Western Union (Inbound ငွေလွှဲပေးပို့ခြင်း) အထူးဝန်ဆောင်မှုကို ဘဏ်ခွဲပေါင်း (၅၀)တွင် လုပ်ဆောင်နိုင်ပါပြီ

လေးစားအပ်ပါသော ကမ္ဘောဇဘဏ် အသုံးပြုသူ customer များ 

မြန်မာနိုင်ငံရှိ ကမ္ဘောဇဘဏ်ခွဲပေါင်း(၅၀)တွင် Western Union (Inbound ငွေလွှဲပေးပို့ခြင်း) ၏ အထူးဝန်ဆောင်မှုတစ်ရပ်ကို လုပ်ဆောင်နိုင်ပြီဖြစ်ကြောင်း လေးစားစွာ အသိပေးအကြောင်းကြားအပ်ပါသည်။ ယင်းဝန်ဆောင်မှုမှာ ထုတ်ယူမည့်ငွေပမာဏကို ကန့်သတ်ထားခြင်းမရှိဘဲ မိမိထုတ်ယူလိုသည့် ပမာဏအတိုင်း အလွယ်တကူထုတ်ယူနိုင်မည့်အပြင် ငွေထုတ်ယူမည့်  customer များအနေဖြင့် appointment ယူစရာမလိုဘဲ လိုအပ်သောစာရွက်စာတမ်းများနှင့်တကွ ဘဏ်ဖွင့်ချိန်အတွင်း သွားရောက်ထုတ်ယူနိုင်ပါသည်။ 

■ ငွေလွှဲသူအမည်
■ ငွေလွှဲလိုက်သည့်နိုင်ငံ
■ ငွေလက်ခံမည့်သူ၏မှတ်ပုံတင်
■ MTCN နံပါတ် (ငွေလွှဲသူမှ ငွေလွှဲလက်ခံမည့်သူထံသို့ ပေးပို့ထားသော ဂဏန်း၁၀လုံး ကုတ်နံပါတ်)
■ ထုတ်ယူမည့်ငွေပမာဏ 

ငွေသားထုတ်ယူမည့်သူဘက်မှ ဝန်ဆောင်ခပေးဆောင်ရန်မလိုအပ်ပါ။

ဝန်ဆောင်မှုရရှိနိုင်သော ဘဏ်ခွဲများစာရင်းကို အောက်ဖော်ပြပါဇယားတွင် ကြည့်ရှုနိုင်ပါသည်။

အသေးစိတ်သိရှိလို့ပါက Email:  [email protected] (သို့)
Phone: 01-2307162, 09-443211683 တို့ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ကမ္ဘောဇဘဏ်၏ ဝန်ဆောင်မှုများကို အသုံးပြုခြင်းအတွက် ကျေးဇူးတင်ရှိပါသည်။