Step Up Loan ဆိုတာ ဘယ်လိုချေးငွေမျိုးလဲ။
Step Up Loan ချေးငွေသည် ပထမဆုံး ၂ နှစ်တွင် ပိုမိုသက်သာသော အတိုးနှုန်းကြောင့် လစဉ်ပေးသွင်းငွေပိုမိုသက်သာမည်ဖြစ်ပြီး လက်ကျန်နှစ်များကို ပုံမှန်အတိုးနှုန်းဖြင့် လစဉ်ပေးသွင်းငွေကို တိုးမြင့်ပေးသွင်းခြင်းဖြင့် အိမ်ရာချေးငွေရယူလိုသော Customers များတွက် ရည်ရွယ်ပါသည်။
Step Up Loan တွင် အတိုးနှုန်းမည်မျှကျသင့်ပါမည်နည်း။
ပထမနှစ်တွင်(၇%)၊ ဒုတိယနှစ် တွင်(၈%)နှင့် တတိယနှစ်မှစတင်၍လက်ကျန်နှစ်များတွင်(၁၀%)ဖြင့် တွက်ချက်ပါမည်။
ပုံမှန်အိမ်ရာချေးငွေကဲ့သို့ ကနဦးပေးချေငွေ ၅၀% နှင့် ၅၀% အထက်ပေးသွင်းခြင်းအတွက် ပရိုမိုးရှင်းအစီအစဉ်ရှိပါသလား။
ပထမနှစ်တွင် ၇%၊ ဒုတိယနှစ်တွင် ၈%၊ တတိယနှစ်မှစ၍ ချေးငွေသက်တမ်းလက်ကျန်နှစ်များတွင် ၈.၅%
ချေးငွေသက်တမ်း မည်မျှခွင့်ပြုပါသနည်း။
ချေးငွေသက်တမ်း အနည်းဆုံး ၈ နှစ်မှ ၂၅ နှစ်အထိ ခွင့်ပြုပါသည်။
ချေးငွေပမာဏ မည်မျှခွင့်ပြုပါမည်နည်း။
အဆောက်အဦးတန်ဖိုး (ဘဏ်ရာဖြတ်တန်ဖိုး) ၏ အများဆုံး ၇၅% အထိ ချေးငွေထုတ်ချေးပေးပါမည်။
ကနဦးပေးချေငွေ မည်မျှပေးသွင်းရပါမည်နည်း။
၀ယ်ယူလိုသောအဆောက်အဦးတန်းဖိုးပေါ်မူတည်ပြီး ကနဦးပေးချေငွေ အနည်းဆုံး ၂၅% ပေးသွင်းရမည်ဖြစ်ပါသည်။
၀န်ဆောင်ခမည်မျှပေးဆောင်ရပါမည်နည်း။
၀န်ဆောင်ခသည် ချေးငွေပမာဏပေါ်တွင် ၂% ကောက်ခံပြီး တစ်ကြိမ်သာပေးဆောင်ရပါမည်။
မည်သူတို့လျှောက်ထားနိုင်ပါသလဲ?
ပဋိညာဉ် ပြုနိုင်ပြီး အသက် (၁၈ – ၆၅) အတွင်း ဝင်ငွေခိုင်မာမှုရှိသော လခစားဝန်ထမ်းများ၊ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်ကြသူများ၊ သင်္ဘောသားများ၊ စာချုပ်ဖြင့်လုပ်ကိုင်ကြသောဝန်ထမ်းများနှင့် ကျွမ်းကျင်ပညာရှင်များ လျှောက်ထားနိုင်ပါသည်။
လစဉ်ပေးသွင်းငွေအား မည်သည့်အချိန်တွင်စတင်ပေးဆပ်ရမည်နည်း။
ချေးငွေထုတ်ချေးသည့်နေ့မှ ရက်(၃၀)ပြည့်မြောက်သည့်နေ့တွင် အတိုး၊ အရင်း (EMI) စတင် ၍ပြန်လည် ပေးဆပ်ရပါမည်။
သတ်မှတ်ချေးငွေကာလမတိုင်မီ ကျန်ရှိနေသေးသောချေးငွေများပြန်လည်ပေးဆပ်နိုင်ပါသလား?
လစဉ်ပေးသွင်းငွေအနည်းဆုံး(၃)နှစ်(လစဉ်ပေးသွင်းငွေ(၃၆)ကြိမ်)ပြန်လည်ပေးသွင်းပြီးမှသာ သတ်မှတ် ချေးငွေကာလမတိုင်မီ ပြန်လည်ပေးဆပ်ခြင်း(Early Repayment)ကို လက်ခံဆောင်ရွက်ပေးပါမည်။ (၃)နှစ်မတိုင်မီ(လစဉ်ပေးသွင်းငွေ(၃၆)ကြိမ်မပြည့်မီ)Early Repayment ပြန်လည် ပေးဆပ်မည်ဆိုပါကလိုအပ်သောအကြိမ်အရေအတွက်အား ပေးသွင်းပြီးဆောင်ရွက်နိုင်ပါသည်)
သတ်မှတ်ချေးငွေကာလမတိုင်မီ ပြန်လည်ပေးဆပ်ခြင်းအတွက် အခြားသတ်မှတ်ချက်များရှိပါသေးသလား?
ချေးငွေရယူထားသူသည် ချေးငွေသက်တမ်း ၈ နှစ်မတိုင်မီ ပြန်လည်ပေးဆပ်လိုပါက ပထမဆုံးချေးငွေစတင်ရယူသည့် နေ့မှစ၍ သက်သာခွင့်ပေးထားသောအတိုးနှုန်းနှင့် ပုံမှန်အတိုးနှုန်းကြား အတိုး ကွာဟချက်ကို ထပ်မံပေးသွင်းရပါမည်။ ချေးငွေသက်တမ်း ၈ နှစ်နောက်ပိုင်းတွင် ပြန်လည်ပေးဆပ်ခြင်းများအတွက် ၎င်းအတိုးနှုန်းကွာဟချက်ကို ထပ်မံပေးသွင်းရန်မလိုပါ။