ်နှံငွေအား ငွေသား (သို့) မိမိ၏Operating Account – ခေါ်ယူအပ်ငွေစာရင်း/စာရင်းရှင်အပ်ငွေစာရင်းမှတစ်ဆင့် ငွေလွှဲကာ အပ်နှံနိုင်ပါသည်။
  • စာရင်းသက်တမ်းကုန်ဆုံးပါက မိမိ၏အပ်ငွေအားလုံးအား ငွေသားဖြင့်ရယူခြင်း (သို့) Operating Account သို့လွှဲပြောင်းခြင်းတို့ ပြုလုပ်နိုင်ပါသည်။

၂။  ရက် ၉၀ စာရင်းသေအပ်နှံခြင်း 

  • တစ်နှစ်လျှင် အတိုးနှုန်း ၇.၇၅%
  • အနည်းဆုံးစတင်အပ်နှံငွေမှာ  မြန်မာကျပ်ငွေ ၁၀,၀၀၀ ကျပ် ဖြစ်ပါသည်။ 
  • စာရင်းဖွင့်ရန် လိုအပ်သည့် စတင်အပ်နှံငွေအား ငွေသား (သို့) ချက်လက်မှတ် (သို့)  ခေါ်ယူအပ်ငွေစာရင်း နှင့် စာရင်းရှင်အပ်ငွေစာရင်း (သို့) Operating Account မှ တစ်ဆင့် ငွေလွှဲကာ အပ်နှံနိုင်ပါသည်။

ရက် ၉၀ စာရင်းသေအပ်ငွေစာရင်းအသစ်အား ဖွင့်လှစ်လိုသောcustomer များအနေဖြင့် ကမ္ဘောဇဘဏ်ခွဲတိုင်းတွင် သွားရောက်ဖွင့်လှစ်နိုင်ပြီ ဖြစ်ပါသည်။  Customer များ စာရင်းဖွင့်ရန် လိုအပ်သည့် စတင်အပ်နှံငွေ နှင့် စာရင်းသေအပ်ငွေစာရင်း Certificate တို့အားထုတ်ပေးရန် ဘဏ်ဝန်ထမ်းများမှ ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

ဘဏ်ခွဲသို့မသွားရောက်မီ အသေးစိတ်အချက်အလက်များကို သိရှိမေးမြန်းလိုပါက ၈၅၅၅ (သို့မဟုတ် MPT အသုံးပြုသူများအတွက် ၀၉၉၅၁၀၁၈၅၅၅) သို့ဖုန်းခေါ်ဆို၍ မေးမြန်းစုံစမ်းနိုင်ပါသည်။

ရက်၉၀ အထူးငွေသား စာရင်းသေအပ်နှံခြင်း ငွေသားထုတ်ယူရာတွင် စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များရှိပါသည်။