ကမ္ဘောဇဘဏ် စာရင်းသေအပ်ငွေစာရင်းများ၏ တိုးမြှင့်လိုက်သော အတိုးနှုန်းများ

လေးစားအပ်ပါသော ကမ္ဘောဇဘဏ်သုံးစွဲသူ ပြည်သူများ

ကမ္ဘောဇဘဏ်မှ ၂၀၂၂ခုနှစ် ဇန်နဝါရီလ ၆ရက်နေ့မှစ၍ တိုးမြှင့်လိုက်သော စားရင်းသေအပ်ငွေစာရင်း၏ အတိုးနှုန်းအသစ်များကို customer များ ခံစားရယူနိုင်ပြီဖြစ်ပါသည်။

Normal Fixed Deposit Account
Tenor of Fixed DepositNew Interest RateOld Interest Rate
(180) Days8.20% p.a6.60% p.a
(270) Days8.30%  p.a6.75% p.a
(360) Days8.50% p.a7.25% p.a
Special Cash Fixed Deposit Account
Tenor of Fixed DepositNew Interest RateOld Interest Rate
(30) Days8.75% p.a8.50% p.a

Customer များအနေဖြင့် ကမ္ဘောဇဘဏ် စာရင်းသေအပ်ငွေစာရင်းအား ကိုယ်ပိုင်အကောင့် (သို့) လုပ်ငန်းသုံးအကောင့် စသည်ဖြင့် ကမ္ဘောဇဘဏ်ခွဲတိုင်းတွင်  မှတ်ပုံတင်နှင့်တစ်ကွ ဖွင့်လှစ်နိုင်ပြီဖြစ်ပါသည်။ ပုံမှန်စာရင်းသေအပ်ငွေစာရင်း ဖွင့်လှစ်ရာတွင် စာရင်းသေအပ်ငွေစာရင်းသို့ ထည့်သွင်းမည့် အပ်နှံငွေအား ကမ္ဘောဇဘဏ်အကောင့်မှ လွှဲပြောင်းခြင်းဖြစ်စေ၊ ချက်လက်မှတ်ဖြင့် ဖြစ်စေ၊ ငွေသားဖြင့်ဖြစ်စေ အပ်နှံနိုင်ပြီး အထူးငွေသားစာရင်းသေအပ်ငွေစာရင်းအတွက် ငွေသားအပ်နှံငွေလိုအပ်ပါသည်။

ဇန်နဝါရီလ ၆ရက်နေ့ နှင့် နောက်ပိုင်းတွင် သက်တမ်းပြည့်၍ ပြုလုပ်ထားသော ရက်(၁၈၀)၊ ရက် (270) နှင့် ရက် (၃၆၀) ပုံမှန်စာရင်းသေအပ်ငွေစာရင်များနှင့် ရက်(၃၀) အထူးငွေသားစာရင်းသေအပ်ငွေစာရင်းများသည် တိုးမြှင့်လိုက်သော အတိုးနှုန်းအသစ်အား ရရှိခံစားနိုင်မည်ဖြစ်ပါသည်။

***အတိုးနှုန်းအား မည်သည့်အချိန်၌မဆို ပြင်ဆင်ရန် (သို့မဟုတ်) ဖြည့်စွက်ရန် ကမ္ဘောဇဘဏ်တွင် အခွင့်အာဏာရှိပါသည်။ ဘဏ်သည် ပြင်ဆင်သည့် စည်းကမ်းချက်များအား ဘဏ်၏ Website တွင် ထုတ်ပြန်ခြင်း (သို့မဟုတ်) ဘဏ်မှသင့်တော်သည့် အခြားနည်းလမ်းတစ်ခုခုဖြင့်ဖြစ်စေ ဆက်သွယ်အကြောင်းကြားနိုင်သည်။ Website ပေါ်တွင် ထုတ်ပြန်သည့် ပြင်ဆင်ချက်များအပါအဝင် အဆိုပါစည်းကမ်းချက်များကို ပုံမှန်စစ်ဆေးရန် ငွေအပ်နှံသူတွင် တာဝန်ရှိပါသည်။