ရန်ကုန်မြို့ရှိ သက်ကြီးရွယ်အို Customer များအတွက် Senior Citizens – KBZPay စင်တာအား ဖွင့်လှစ်

ကမ္ဘောဇဘဏ် အနေဖြင့် ရန်ကုန်မြို့ရှိ အသက် (၆၀) နှင့်အထက် customer များအား ဝန်ဆောင်မှုများ ပေးအပ်ရာတွင် ပိုမိုအဆင်ပြေနိုင်စေရန်အတွက် Senior Citizens – KBZPay စင်တာအား ရန်ကုန်မြို့တွင် ဖွင့်လှစ်ပေးထားပါသည်။ အဆိုပါ စင်တာတွင် အောက်ပါဝန်ဆောင်မှုများအား တနင်္လာနေ့မှ သောကြာနေ့ မနက် ၉နာရီ ၃၀မိနစ်မှ ညနေ ၃နာရီ အတွင်း ရယူနိုင်မည် ဖြစ်ပါသည်။

■ KBZPay အကောင့်ဖွင့်လှစ်ခြင်း
■ ကိုယ်ပိုင်ဘဏ်အကောင့်အား KBZPay အကောင့်နှင့် ချိတ်ဆက်ခြင်း
■ ကမ္ဘောဇဘဏ်နှင့် KBZPay အကောင့်များ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များ ပြင်ဆင်ခြင်း
■ KBZPay အေးဂျင့် မှ ငွေထုတ်ခြင်း (ဝန်ဆောင်ခပေးဆောင်ရမည်ဖြစ်သည်)

အထက်ဖော်ပြပါ ဝန်ဆောင်မှုများ ရယူလိုသော သက်ကြီးရွယ်အိုcustomer များအနေဖြင့် 09 9510 18555 (သို့မဟုတ်) 8555 သို့ ဖုန်းခေါ်ဆို၍ ကြိုတင်စာရင်းပေးသွင်းရမည် ဖြစ်ပါသည်။ ထို့နောက်တွင် ကမ္ဘောဇဘဏ်မှ Booking နံပါတ်နှင့် လာရောက်ရမည့် ရက်အား ဖုန်းပြန်လည်ခေါ်ဆို၍ အတည်ပြုပေးမည် ဖြစ်ပါသည်။ Seniors စင်တာသို့ လာရောက်သည့်အချိန်တွင်  သက်ကြီးရွယ်အို customer များအနေဖြင့် မိမိတို့၏ မှတ်ပုံတင်၊  ယာဉ်မောင်းလိုင်စင်၊ ငွေစု စာရင်းစာအုပ်နှင့် စမတ်ဖုန်းအား တစ်ပါတည်းယူဆောင်လာကြရန် လိုအပ်ပါသည်။

Senior Citizens – KBZPay စင်တာ သို့ လာရောက်ကြသော သက်ကြီးရွယ်အို customer များသည် မိမိတို့၏ ကိုယ်ပိုင် KBZPay Wallet အကောင့်မှသာ ငွေသွင်းငွေထုတ် ဝန်ဆောင်မှုများကိုသာ ရယူနိုင်မည် ဖြစ်ပါသည်။

သက်ကြီးရွယ်အို customer များ အနေဖြင့် ဘဏ်ဝန်ဆောင်မှုများကို ဘဏ်သို့ လူကိုယ်တိုင်လာရောက်ပြီး လုပ်ဆောင်လိုကြသည်ကို သိရှိနားလည်ပါသော်လည်း လူကြီးမင်းတို့ ပိုမိုအဆင်ပြေစေရန်အတွက် ဘဏ်သို့ လာရောက်သည့်အချိန်တွင် Online Banking အကြောင်း စုံစမ်းမေးမြန်းမှုပြုလုပ်သွားကြရန် ကမ္ဘောဇဘဏ်မှ တိုက်တွန်းပြောကြားလိုပါသည်။ Customer များအနေဖြင့် ဘဏ်သို့ သွားရောက်ရန်မလိုအပ်ပဲ mBanking, iBanking နှင့် KBZPay စသည်တို့ကို အသုံးပြု၍ မိမိတို့၏ ငွေကြေးဆိုင်ရာ လုပ်ငန်းစဉ်များကို လုပ်ဆောင်သွားနိုင်မည် ဖြစ်ပါသည်။ 

တည်နေရာ:
MICT Park
ရန်ကုန်ဘဏ်ခွဲ ၁၀၉-MICT Park
တိုက်အမှတ် ၁၈၊ အခန်းနံပါတ် (၁၀၁၊ ၁၀၂၊ ၁၀၃၊ ၁၁၂၊ ၁၁၃၊၁၁၄)
မြေညီထပ်၊ MICT Park၊ လှိုင်တက္ကသိုလ်မြေ၊ ၁၂ ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။

အခြား customer များအနေဖြင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများအား ပုံမှန်ဖွင့်လှစ်ထားသော ကမ္ဘောဇဘဏ်ခွဲများတွင် ဆက်လက်လုပ်ဆောင်နိုင်မည် ဖြစ်ပါသည်။