EV ကားအသစ် ကံစမ်းနိုင်မယ့် ရွှေရောင်နှစ်သစ်

ကမ္ဘောဇဘဏ်မှာ ယုံကြည်စိတ်ချစွာ ငွေတွေစုထားတဲ့ လူကြီးမင်းတို့အတွက် စုငွေနဲ့အတူတိုးပွားလာမယ့် အတိုးနှုန်းအပြင် နောက်ထပ်ရင်ခုန်စိတ်လှုပ်ရှားရမယ့် “ EV ကားအသစ် ကံစမ်းနိုင်မယ့်ရွှေရောင်နှစ်သစ်”အစီအစဥ် တစ်ခုအကြောင်း မျှဝေလို့ပေးချင်ပါတယ်။ 

“ EV ကားအသစ် ကံစမ်းနိုင်မယ့်ရွှေရောင်နှစ်သစ်”အစီအစဥ် မှာပါဝင်ဖို့အတွက် ကမ္ဘောဇဘဏ် အပ်ငွေစာရင်းအမျိုးအစားတစ်ခုခု ရှိရန်လိုအပ်ပြီး  Personal Accountများ (Individual/Joint Account) ဖြစ်ရပါမယ်။ Special Cash နှင့် Ordinary အမျိုးအစား ( ၂ ) မျိုးစလုံး အကျုံးဝင်မှာဖြစ်ပါတယ်။ 

ယခုအစီအစဥ်မှာပါဝင်သော ဆုလက်ဆောင်များ 

✦ အမြင့်မားဆုံးအထူးဆုများ ✦ 

  • EV ကားအသစ်စက်စက် (၁) စီး
  • iPhone 15 Pro (၃) လုံး

✦ လစဥ်ကံစမ်းနိုင်သောဆုများ ✦ 

  • ရွှေ (၁) ကျပ်သား 
  • မိုဘိုင်းဖုန်း (၃) လုံး 
  • (၅) သိန်းကျပ်တန် ဓာတ်ဆီထည့်ခွင့်ကူပွန် (၃) စောင် 
  • လက်ဆောင်ကူပွန်များဖြစ်သော Staycation နှင့်ညစာစားခွင့်တို့ ပါဝင်မှာဖြစ်ပါတယ်။ 

Lucky Draw  ကံစမ်းမဲ တစ်စောင်ရရှိဖို့အတွက် တွက်ချက်ရာမှာတော့ ဇန်နဝါရီလမှစတင်ပြီး Personal Account (Individual/Joint) အတွင်းရှိအပ်ငွေစာရင်းများ၏ ကျန်ခဲ့သောလနှင့်နှိုင်းယှဉ်လျှင် လစဉ်တိုးတက်လာသော ပျမ်းမျှအပ်ငွေပမာဏ ၁၀ သိန်း (၁,၀၀၀,၀၀၀) ကျပ်တိုင်းအတွက် Lucky Draw  ကံစမ်းမဲ တစ်စောင်စီ ရရှိမှာဖြစ်ပါတယ်။ 

ဥပမာ။ ။ဒီဇင်ဘာလကုန်တွင် အပ်ငွေစာရင်း၌ တစ်လစာပျှမ်းမျှအပ်ငွေ ၁၀ သိန်းရှိပြီး ဇန်နဝါရီလကုန်တွင် အပ်ငွေစာရင်း၌ တစ်လစာပျှမ်းမျှအပ်ငွေ သိန်း ၂၀ ရှိပါက တိုးတက်လာသော ပျမ်းမျှအပ်ငွေ ၁၀ သိန်းအတွက် Lucky Draw ကံစမ်းမဲတစ်စောင်ရရှိမည်ဖြစ်ပြီး ဖေဖော်ဝါရီလကုန်အတွက် Lucky Draw အစောင်ရေတွက်ရာတွင် အရှေ့ ဇန်နဝါရီလ၏ ပျမ်းမျှအပ်ငွေ၊ မတ်လအတွက် အရှေ့ ဖေဖော်ဝါရီလတို့၏ ပျမ်းမျှအပ်ငွေများနှင့် တွက်ချက်သွားမည်ဖြစ်ပါသည်။

ယခု အစီအစဥ်ကို ဇန်နဝါရီလ (၁) ရက်နေ့မှ မတ်လ (၃၁) ရက် ၂၀၂၄ အထိ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

လစဥ်စုဆောင်းထားတဲ့ငွေများအတွက် အတိုးနှုန်းများကို ဝေဝေဆာဆာရရှိမယ့်အပြင် ကမ္ဘောဇဘဏ်ရဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာဆုမဲများကို ရွှေရောင်နှစ်သစ်မှာရရှိဖို့ အခုပဲ စုငွေများကို အပ်နှံဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။