လွယ်ကူစွာ ငွေသားထုတ်ယူနိုင်သည့် ငွေစာရင်းအကောင့်သစ်_ငွေစုဘဏ်အပ်ငွေစာရင်း

Customer များအနေဖြင့် သတ်မှတ်ချက်များမရှိပဲ ငွေအပ်နှံခြင်း၊ ငွေထုတ်ယူခြင်းများ ပြုလုပ်နိုင်သော ငွေစာရင်းအကောင့်သစ်များဖြစ်သည့် ခေါ်ယူအပ်ငွေစာရင်း နှင့် စာရင်းရှင်အပ်ငွေစာရင်းတို့အပြင် ငွေစုဘဏ်အပ်ငွေစာရင်းကိုပါ ကမ္ဘောဇဘဏ်မှ ထပ်မံမိတ်ဆက်လိုက်ပါသည်။

ငွေစာရင်းအကောင့်သစ်-ငွေစုဘဏ်အပ်ငွေစာရင်းအတွက် customer များအနေဖြင့် ပိုမိုမြင့်မားသောအတိုးနှုန်း ၇% ရရှိနိုင်မှာဖြစ်ပါသည်။ ငွေစာရင်းအကောင့်သစ်-ငွေစုဘဏ်အပ်ငွေစာရင်းအား တစ်နိုင်ငံလုံးရှိ မည်သည့်ကမ္ဘောဇဘဏ်ခွဲတွင်မဆို ဖွင့်လှစ်နိုင်ပြီး ပရိုမိုးရှင်းကာလမှာ နောက်ထက်ထပ်မံ မကြေညာခင်အထိ ဖြစ်ပါသည်။

*စည်းကမ်းသတ်မှတ်ချက်များပါဝင်ပါသည်။

***အတိုးနှုန်းအား မည်သည့်အချိန်၌မဆို ပြင်ဆင်ရန် (သို့မဟုတ်) ဖြည့်စွက်ရန် ကမ္ဘောဇဘဏ်တွင် အခွင့်အာဏာရှိပါသည်။ ဘဏ်သည် ပြင်ဆင်သည့် စည်းကမ်းချက်များအား ဘဏ်၏ Website တွင် ထုတ်ပြန်ခြင်း (သို့မဟုတ်) ဘဏ်မှသင့်တော်သည့် အခြားနည်းလမ်းတစ်ခုခုဖြင့်ဖြစ်စေ ဆက်သွယ်အကြောင်းကြားနိုင်သည်။ Website ပေါ်တွင် ထုတ်ပြန်သည့် ပြင်ဆင်ချက်များအပါအဝင် အဆိုပါစည်းကမ်းချက်များကို ပုံမှန်စစ်ဆေးရန် ငွေအပ်နှံသူတွင် တာဝန်ရှိပါသည်။

ငွေစာရင်းအကောင့်သစ်-ငွေစုဘဏ်အပ်ငွေစာရင်းအကြောင်း အသေးစိတ်သိရှိလိုပါက ဤလင်ခ့် တွင်ကြည့်ရှုနိုင်သကဲ့သို့ customer service နံပါတ်ဖြစ်သော ၈၅၅၅ (MPT အသုံးပြုသူများ မဟုတ်ပါက) နှင့် ၀၉၉၅၁၀၁၈၅၅၅ (MPT အသုံးပြုသူများ) သို့လည်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။