ဇွန်လ ၁ ရက်နေ့ ၂၀၂၁ ခုနှစ်မှစ၍ Cheque နှင့် Payment Order (PO) ပုံစံအသစ်များကို စတင် ပြောင်းလဲအသုံးပြုပါရန်

မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ညွှန်ကြားချက်အရ ကမ္ဘောဇဘဏ်အသုံးပြုသော customer များအနေဖြင့် ၁.၆.၂၀၂၁ ခုနှစ်မှစတင်ပြီး ကမ္ဘောဇဘဏ် နှင့် အခြားမိတ်ဖက်ဘဏ်များ၏ MICR ချက်လက်မှတ်နှင့် PO များအသုံးပြုရာတွင် ပုံစံအသစ်များကို စတင်အသုံးပြုရန် လိုအပ်ကြောင်း အသိပေးအပ်ပါသည်။ ချက်လက်မှတ်ပုံစံအဟောင်းနှင့် PO အဟောင်းများကို ဆက်လက်အသုံးမပြုပါရန်လည်း လေးစားစွာဖြင့် အသိပေးအပ်ပါသည်။ Customer များအနေဖြင့် cheque နှင့် PO ပုံစံအဟောင်းများ လက်ဝယ်တွင်ရှိပါက ၄.၆.၂၀၂၁ အထိ မိမိတို့ ဘဏ်စာရင်းဖွင့်ခဲ့သော ဘဏ်ခွဲတွင် အခမဲ့လဲလှယ်နိုင်ပါသည်။ 

၁.၆.၂၀၂၁ မှ ၄.၆.၂၀၂၁ အတွင်း ချက်လက်မှတ် နှင့် PO ပုံစံအဟောင်းများ အသုံးပြုမှုအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ပုံစံဟောင်း တစ်စောင်လျှင် ၂,၀၀၀ ကျပ် နှင့် ၇.၆.၂၀၂၁ နောက်ပိုင်းအတွက် ၃,၀၀၀ ကျပ်စီ အလိုအလျောက် ကောက်ခံသွားမည် ဖြစ်ပါသည်။

Customers များအနေဖြင့် MICR cheque/ PO ပုံစံအသစ်နှင့် ပုံစံအဟောင်းများ ခွဲခြားရန် ချက်လက်မှတ်အသစ်၏ နောက်ကျောဘက် အလယ်ပိုင်းတွင် ပါရှိသော UIC bar ဖြင့် ခွဲခြားသိရှိနိုင်ပါသည်။ 

မှတ်ချက်။ ကမ္ဘောဇဘဏ်မှ ချက်လက်မှတ် နှင့် PO ပုံစံအသစ်များကို ဒီဇင်ဘာလ ၂ရက်နေ့ ၂၀၂၀ခုနှစ်မှ စတင်ထုတ်ပေးနေပြီ ဖြစ်ပါသည်။