ကမ္ဘောဇဘဏ်၏ စာရင်းသေအပ်ငွေစာရင်း customer များသို့ ကြေညာချက်

လေးစားအပ်ပါသော စာရင်းသေအပ်ငွေစာရင်း customer များသို့

ကမ္ဘောဇဘဏ်အား ယုံကြည်စိတ်ချစွာရွေးချယ်ပြီး လူကြီးမင်း၏ ငွေကြေးများကို ကမ္ဘောဇဘဏ်တွင် စာရင်းသေအပ်ငွေစာရင်း အဖြစ် ရင်းနှီးမြှုပ်နှံခြင်းအတွက် အထူးကျေးဇူးတင်ရှိပါသည်။ လူကြီးမင်းအား ပိုမိုကောင်းမွန်သည့် ငွေကြေးစီမံခန့်ခွဲမှု နှင့် စာရင်းသေအပ်ငွေစာရင်းအပါအဝင် အခြားသော အချက်အလက်များအား ပိုမိုကောင်းမွန်စွာ ထောက်ပံ့ပေးနိုင်ရန် အစွမ်းကုန်ကြိုးစားလျှက်ရှိပါသည်။

လူကြီးမင်း၏ ငွေကြေးအား ရင်းနှီးမြှုပ်နှံနိုင်ရန် ကျေးဇူးပြု၍ အောက်ဖော်ပြပါ စာရင်းသေအပ်ငွေစာရင်း အတိုးနှုန်းများ နှင့် သက်တမ်းများအား ရည်ညွှန်းကိုးကား နိုင်ပါသည်။ ကမ္ယောဇဘဏ်တွင် စာရင်းသေအပ်ငွေစာရင်းအကောင့် ဖွင့်လိုပါကလည်း ဘဏ်ဝန်ထမ်းများမှ ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။ 

Normal Fixed DepositTenorIndividual/JointCorporate
30 Days7.5%
60 days7.75%
90 days8%
180 days6.6%
270 days6.75%
360 days7.25%
720 days7.75%
1080 days8%
Special Cash Fixed Deposit90 days8%8%

လူကြီးမင်း၏ စာရင်းသေအပ်ငွေစာရင်း သက်တမ်းစေ့ရောက်ခြင်းနှင့်ပတ်သက်၍ ညွှန်ကြားချက်များရှိပါက  စာရင်းသေအပ်ငွေစာရင်းဖွင့်ခဲ့သော ဘဏ်ခွဲသို့ သက်တမ်းမကုန်ခင် (၂) ပါတ်ကြိုတင် အကြောင်းကြားပေးပါရန် အကြံပြုအပ်ပါသည်။ ဘဏ်ခွဲအား ဆက်သွယ်ရန်အချက်အလက်များကို ဤလင်ခ့် တွင်ကြည့်ရှုပါ။

ကမ္ဘောဇဘဏ်၏ ဝန်ဆောင်မှုများကိုအသုံးပြုခြင်းအတွက် ကျေးဇူးတင်ပါသည်။