ရက်ချိန်းယူစရာမလိုဘဲ တိုးချဲ့သတ်မှတ်ထားသောဘဏ်ခွဲများတွင် ငွေစာရင်းအကောင့်အသစ်မှ လွယ်ကူစွာငွေသားထုတ်ယူနိုင်ပါပြီ

လေးစားအပ်ပါသော ကမ္ဘောဇဘဏ် customer များ

ကမ္ဘောဇဘဏ်၏ နိုင်ငံအနှံ့ရှိ ကြီးမားသော ဘဏ်ခွဲကွန်ရက်ကြောင့် ငွေစာရင်းအကောင့်သစ် customers များအနေဖြင့် ငွေသားအပ်နှံခြင်း နှင့် ငွေသားထုတ်ယူခြင်းတို့အား ကမ္ဘောဇဘဏ်၏ဘဏ်ခွဲများတွင် လွယ်ကူလျှင်မြန်စွာ ပြုလုပ်နိုင်ပါပြီဖြစ်ပါသည်။

ငွေစာရင်းအကောင့်သစ်သို့ ငွေသားထည့်သွင်းခြင်းအား ဖွင့်လှစ်ထားသော ဘဏ်ခွဲများအားလုံး တွင်ပြုလုပ်နိုင်ပါသည်။
ကမ္ဘောဇဘဏ်သည်  customer များအဆင်ပြေစေရန်အတွက် ရက်ချိန်းယူစရာမလိုပဲ ငွေစာရင်းအကောင့်သစ်မှ အဆင်ပြေလွယ်ကူစွာ ငွေသားထုတ်ယူနိုင်ရန် ဘဏ်ခွဲပေါင်း ၂၀၁ ကျော်ကို တိုးချဲ့သတ်မှတ်ထားရှိပြီးဖြစ်ပါသည်။ Customer များအနေဖြင့် နီးစပ်ရာဘဏ်ခွဲတွင် ထုတ်ယူလိုသောပမာဏအလိုက် ငွေသားထုတ်ယူနိုင်မှာဖြစ်ပြီး ငွေသားထုတ်ယူရန် သတ်မှတ်ထားသော ဘဏ်ခွဲများစာရင်းကိုသိရှိလိုပါက ဤလင့်ခ် တွင်ကြည့်ရှုနိုင်ပါသည်။

အသေးစိတ်သိရှိလိုပါက KBZ Bank Call Center နံပါတ် 09951018555 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

*** ငွေစာရင်းအကောင့်နှင့်ပတ်သက်သည့် အချက်အလက်များနှင့် အစီအစဉ်များကို မည်သည့်အချိန်၌မဆို ပြင်ဆင်ရန် (သို့မဟုတ်) ဖြည့်စွက်ရန် ကမ္ဘောဇဘဏ်တွင် အခွင့်အာဏာရှိပါသည်။ ဘဏ်သည် ပြင်ဆင်သည့် စည်းကမ်းချက်များအား ဘဏ်၏ Website တွင် ထုတ်ပြန်ခြင်း (သို့မဟုတ်) ဘဏ်မှသင့်တော်သည့် အခြားနည်းလမ်းတစ်ခုခုဖြင့်ဖြစ်စေ ဆက်သွယ်အကြောင်းကြားနိုင်သည်။ Website ပေါ်တွင် ထုတ်ပြန်သည့် ပြင်ဆင်ချက်များအပါအဝင် အဆိုပါစည်းကမ်းချက်များကို ပုံမှန်စစ်ဆေးရန် ငွေအပ်နှံသူတွင် တာဝန်ရှိပါသည်။