လွယ်ကူစွာ ငွေသားထုတ်ယူနိုင်သည့် ကမ္ဘောဇဘဏ်၏ ငွေစာရင်းအကောင့်အသစ်_ ငွေစုဘဏ်အပ်ငွေစာရင်း၊ ခေါ်ယူအပ်ငွေစာရင်းနှင့် စာရင်းရှင်အပ်ငွေစာရင်း
ကမ္ဘောဇဘဏ်မှ လူကြီးမင်းတို့၏ ငွေကြေးကို အဆင်ပြေလွယ်ကူစွာ စီမံခန့်ခွဲနိုင်ရန် နှင့် အပ်နှံထားသည့် ပမာဏအတိုင်း သတ်မှတ်ချက်မရှိပဲ လွယ်ကူစွာငွေ ထုတ်ယူနိုင်မည့် ငွေစာရင်းအကောင့်အသစ် အားမိတ်ဆက်ပေးလိုက်ပြီဖြစ်ပါသည်။ ငွေစာရင်းအကောင့် ဖွင့်ရာတွင် အတိုးနှုန်း သိန်း ၁၀,၀၀၀ နှင့်အထက် ၁၀%၊ သိန်း ၃,၀၀၀ မှ သိန်း ၁၀,၀၀၀ အောက် ၉%၊ သိန်း ၃,၀၀၀ အောက် ၈% ရရှိနိုင်သော ငွေစုဘဏ်အပ်ငွေစာရင်း၊၊ အတိုးနှုန်း သိန်း ၃၀,၀၀၀ နှင့်အထက် ၈%၊ သိန်း ၁၀,၀၀၀ မှ သိန်း ၃၀,၀၀၀ အောက် ၇%၊ သိန်း ၃,၀၀၀ မှ သိန်း ၁၀,၀၀၀ အောက် ၆.၅%၊ သိန်း ၃,၀၀၀ အောက် ၆% ရရှိနိုင်သော ခေါ်ယူအပ်ငွေစာရင်း (*အတိုးနှုန်း စက်တင်ဘာလ ၁ ရက်၊ ၂၀၂၄ မှ စတင်၍ အကျုံးဝင်ပါသည်)နှင့် စာရင်းရှင်အပ်ငွေစာရင်း သုံးမျိုးလုံးအား ဖွင့်လှစ်နိုင်မှာဖြစ်ပါသည်။ စာရင်းဖွင့်ရန် စတင်အပ်နှံငွေအား ငွေသားဖြင့်သာထည့်သွင်းနိုင်ပြီး ငွေသားအပ်နှံမှုများကို မြန်မာတစ်နိုင်ငံလုံးရှိ မည်သည့်ဘဏ်ခွဲတွင်မဆို ပြုလုပ်နိုင်ပါသည်။
ငွေစာရင်းအကောင့်ဖွင့်ရန် လျှောက်ထားနိုင်မည့်သူများမှာ
- စီးပွါးရေးလုပ်ငန်းများ ( DICA နှင့် Non-DICA)
- အဖွဲ့အစည်းများ (NGO, INGO နှင့် တက္ကသိုလ်များ)
- လူပုဂ္ဂိုလ်တစ်ဦးချင်း – မြန်မာနိုင်ငံသားများ နှင့် မြန်မာနိုင်ငံတွင် တရားဝင်ဗီဇာဖြင့်နေထိုင်သော နိုင်ငံခြားသားများ
ငွေစာရင်းအကောင့်-ငွေစုဘဏ်အပ်ငွေစာရင်း၏ ရရှိနိုင်သည့်အကျိုးကျေးဇူးများမှာ
- တစ်နှစ်လျှင် အတိုးနှုန်း သိန်း ၁၀,၀၀၀ နှင့်အထက် ၁၀%၊ သိန်း ၃,၀၀၀ မှ သိန်း ၁၀,၀၀၀ အောက် ၉%၊ သိန်း ၃,၀၀၀ အောက် ၈%
(*စက်တင်ဘာလ ၁ ရက်၊ ၂၀၂၄ မှ စတင်၍ အကျုံးဝင်ပါသည်) - တံဆိပ်တုံးရိုက်နှိတ်ထားသော အထူး သတ်မှတ်ထားသည့် ဘဏ်စာအုပ်
- လူကြီးမင်း၏ ငွေကြေးကို ဘဏ်သို့သွားရောက်ရန်မလိုအပ်ပဲ ဒီဂျစ်တယ်နည်းလမ်းမှတဆင့် စီမံနိုင်စေရန် KBZ mBanking အား ဖွင့်လှစ်ပေးခြင်း
ငွေစာရင်းအကောင့်- ခေါ်ယူအပ်ငွေစာရင်း၏ ရရှိနိုင်သည့် အကျိုးကျေးဇူးများမှာ
- အတိုးနှုန်း သိန်း ၃၀,၀၀၀ နှင့်အထက် ၈%၊ သိန်း ၁၀,၀၀၀ မှ သိန်း ၃၀,၀၀၀ အောက် ၇%၊ သိန်း ၃,၀၀၀ မှ သိန်း ၁၀,၀၀၀ အောက် ၆.၅%၊ သိန်း ၃,၀၀၀ အောက် ၆% *စက်တင်ဘာလ ၁ ရက်၊ ၂၀၂၄ မှ စတင်၍ အကျုံးဝင်ပါသည်။
- အထူး သတ်မှတ်ထားသည့် ဘဏ်စာအုပ်
- လူကြီးမင်း၏ ငွေကြေးကို ဘဏ်သို့သွားရောက်ရန်မလိုအပ်ပဲ ဒီဂျစ်တယ်နည်းလမ်းမှတဆင့် စီမံနိုင်စေရန် Corporate iBanking နှင့် mBanking အား ဖွင့်လှစ်ပေးခြင်း။
ငွေစာရင်းအကောင့် – စာရင်းရှင်အပ်ငွေစာရင်း၏ ရရှိနိုင်တဲ့ အကျိုးကျေးဇူးများမှာ
- အပ်ငွေထည့်သွင်းလိုက်သည့် ပမာဏအလိုက် ကန့်သတ်ချက်မရှိ ငွေသားပြန်လည်ထုတ်ယူနိုင်ခြင်း(အနည်းဆုံး လက်ကျန်ငွေအားစာရင်းထဲတွင် ထိန်းသိမ်းထားရန်လိုအပ်ပါသည်။)
- စာရင်းရှင်အပ်ငွေစာရင်းအကောင့်အသစ်မှ အခြားကမ္ဘောဇဘဏ်အကောင့်များကို အခမဲ့ ငွေလွှဲပြောင်းနိုင်ခြင်း
- မြန်မာတစ်နိုင်ငံလုံးရှိ ကမ္ဘောဇဘဏ်ခွဲတိုင်းတွင် ငွေသားမလိုသည့် debit transaction များအား ပြုလုပ်နိုင်ခြင်း
- Business Debit နဲ့ MPU ကတ်တို့အား အခမဲ့ထုတ်ပေးခြင်း
- လူကြီးမင်း၏ ငွေကြေးကို ဘဏ်သို့သွားရောက်ရန်မလိုအပ်ပဲ ဒီဂျစ်တယ်နည်းလမ်းမှတဆင့် စီမံနိုင်စေရန် Corporate iBanking နှင့် mBanking အား ဖွင့်လှစ်ပေးခြင်း
ငွေစာရင်းအကောင့် – ငွေစုဘဏ်အပ်ငွေစာရင်း၊ ခေါ်ယူအပ်ငွေစာရင်း နှင့် စာရင်းရှင်အပ်ငွေစာရင်း ဖွင့်ရာတွင် လိုအပ်သည့် စတင်အပ်နှံငွေနှင့် အနည်းဆုံးလက်ကျန်ငွေတို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
စာရင်းအမျိုးအစား | စတင်အပ်နှံငွေ | အနည်းဆုံးလက်ကျန်ငွေ |
ငွေစုဘဏ်အပ်ငွေစာရင်း (လူပုဂ္ဂိုလ်တစ်ဦးချင်း/ပူးတွဲ) | ၁၀,၀၀၀ ကျပ် | ၁၀,၀၀၀ ကျပ် |
စာရင်းရှင်အပ်ငွေစာရင်း (လူပုဂ္ဂိုလ်တစ်ဦးချင်း/ပူးတွဲ) | ၁၀,၀၀၀ ကျပ် | ၁၀,၀၀၀ ကျပ် |
စာရင်းရှင်အပ်ငွေစာရင်း (စီးပွါးရေးလုပ်ငန်းများ) | ၁၀၀,၀၀၀ ကျပ် | ၁၀၀,၀၀၀ ကျပ် |
ခေါ်ယူအပ်ငွေစာရင်း (လူပုဂ္ဂိုလ်တစ်ဦးချင်း/ပူးတွဲ) | ၁၀,၀၀၀ ကျပ် | ၁၀,၀၀၀ ကျပ် |
ခေါ်ယူအပ်ငွေစာရင်း (စီးပွါးရေးလုပ်ငန်းများ) | ၁၀၀,၀၀၀ ကျပ် | ၁၀၀,၀၀၀ ကျပ် |
ငွေစာရင်းအကောင့်-ငွေစုဘဏ်အပ်ငွေစာရင်း၏ ငွေသားထုတ်ယူနိုင်သော ဘဏ်ခွဲများ
ငွေစာရင်းအကောင့်သစ်:ခေါ်ယူအပ်ငွေစာရင်း နှင့် စာရင်းရှင်အပ်ငွေစာရင်း နှင့် ပတ်သတ်သည့် အသေးစိတ်အကြောင်းအရာများကို ပိုမိုသိရှိရန်
■ အထွေထွေ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ
ငွေစာရင်းအကောင့်သစ်_ငွေစုဘဏ်အပ်ငွေစာရင်း နှင့် ပတ်သတ်သည့် အသေးစိတ်အကြောင်းအရာများကို ပိုမိုသိရှိရန်
■ အထွေထွေ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ
အသေးစိတ်သိရှိလိုပါက ၀၉ ၉၅၁၀၁၈၅၅၅ (သို့) ၈၅၅၅ သို့ စုံစမ်းမေးမြန်းနိုင်ပါသည်။