ပထမ ၂ နှစ်အတွင်း အတိုးနှုန်းသက်သာစွာဖြင့် ကိုယ်ပိုင်အိမ်ရရှိပိုင်ဆိုင်လိုသော အိပ်မက်ကို အကောင်အထည်ဖော်နိုင်ရန် ကူညီပေးမည့် မြန်မာနိုင်ငံအိမ်ရာချေးငွေဈေးကွက်၏ ပထမဆုံးသော KBZ Step Up ချေးငွေအမျိုးအစားသစ်

မိမိစိတ်တိုင်းကျ ကိုယ်ပိုင်အိမ်လေး ပိုင်ဆိုင်ဖို့စိတ်ကူးအိပ်မက်ရှိပါသလား။ အိပ်မက်တွေအကောင်အထည်ဖော်နိုင်ဖို့ KBZ Step Up အိမ်ရာချေးငွေကို လျှောက်ထားဖို့ ဖိတ်ခေါ်နိုင်ပြီဖြစ်ပါသည်။ ကမ္ဘောဇအိမ်ရာချေးငွေကို ရယူလိုသည့် customer များ တိုးပွားလာမှုနှင့်အတူ အကောင်းဆုံးနှင့် အသက်သာဆုံးသော ဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန်အတွက် ကမ္ဘောဇဘဏ်မှ အစဉ်အမြဲကြိုးစားလျှက်ရှိပါသည်။ 

စည်းကမ်းချက်များနှင့်အခြေအနေများ

ချေးငွေပမာဏအနည်းဆုံး သိန်း ၂၀၀ 
ငွေကြေးအမျိုးအစားကျပ်ငွေ
ချေးငွေသက်တမ်း၈ နှစ် မှ ၂၅ နှစ်အထိ
အတိုးနှုန်းပထမ နှစ် လျှင် ၇% ၊ ဒုတိယ နှစ်လျှင် ၈% နှင့် တတိယ နှစ်မှစ၍ ၁၀% (ကနဦးငွေပေးချေမှု အား ၅၀% နှင့် အထက် ပြုလုပ်သူများအတွက် အတိုးနှုန်း ၈.၅%)
ကနဉီး ငွေပေးချေမှု၂၅% အနည်းဆုံး
ဝန်ဆောင်ခ၂%

ဝယ်ယူသောအိမ်တန်ဖိုး၏  ၅၀% သို့မဟုတ်  ၎င်းအထက် ကနဦးပေးသွင်းငွေပေးချေသူများသည် တတိယနှစ်မှ စပြီး  အထူးအတိုးနှုန်း ၈.၅% ရရှိမည်ဖြစ်ပါသည်။ 

အရေးကြီးသည့် အချက်အလက်များ 

စည်းမျဥ်းစည်းကမ်း နှင့် သတ်မှတ်ချက်များသည် ဘဏ်၏ တစ်ခုတည်းသော ဆုံးဖြတ်ချက်ပေါ်တွင် မူတည်ပြီး ဝယ်သူအား ကြိုတင်အကြောင်းကြားခြင်းမပြုဘဲ ပြောင်းလဲနိုင်သည်။ ထပ်မံသိရှိလိုသော အကြောင်းအရာများအား  နီးစပ်ရာ ကမ္ဘောဇဘဏ်ခွဲများ တွင်လည်းကောင်း ကမ္ဘောဇအိမ်ရာချေးငွေ website www.kbzbank.com/en/loans/home-loan/  တွင်လည်းကောင်း   ကမ္ဘောဇအိမ်ရာချေးငွေ၏ အရောင်းဌာနအား 09 444000700/800 09-444111102, 01-2306214 အစရှိသည့် ဖုန်းနံပါတ်များမှ လည်းကောင်း ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။