KBZ mBanking  နဲ့  ကမ္ဘောဇဘဏ်အကောင့်အချင်းချင်း ငွေလွှဲပြီး ၁သိန်းကျပ်ငွေသားဆုများ ကံထူးလိုက်ပါ

KBZ mBanking အသုံးပြုသူများအနေနဲ့ ငွေသား ၁သိန်းကံထူးနိုင်တာကို သိပြီးပြီလား?

KBZ mBanking အသုံးပြုသူတစ်ယောက်စီတိုင်း KBZ mBanking မှာရှိတဲ့ “Transfer Other” feature ကိုအသုံးပြုပြီး ကမ္ဘောဇဘဏ်အကောင့်အချင်းချင်းသို့ ၂၄နာရီ ပိတ်ရက်မရှိငွေလွှဲပြီး ငွေသားကံစမ်းနိုင်မယ့် အခွင့်အရေးကိုရရှိနိုင်မှာပါ။ အစီအစဉ် ကာလကတော့ ဩဂုတ်လ ၁၈ ရက်ကနေ စက်တင်ဘာလ ၁ ရက်နေ့အထိ ဖြစ်ပြီး  ပါဝင်သူများထဲမှ ကံထူးရှင်များကို ရွေးချယ်သွားမှာဖြစ်လို့  KBZ mBanking ရဲ့ “Transfer Other” feature နဲ့ ငွေလွှဲလိုက်ပါ။ 

တိကျသေချာတဲ့ငွေလွှဲမှုဖြစ်ဖို့နဲ့ များပြားတဲ့ငွေပမာဏကို “Transfer Other” features ကတဆင့်လွှဲတော့မယ်ဆိုရင် ပထမဦးစွာ Beneficiary Account ကိုထည့်သွင်းဖို့လိုပါတယ်။ အဲ့ဒီအတွက် Beneficiary Account ပြုလုပ်ပုံလေးကိုလည်းဖော်ပြပေးလိုက်ရပါတယ်။

အဆင့် ၁ – KBZ mbanking Home Menu မှာရှိတဲ့ “Beneficiary Maintenance” ကိုနှိပ်ပြီး “Internal” ကိုရွေးချယ်ပါ။

အဆင့် ၂ – Beneficiary Account စတင်သတ်မှတ်ဖို့ “+” icon လေးကိုနှိပ်ပါ။

အဆင့် ၃ – “Beneficiary Info” ပေါ်လာတဲ့အခါ ငွေလက်ခံသူအတွက် နာမည်အတိုကောက်ကို စတင်ထည့်သွင်းပေးဖို့လိုအပ်ပါတယ်။ 

အဆင့် ၄ – ထို့နောက် ဘဏ်အကောင့်နံပါတ် ထည့်သွင်းပြီး ဘေးက အမှန်ခြစ်လေးနှိပ်လိုက်တာနဲ့ ဘဏ်အကောင့်အသုံးပြုသူအမည် အလိုအလျောက်ပေါ်လာမှာ ဖြစ်ပါတယ်။ အထက်ပါအချက်အလက်များဖြည့်သွင်းပြီးတဲ့အခါ ထပ်မံစစ်ဆေးပြီး “Submit” ကိုနှိပ်ပါ။

အဆင့် ၅ –  နောက်ဆုံးအဆင့်အနေနဲ့ Beneficiary Account ကို Verification ပြုလုပ်ရန် SMS သို့ပေးပို့လာတဲ့ OTP code ကိုထည့်သွင်းလိုက်ပါ။

အထက်ပါနည်းလမ်းအတိုင်း လွယ်လွယ်ကူကူနဲ့ Beneficiary Account တစ်ခုကို အချိန်တိုအတွင်း ပြုလုပ်နိုင်မှာပဲဖြစ်ပါတယ်။

ယခုအစီအစဉ်အကြောင်း အသေးစိတ်ထပ်မံသိရှိလိုပါက KBZ Bank Call Center: 09951018555 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။ 

စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များ ပါဝင်ပါသည်။